Property Expo
×

လက္ရွိ ရာသီဥတုအေျခအေနအရ air-con ဟာ မျဖစ္မေန လုိအပ္ခ်က္တစ္ခု ျဖစ္ပါတယ္။ ဇူလုိင္၊ ၾသဂုတ္လုိ လေတြမွာေတာင္ ရာသီဥတု အလြန္ပူေႏြးျပီး စုိုထုိင္းထုိင္းျဖစ္ေနပါတယ္။ ေလေအးေပးစက္ တပ္ထားတဲ့ လုပ္ငန္းခြင္က ဝန္ထမ္းေတြဆီ ၾကားေနက်စကားက ေလေအးေပးစက္ ၁၆ ဒီဂရီ အပူခ်ိန္အထိ ခ်ထားေပးဖုိ႔ ေတာင္းဆုိမႈပဲ ျဖစ္ပါတယ္။ ဒါက air-con တပ္ဆင္ထားတဲ့ အိမ္  ေတြမွာ ၾကားေနက် စကားလည္း ျဖစ္ပါတယ္။

ဒါေပမယ့္တစ္ဆက္တည္းလကုန္လုိ႔မီတာခအရမ္းတက္ေနတာ ေတြ႔အျပီးမွာေတာ့ ေနာင္တေတြ
ရၾကျပန္ပါတယ္။ တခါတေလ မီးအရမ္းစားလုိ႔ ေလေအးေပးစက္ ပိတ္ထားျပီး ျပင္ပအပူခ်ိန္နဲ႔ တလွည့္ေနဖုိ႔ လုိအပ္တဲ့အခ်ိန္ေတြ ရိွပါတယ္။ အခုခ်ိန္ကစျပီး ရုိးစင္းေလေအးေပးစက္ဆိုင္ရာ နည္းလမ္းတစ္ခုနဲ႔ ဒီျပသနာကို ေက်ာ္လႊားႏုိင္ပါတယ္။

အရင္ဦးဆုံးအေနနဲ႔ AC အပူခ်ိန္ကို 16 သုိ႔ ဆင္းေပးစရာမလုိအပ္ပါဘူး။ ေအးေနေအာင္ AC အပူခ်ိန္ကို ကြ်ႏု္ပ္တုိ႔ အဆုံးစြန္ထိ ေလွွ်ာ့ခ်ၾကပါတယ္။ ဒါ သဘာဝက်ေပမယ့္ အေျခအျမစ္မရိွတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ တကယ္ေတာ့ အပူခ်ိန္ ၁၆ ဒီဂရီထိ ေလွ်ာ့ခ်စရာ မလုိပါဘူး။ ၂၃-၂၄ မွာ ထားပါ။

Air-con တစ္လုံးရဲ႕ လုပ္ေဆာင္ခ်က္ ေနာက္ကြယ္က စိတ္ဝင္စားစရာအခ်က္ေတြက…

- မီးအားစားသုံးမႈက ေလေအးစက္မွ compressor အလုပ္လုပ္မႈပမာဏေပၚ မူတည္ပါတယ္။

- အပူခ်ိန္ ၂၄ သုိ႔မဟုတ္ ၁၆ တစ္ခုုခု ခ်ိန္ညွိထားရင္ compressor မွ အလုပ္လုပ္မႈပမာဏက အတူတူပင္ ျဖစ္ပါတယ္။

- အပူခ်ိန္က အခန္းအပူခ်ိန္ေရာက္တဲ့အခါ compressor အလုိအေလ်ာက္ ရပ္သြားပါတယ္။

- အပူခ်ိန္က အခန္းအပူခ်ိန္ေက်ာ္လြန္တဲ့အခါ ျပန္ပြင့္သြားပါတယ္။

- ဒါေပမယ့္ ပန္ကာက ဆက္လက္လည္ပတ္ေနပါတယ္။

- လူ႔ခႏၶာကိုယ္က အခန္းအပူခ်ိန္မွာ သက္ေတာင့္သက္သာ ရိွပါတယ္။ ဒါေၾကာင့္ အပူခ်ိန္ကို ၂၃-၂၄ မွာ ထားပါ။

- ဒါက အျမဲဖြင့္လုိက္၊ ပိတ္လုိက္မျဖစ္ေအာင္ ကာကြယ္ေပးျပီး မီးအားစားတာကို သက္သာေစပါတယ္။

ဒီေတာ့ အခုခ်ိန္ကစျပီး ဒီနည္းနဲ႔ ေအးလည္းေအး၊ မီးအားလည္း ေခြ်တာႏုိင္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
လက်ရှိ ရာသီဥတုအခြေအနေအရ air-con ဟာ မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဇူလိုင်၊ သြဂုတ်လို လတွေမှာတောင် ရာသီဥတု အလွန်ပူနွေးပြီး စိုထိုင်းထိုင်းဖြစ်နေပါတယ်။ လေအေးပေးစက် တပ်ထားတဲ့ လုပ်ငန်းခွင်က ဝန်ထမ်းတွေဆီ ကြားနေကျစကားက လေအေးပေးစက် ၁၆ ဒီဂရီ အပူချိန်အထိ ချထားပေးဖို့ တောင်းဆိုမှုပဲ ဖြစ်ပါတယ်။ ဒါက air-con တပ်ဆင်ထားတဲ့ အိမ်တွေမှာ ကြားနေကျ စကားလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဆက်တည်း လကုန်လို့ မီတာခ အရမ်းတက်နေတာ တွေ့အပြီးမှာတော့ နောင်တတွေရကြပြန်ပါတယ်။ တခါတလေ မီးအရမ်းစားလို့ လေအေးပေးစက် ပိတ်ထားပြီး ပြင်ပအပူချိန်နဲ့ တလှည့်နေဖို့ လိုအပ်တဲ့အချိန်တွေ ရှိပါတယ်။ အခုချိန်ကစပြီး ရိုးစင်းလေအေးပေးစက်ဆိုင်ရာ နည်းလမ်းတစ်ခုနဲ့ ဒီပြသနာကို ကျော်လွှားနိုင်ပါတယ်။

အရင်ဦးဆုံးအနေနဲ့ AC အပူချိန်ကို 16 သို့ ဆင်းပေးစရာမလိုအပ်ပါဘူး။ အေးနေအောင် AC အပူချိန်ကို ကျွနု်ပ်တို့ အဆုံးစွန်ထိ လှျှော့ချကြပါတယ်။ ဒါ သဘာဝကျပေမယ့် အခြေအမြစ်မရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ အပူချိန် ၁၆ ဒီဂရီထိ လျှော့ချစရာ မလိုပါဘူး။ ၂၃-၂၄ မှာ ထားပါ။

Air-con တစ်လုံးရဲ့ လုပ်ဆောင်ချက် နောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေက…

- မီးအားစားသုံးမှုက လေအေးစက်မှ compressor အလုပ်လုပ်မှုပမာဏပေါ် မူတည်ပါတယ်။

- အပူချိန် ၂၄ သို့မဟုတ် ၁၆ တစ်ခုုခု ချိန်ညှိထားရင် compressor မှ အလုပ်လုပ်မှုပမာဏက အတူတူပင် ဖြစ်ပါတယ်။

- အပူချိန်က အခန်းအပူချိန်ရောက်တဲ့အခါ compressor အလိုအလျောက် ရပ်သွားပါတယ်။

- အပူချိန်က အခန်းအပူချိန်ကျော်လွန်တဲ့အခါ ပြန်ပွင့်သွားပါတယ်။

- ဒါပေမယ့် ပန်ကာက ဆက်လက်လည်ပတ်နေပါတယ်။

- လူ့ခန္ဓာကိုယ်က အခန်းအပူချိန်မှာ သက်တောင့်သက်သာ ရှိပါတယ်။ ဒါကြောင့် အပူချိန်ကို ၂၃-၂၄ မှာ ထားပါ။

- ဒါက အမြဲဖွင့်လိုက်၊ ပိတ်လိုက်မဖြစ်အောင် ကာကွယ်ပေးပြီး မီးအားစားတာကို သက်သာစေပါတယ်။

ဒီတော့ အခုချိန်ကစပြီး ဒီနည်းနဲ့ အေးလည်းအေး၊ မီးအားလည်း ချွေတာနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top