Property Expo
×

အရြယ္ေရာက္သူအခ်င္းခ်င္း အခ်ိန္းအခ်က္ ျပဳလုပ္ကာ ေတြ႕ဆုံႏုိင္ရန္ ေထာက္ပံ့ေပးေသာ Friend Finder Network ကုမၸဏီထံမွ သုံးစြဲသူမ်ား၏ account ၄၁၂ သန္းေက်ာ္ ေပါက္ၾကားခဲ့သည္။ ကုမၸဏီ၏ လုံၿခဳံေရး အားနည္းခ်က္ေၾကာင့္ account အားလုံး၏ password မ်ားေပါက္ၾကားခဲ့သလို ဖ်က္သိမ္းၿပီး account မ်ားလည္းပါဝင္လာသည္။

Friend Finder Network ပိုင္ဆုိင္ေသာ AdultFriendFinder ဝက္ဘ္ဆိုက္မွ account ၃၃၉ သန္း ေပါက္ၾကားခဲ့သည္။ ၎တို႔အနက္ account ၁၅ သန္းမွာ သုံးစြဲသူက ဖ်က္သိမ္းထားေသာ account မ်ားျဖစ္သည္။ Cams ဝက္ဘ္ဆိုက္မွ account ၆၂ သန္းႏွင့္ Penthouse.com မွ account ၇ သန္းအျပင္ Friend Finder Network ပိုင္ဆုိင္ေသာ အျခားအေသးစားလုပ္ငန္းမ်ားမွလည္း account ၁ သန္းခန္႔ အသီးသီး ခိုးယူခံခဲ့ရသည္။

ကုမၸဏီ၏ အႀကီးမားဆုံး ဝက္ဘ္ဆိုက္မ်ားမွ အခ်က္အလက္မ်ားမွာ ႏွစ္ႏွစ္ဆယ္စာရွိေၾကာင္း LeakedSource က ထုတ္ျပန္ခဲ့သည္။

Revolver ဟု အမည္ရေသာ လုံၿခဳံေရးသုေတသီက AdultFriendFinder ဆိုက္မွ အားနည္းခ်က္ကို ေဖာ္ျပခဲ့ၿပီးေနာက္ တစ္ခ်ိန္တည္းလိုပင္ တိုက္ခိုက္မႈ ျဖစ္ေပၚခဲ့သည္။ ဟက္ကာမ်ားအေနျဖင့္ web server တြင္ အႏၲရာယ္ရွိ code ကိုအသုံးျပဳ၍ အခ်က္အလက္မ်ားကို ေအာင္ျမင္စြာ ရယူခဲ့သည္။

ထိုတိုက္ခိုက္မႈကို မည္သူက ျပဳလုပ္ခဲ့ေၾကာင္း မသိရေသးေပ။ Revolver ကလည္း အခ်က္အလက္ေပါက္ၾကားမႈ ေနာက္ကြယ္တြင္၎မပါဝင္ေၾကာင္း ျငင္းဆုိထားခဲ့ၿပီး ေျမေအာက္႐ုရွား
ဟက္ကာ ဝက္ဘ္ဆိုက္ သုံးစြဲသူမ်ားအား ျပစ္တင္ေဝဖန္ထားသည္။

Friend Finder Networks တုိက္ခိုက္ခံမႈမွာ ဒုတိယအႀကိမ္ေျမာက္ျဖစ္သည္။ ၿပီးခဲ့သည့္ႏွစ္က ကယ္လီဖိုးနီးယားအေျခစိုက္ Friend Finder Network ႐ုံးႏွင့္ ဖေလာရီဒါရွိ ႐ုံးမ်ား တိုက္ခိုက္ခံခဲ့ရၿပီး သုံးစြဲသူ account ၄ သန္း၏ အခ်က္အလက္ ေပါက္ၾကားခဲ့သည္။ အဆိုပါေပါက္ၾကားမႈတြင္ လိင္မႈကိစၥစိတ္ဝင္စားမႈ၊ ေဖာက္ျပန္မႈႏွင့္ သက္ဆုိင္ေသာ အခ်က္အလက္မ်ား ပါဝင္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Internet Journal

#Unicode Version
အရွယ်ရောက်သူအချင်းချင်း အချိန်းအချက် ပြုလုပ်ကာ တွေ့ဆုံနိုင်ရန် ထောက်ပံ့ပေးသော Friend Finder Network ကုမ္ပဏီထံမှ သုံးစွဲသူများ၏ account ၄၁၂ သန်းကျော် ပေါက်ကြားခဲ့သည်။ ကုမ္ပဏီ၏ လုံခြုံရေး အားနည်းချက်ကြောင့် account အားလုံး၏ password များပေါက်ကြားခဲ့သလို ဖျက်သိမ်းပြီး account များလည်းပါဝင်လာသည်။


Friend Finder Network ပိုင်ဆိုင်သော AdultFriendFinder ဝက်ဘ်ဆိုက်မှ account ၃၃၉ သန်း ပေါက်ကြားခဲ့သည်။ ၎င်းတို့အနက် account ၁၅ သန်းမှာ သုံးစွဲသူက ဖျက်သိမ်းထားသော account များဖြစ်သည်။ Cams ဝက်ဘ်ဆိုက်မှ account ၆၂ သန်းနှင့် Penthouse.com မှ account ၇ သန်းအပြင် Friend Finder Network ပိုင်ဆိုင်သော အခြားအသေးစားလုပ်ငန်းများမှလည်း account ၁ သန်းခန့် အသီးသီး ခိုးယူခံခဲ့ရသည်။

ကုမ္ပဏီ၏ အကြီးမားဆုံး ဝက်ဘ်ဆိုက်များမှ အချက်အလက်များမှာ နှစ်နှစ်ဆယ်စာရှိကြောင်း LeakedSource က ထုတ်ပြန်ခဲ့သည်။

Revolver ဟု အမည်ရသော လုံခြုံရေးသုတေသီက AdultFriendFinder ဆိုက်မှ အားနည်းချက်ကို ဖော်ပြခဲ့ပြီးနောက် တစ်ချိန်တည်းလိုပင် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ ဟက်ကာများအနေဖြင့် web server တွင် အန္တရာယ်ရှိ code ကိုအသုံးပြု၍ အချက်အလက်များကို အောင်မြင်စွာ ရယူခဲ့သည်။

ထိုတိုက်ခိုက်မှုကို မည်သူက ပြုလုပ်ခဲ့ကြောင်း မသိရသေးပေ။ Revolver ကလည်း အချက်အလက်ပေါက်ကြားမှု နောက်ကွယ်တွင်၎င်းမပါဝင်ကြောင်း ငြင်းဆိုထားခဲ့ပြီး မြေအောက်ရုရှား

ဟက်ကာ ဝက်ဘ်ဆိုက် သုံးစွဲသူများအား ပြစ်တင်ဝေဖန်ထားသည်။

Friend Finder Networks တိုက်ခိုက်ခံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကယ်လီဖိုးနီးယားအခြေစိုက် Friend Finder Network ရုံးနှင့် ဖလောရီဒါရှိ ရုံးများ တိုက်ခိုက်ခံခဲ့ရပြီး သုံးစွဲသူ account ၄ သန်း၏ အချက်အလက် ပေါက်ကြားခဲ့သည်။ အဆိုပါပေါက်ကြားမှုတွင် လိင်မှုကိစ္စစိတ်ဝင်စားမှု၊ ဖောက်ပြန်မှုနှင့် သက်ဆိုင်သော အချက်အလက်များ ပါဝင်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Internet Journal


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top