Property Expo
×

သ႐ုပ္ေဆာင္မင္းသား Ahn Jae-wook သည္ ကိုရီးယား ၾကက္ေျခနီအသင္း၏ ျပည္သူ႔ဆက္ဆံေရးသံတမန္အျဖစ္ခန္႔အပ္ျခင္းခံခဲ့ရသည္ဟု ႏိုဝင္ဘာလ (7) ရက္ေန႔တြင္ ေအဂ်င္စီက ေျပာၾကားသည္။

အသက္ (45) ႏွစ္အ႐ြယ္႐ွိ ယင္းအဆိုေတာ္-သ႐ုပ္ေဆာင္သည္ ကမာၻအႏွံံ႔တြင္ ေခတ္စားေနေသာ ကိုရီးယားေပါ့ပ္ယဥ္ေက်းမႈ "hallyu" ကိုစတင္ခဲ့သည့္ ေတာင္ကိုရီးယားနာမည္ႀကီးသ႐ုပ္ေဆာင္ မ်ား၏ ပထမဦးဆံုးမ်ိဳးဆက္ျဖစ္သည္။ ယခုႏွစ္အေစာပိုင္းတြင္ ၎သည္ KBS ႐ုပ္သံဒရာမာ ဇာတ္လမ္းတြဲ "Five Children" တြင္ ကေလးႏွစ္ဦး၏ဖခင္ မုဆိုးဖိုတစ္ဦးအျဖစ္ပါဝင္သ႐ုပ္ေဆာင္ ခဲ့သည္။

"Ahn ဟာ ျပည္တြင္းျပည္ပကေဘးအႏၱရာယ္က်ေရာက္ေနတဲ့ေဒသေတြရယ္ ေငြေရးေၾကးေရး နဲ႔စိတ္ပိုင္းဆိုင္ရာ ဖိစီးမႈဒဏ္ေတြကို ခံစားေနၾကရတဲ့ လူေတြအတြက္ပါ ကယ္ဆယ္ေရး၊ ေစတနာ့ဝန္ထမ္း လုပ္ငန္းေတြမွာ တစ္တက္တအား ပါဝင္ေဆာင္ရြက္သြားဖို႔ စီစဥ္ထားပါတယ္။" ဟု ထိုၾကက္ေျခနီအဖြဲ႕ အစည္းမွ ေျပာၾကားသည္။

စက္တင္ဘာလတြင္ အဆိုပါသ႐ုပ္ေဆာင္သည္ ၾကက္ေျခနီအသင္းသို႔ ကိုရီးယားေငြဝမ္သန္း (100) (အေမရိကန္ေဒၚလာ (87,500)) ႏွင့္အထက္လွဴဒါန္းခဲ့ေသာ ဂုဏ္ထူးေဆာင္ကလပ္အသင္း၏ တည္ ေထာင္သူအဖြဲ႕ဝင္တစ္ေယာက္ျဖစ္လာခဲ့သည္။ ၎သည္ ၿပီးခဲ့သည့္အပတ္တြင္ ေဘးအႏၱရာယ္ဆိုင္ ရာကယ္ဆယ္ေရးအဖြဲ႔သို႔ ဝမ္သန္း (30) လွဴဒါန္းခဲ့ၿပီး အမွန္တကယ္လိုအပ္ေနသည့္ေဒသမ်ားကို ကူညီေထာက္ပံံ့ေပးလိုေၾကာင္းေျပာၾကားခဲ့သည္။

Ahn သည္ သ႐ုပ္ေဆာင္ ေစတနာ့ဝန္ထမ္းအဖြဲ႕၏ တက္ႂကြစြာပါဝင္လႈပ္ရွားေနသည့္ အဖြဲ႕ဝင္တစ္ဦး လည္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lotaya

#Unicode Version


သရုပ်ဆောင်မင်းသား Ahn Jae-wook သည် ကိုရီးယား ကြက်ခြေနီအသင်း၏ ပြည်သူ့ဆက်ဆံရေးသံတမန်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်ဟု နိုဝင်ဘာလ (7) ရက်နေ့တွင် အေဂျင်စီက ပြောကြားသည်။

အသက် (45) နှစ်အရွယ်ရှိ ယင်းအဆိုတော်-သရုပ်ဆောင်သည် ကမ္ဘာအနှံံ့တွင် ခေတ်စားနေသော ကိုရီးယားပေါ့ပ်ယဉ်ကျေးမှု "hallyu" ကိုစတင်ခဲ့သည့် တောင်ကိုရီးယားနာမည်ကြီးသရုပ်ဆောင် များ၏ ပထမဦးဆုံးမျိုးဆက်ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် ၎င်းသည် KBS ရုပ်သံဒရာမာ ဇာတ်လမ်းတွဲ "Five Children" တွင် ကလေးနှစ်ဦး၏ဖခင် မုဆိုးဖိုတစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင် ခဲ့သည်။

"Ahn ဟာ ပြည်တွင်းပြည်ပကဘေးအန္တရာယ်ကျရောက်နေတဲ့ဒေသတွေရယ် ငွေရေးကြေးရေး နဲ့စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်တွေကို ခံစားနေကြရတဲ့ လူတွေအတွက်ပါ ကယ်ဆယ်ရေး၊ စေတနာ့ဝန်ထမ်း လုပ်ငန်းတွေမှာ တစ်တက်တအား ပါဝင်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။" ဟု ထိုကြက်ခြေနီအဖွဲ့ အစည်းမှ ပြောကြားသည်။

စက်တင်ဘာလတွင် အဆိုပါသရုပ်ဆောင်သည် ကြက်ခြေနီအသင်းသို့ ကိုရီးယားငွေဝမ်သန်း (100) (အမေရိကန်ဒေါ်လာ (87,500)) နှင့်အထက်လှူဒါန်းခဲ့သော ဂုဏ်ထူးဆောင်ကလပ်အသင်း၏ တည် ထောင်သူအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်အပတ်တွင် ဘေးအန္တရာယ်ဆိုင် ရာကယ်ဆယ်ရေးအဖွဲ့သို့ ဝမ်သန်း (30) လှူဒါန်းခဲ့ပြီး အမှန်တကယ်လိုအပ်နေသည့်ဒေသများကို ကူညီထောက်ပံံ့ပေးလိုကြောင်းပြောကြားခဲ့သည်။

Ahn သည် သရုပ်ဆောင် စေတနာ့ဝန်ထမ်းအဖွဲ့၏ တက်ကြွစွာပါဝင်လှုပ်ရှားနေသည့် အဖွဲ့ဝင်တစ်ဦး လည်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lotaya
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top