Property Expo
×

Adele ဟာ ၿဗိတိန္ႏိုင္ငံရဲ ႔ ၀င္ေငြအေကာင္းဆံုး အသက္ ၃၀ ေအာက္ အႏုပညာရွင္ အျဖစ္ ၃ ႏွစ္ဆက္တိုက္ရပ္တည္ေနခဲ့တဲ့ One Direction အဖြဲ႔ရဲ ႔ စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး သရဖူ လႊဲေျပာင္းရယူလိုက္ပါၿပီ။ The All I Ask သီခ်င္းနဲ႔ ေအာင္ျမင္မႈရရွိေနတဲ့ အဆိုေတာ္မေလး Adele ဟာ ဒီႏွစ္မွာ ၀င္ေငြ စုစုေပါင္း စတာလင္ေပါင္ ၉၂ သန္း ခန္႔ထိ ရရွိခဲ့ၿပီး မႏွစ္က ရရွိခဲ့တဲ့ ၀င္ေငြ ထက္ ၂ ဆ မက ပိုမို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္တုန္းကေတာ့ Adele ဟာ ၀င္ေငြ စတာလင္ေပါင္ ၃၈.၁ သန္း ရရွိခဲ့ၿပီး ၿဗိတိန္ႏိုင္ငံရဲ ႔ ၀င္ေငြအေကာင္းဆံုး အသက္ ၃၀ ေအာက္ အႏုပညာရွင္ အေယာက္ ၃၀ စာရင္းထဲမွာေတာ့ နံပါတ္ ၄ ေနရာမွာ ရပ္တည္ခဲ့တာ ပဲ ျဖစ္ပါတယ္။ဒီႏွစ္အတြက္  ၿဗိတိန္ႏိုင္ငံရဲ ႔ ၀င္ေငြအေကာင္းဆံုး အသက္ ၃၀ ေအာက္ အႏုပညာရွင္ စာရင္းထဲမွာ နံပါတ္ ၂ ေနရာက ရပ္တည္ေနတာကေတာ့ Harry Potter ဇာတ္လမ္းရဲ ႔ အဓိက သရုပ္ေဆာင္ Daniel Radcliffe ျဖစ္ၿပီး ၀င္ေငြ စုစုေပါင္း စတာလင္ေပါင္ ၇၄ သန္း ခန္႔ ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ အဆိုေတာ္ Ed Sheeran ကေတာ့ အဲဒီ စာရင္းထဲမွာ ပထမဆံုး ပါ၀င္လာၿပီး နံပါတ္ ၃ ေနရာမွာ ၀င္ေငြ စတာလင္ေပါင္ ၄၅ သန္း နဲ႔ ရပ္တည္ေနပါတယ္။

One Direction အဖြဲ႔သားေတြကေတာ့ အဖြဲ႔လိုက္အေနနဲ႔ ရပ္တည္ျခင္း မရွိေတာ့ပဲ တစ္ေယာက္ခ်င္းစီအေနနဲ႔သာ ရပ္တည္ေနၾကတာကိုေတြ႔ရပါတယ္။ အဖြဲ႔၀င္ေဟာင္း Zayn Malik ကေတာ့ ၀င္ေငြ စတာလင္ေပါင္ ၃၈ သန္းနဲ႔ နံပါတ္ ၄ ေနရာမွာ ရပ္တည္ေနၿပီး သူ႔ရဲ ႔ အဖြဲ႔သားေဟာင္းေတြျဖစ္ၾကတဲ့ Harry Style က ၀င္ေငြ စတာလင္ေပါင္ ၃၇ သန္းနဲ႔ နံပါတ္ ၅ ၊ Liam Payne က ၀င္ေငြ စတာလင္ေပါင္ ၃၄ သန္းနဲ႔ နံပါတ္ ၇ ၊ Niall Horan ကေတာ့ စတာလင္ေပါင္ ၃၄ သန္းခန္႔ရွိတဲ့ ၀င္ေငြ နဲ႔ နံပါတ္ ၈ ၊ Louis Tomlinson ကေတာ့ စတာလင္ေပါင္ ၃၃ သန္းခန္႔ရွိတဲ့ ၀င္ေငြ နဲ႔ နံပါတ္ ၉ ေနရာေတြမွာ အသီးသီး ရပ္တည္ေနၾကပါတယ္။

Harry Potter ဇာတ္လမ္းေတြမွာ အဓိက မင္းသမီး ျဖစ္တဲ့ Emma Watson ကေတာ့ နံပါတ္ ၆ ေနရာမွာ ရပ္တည္ေနၿပီး ၀င္ေငြ စတာလင္ေပါင္ ၃၅.၇ သန္း ခန္႔ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

Adele ဟာ ဗြိတိန်နိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး အသက် ၃၀ အောက် အနုပညာရှင် အဖြစ် ၃ နှစ်ဆက်တိုက်ရပ်တည်နေခဲ့တဲ့ One Direction အဖွဲ့ရဲ့ စံချိန်ကို ချိုးဖျက်ပြီး သရဖူ လွှဲပြောင်းရယူလိုက်ပါပြီ။ The All I Ask သီချင်းနဲ့ အောင်မြင်မှုရရှိနေတဲ့ အဆိုတော်မလေး Adele ဟာ ဒီနှစ်မှာ ဝင်ငွေ စုစုပေါင်း စတာလင်ပေါင် ၉၂ သန်း ခန့်ထိ ရရှိခဲ့ပြီး မနှစ်က ရရှိခဲ့တဲ့ ဝင်ငွေ ထက် ၂ ဆ မက ပိုမို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ Adele ဟာ ဝင်ငွေ စတာလင်ပေါင် ၃၈.၁ သန်း ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး အသက် ၃၀ အောက် အနုပညာရှင် အယောက် ၃၀ စာရင်းထဲမှာတော့ နံပါတ် ၄ နေရာမှာ ရပ်တည်ခဲ့တာ ပဲ ဖြစ်ပါတယ်။ဒီနှစ်အတွက်  ဗြိတိန်နိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး အသက် ၃၀ အောက် အနုပညာရှင် စာရင်းထဲမှာ နံပါတ် ၂ နေရာက ရပ်တည်နေတာကတော့ Harry Potter ဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင် Daniel Radcliffe ဖြစ်ပြီး ဝင်ငွေ စုစုပေါင်း စတာလင်ပေါင် ၇၄ သန်း ခန့် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အဆိုတော် Ed Sheeran ကတော့ အဲဒီ စာရင်းထဲမှာ ပထမဆုံး ပါဝင်လာပြီး နံပါတ် ၃ နေရာမှာ ဝင်ငွေ စတာလင်ပေါင် ၄၅ သန်း နဲ့ ရပ်တည်နေပါတယ်။

One Direction အဖွဲ့သားတွေကတော့ အဖွဲ့လိုက်အနေနဲ့ ရပ်တည်ခြင်း မရှိတော့ပဲ တစ်ယောက်ချင်းစီအနေနဲ့သာ ရပ်တည်နေကြတာကိုတွေ့ရပါတယ်။ အဖွဲ့ဝင်ဟောင်း Zayn Malik ကတော့ ဝင်ငွေ စတာလင်ပေါင် ၃၈ သန်းနဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပြီး သူ့ရဲ့ အဖွဲ့သားဟောင်းတွေဖြစ်ကြတဲ့ Harry Style က ဝင်ငွေ စတာလင်ပေါင် ၃၇ သန်းနဲ့ နံပါတ် ၅ ၊ Liam Payne က ဝင်ငွေ စတာလင်ပေါင် ၃၄ သန်းနဲ့ နံပါတ် ၇ ၊ Niall Horan ကတော့ စတာလင်ပေါင် ၃၄ သန်းခန့်ရှိတဲ့ ဝင်ငွေ နဲ့ နံပါတ် ၈ ၊ Louis Tomlinson ကတော့ စတာလင်ပေါင် ၃၃ သန်းခန့်ရှိတဲ့ ဝင်ငွေ နဲ့ နံပါတ် ၉ နေရာတွေမှာ အသီးသီး ရပ်တည်နေကြပါတယ်။

Harry Potter ဇာတ်လမ်းတွေမှာ အဓိက မင်းသမီး ဖြစ်တဲ့ Emma Watson ကတော့ နံပါတ် ၆ နေရာမှာ ရပ်တည်နေပြီး ဝင်ငွေ စတာလင်ပေါင် ၃၅.၇ သန်း ခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top