Property Expo
×

အခ်စ္သီခ်င္း၊ အေဆြးသီခ်င္း အမိုက္စားေတြေၾကာင့္ ပရိသတ္ရဲ႕ အားေပးမႈကိုခံခဲ့ရတဲ့ ကမ႓ာေက်ာ္အဆုိေတာ္ Adele ဟာ သူမရဲ႕မိခင္ဘ၀ကို ဘယ္လိုခက္ခက္ခဲခဲ ရင္ဆုိင္ျဖတ္သန္းေနရေၾကာင္း Vanity Fair အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။ ခုလတ္တေလာ ခံစားေနရတာကေတာ့ ေနာက္ထပ္ ဒုတိယေျမာက္ရင္ေသြး ကိုယ္၀န္ေဆာင္ရမွာကိုပါပဲ။ သူမဟာ Angelo ကို ေမြးဖြားျပီးေနာက္ပိုင္း ပထမဆံုးကေလးေမြးဖြားျပီးခ်ိန္မွာ မိခင္ေတြ ခံစားရတဲ့ စိတ္က်ေရာဂါတစ္မ်ိဳဳးကို ခံစားခဲ့ရတာလုိ႕ ဆုိပါတယ္။

သူမေျပာသြားတာကေတာ့ အဲ့ဒီအခ်ိန္တုန္းက ဘယ္သူနဲ႕မွ စကားမေျပာခ်င္ပဲ စိတ္ထဲ ၀မ္းနည္းေနတဲ့ ခံစားခ်က္မ်ိဳး ခံစားေနရတာပါတဲ့။ "သားေလးေမြးျပီးတဲ့ေနာက္မွာ စိတ္က်ေရာဂါ စတင္ခံစားရေတာ့တာပါပဲ။ က်ြန္မေတာ့ ေတာ္ေတာ့္ကို ေၾကာက္ေနမိတယ္။ တစ္ရက္မွာ က်ြန္မသူငယ္ခ်င္းကို ရင္ဖြင့္မိတယ္။ ငါ ဒီအရာၾကီးကို အရမ္းမုန္းတယ္ဟာ ဆုိျပီး။ သူငယ္ခ်င္းကလညး္ ငိုျပီး ျပန္ေျပာတယ္။ ငါလည္း ဒီအရာၾကီးကို အရမ္းမုန္းတာပါပဲဆုိျပီး။ ဒီေတာ့ လူက ငါတစ္ေယာက္တည္း ဒါမ်ိဳးခံစားေနရတာ မဟုတ္ပါလားဆုိတဲ့အသိနဲ႕ နည္းနည္းေတာ့ စိတ္သက္သာရာ ရသြားတယ္"လုိ႕ သူမက ေျပာျပသြားပါတယ္။

တစ္ခါတစ္ေလမွာ ကေလးယူဖုိ႕ ဆံုးျဖတ္ခ်က္ခ်လိုက္တာ မွားမ်ားမွားသြားျပီလားေတာင္ ခံစားခဲ့ရတဲ့အထိ စိတ္က်ေ၀ဒနာ ခံစားရတဲ့အေၾကာင္းကိုလည္း "လူက စိတ္ေတြလြတ္လြတ္သြားျပီး  ဒီတစ္ပတ္လံုး ငါ တစ္ေယာက္တည္း လုပ္ခ်င္ရာလုပ္မယ္ဆိုျပီး ဆံုးျဖတ္ခဲ့မိတယ္။ သူငယ္ခ်င္းက ေမးတယ္။ တကယ္လား။ အဲ့ဒီအတြက္ ဆိုး၀ါးတဲ့ ခံစားခ်က္ မျဖစ္ဘူးလားေပါ့။ ဒီေတာ့ က်ြန္မျပန္ေျပာလိုက္တယ္။ မလုပ္ခဲ့မိရင္ ခံစားရမယ့္အရာက ပိုျပီးဆုိးမွာလို႕။ အဲ့ဒီအခ်ိန္ေတြတုန္းက ၀မ္းနည္းလြယ္တာလည္း အရမ္းပဲ" လို႕ ဆိုသြားပါတယ္။

လူတစ္ေယာက္ရဲ႕အေအာင္ျမင္ဆံုးအခ်ိန္မွာ ကေလးယူလိုက္တာဟာ ေတာ္ေတာ္ေလး သတၱိရွိရွိလုပ္ေဆာင္ရတဲ့ အလုပ္လို႕ထားသလားဆုိတာ သူမကို ေမးၾကည့္ျဖစ္ျပန္ေတာ့ "ကေလးမယူတာကမွ သတၱိအရွိဆံုးအရာလို႕ ထင္မိတယ္။ က်ြန္မဟာ အရြယ္ေရာက္ျပီးသား လူေတြ လုပ္ေလ့ရွိတဲ့ ကေလးယူတာကို ဖိအားသဖြယ္ခံစားေနရျပီ။ ခုလိုေျပာလုိ႕ က်ြန္မသားေလးကို မခ်စ္ဘူးလားလို႕ ေမးရင္ေတာ့ က်ြန္မျငင္းရမွာပဲ။ က်ြန္မသားေလးကို အရာအားလံုးထက္ ခ်စ္ပါတယ္။ ဒါေပမယ့္နိစၥဓူ၀လုပ္ေဆာင္ေနရတဲ့ အေျခခံအရာေတြကို ျပန္ၾကည့္လိုက္ရင္ က်ြန္မေလ တစ္မိနစ္ရရ၊ ႏွစ္မိနစ္ရရ က်ြန္မလုပ္ခ်င္တာေတြကိုပဲ လုပ္ပစ္ခ်င္ခဲ့မိတယ္။ ေန႕တုိင္း ဒီလိုခံစားခ်က္မ်ိဳးပဲ ခံစားေနခဲ့ရတာ"တဲ့။

ခုခ်ိန္မွာေတာ့ သူမဟာ သူမခ်စ္တဲ့ သားေလးနဲ႕ျပဳစုေစာင့္ေရွာက္ရင္း ေပ်ာ္ရႊင္စြာေနထုိင္ေနႏိုင္ပါျပီ။ သားကိုခ်စ္တဲ့ အခ်စ္ေတြနဲ႕ပဲ ဒီဆုိး၀ါးတဲ့ အေျခအေနေတြကို ေက်ာ္ျဖတ္ရင္း အားသစ္ေတြ ရလာခဲ့တာမုိ႕ အရင္တုန္းက ျဖစ္ခဲ့တာေတြကို ျပန္ေျပာႏိုင္တာျဖစ္ေၾကာင္း Adele က ဆုိသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

အချစ်သီချင်း၊ အဆွေးသီချင်း အမိုက်စားတွေကြောင့် ပရိသတ်ရဲ့ အားပေးမှုကိုခံခဲ့ရတဲ့ ကမ္ဘာကျော်အဆိုတော် Adele ဟာ သူမရဲ့မိခင်ဘဝကို ဘယ်လိုခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းနေရကြောင်း Vanity Fair အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ခုလတ်တလော ခံစားနေရတာကတော့ နောက်ထပ် ဒုတိယမြောက်ရင်သွေး ကိုယ်ဝန်ဆောင်ရမှာကိုပါပဲ။ သူမဟာ Angelo ကို မွေးဖွားပြီးနောက်ပိုင်း ပထမဆုံးကလေးမွေးဖွားပြီးချိန်မှာ မိခင်တွေ ခံစားရတဲ့ စိတ်ကျရောဂါတစ်မျိုုးကို ခံစားခဲ့ရတာလို့ ဆိုပါတယ်။

သူမပြောသွားတာကတော့ အဲ့ဒီအချိန်တုန်းက ဘယ်သူနဲ့မှ စကားမပြောချင်ပဲ စိတ်ထဲ ဝမ်းနည်းနေတဲ့ ခံစားချက်မျိုး ခံစားနေရတာပါတဲ့။ "သားလေးမွေးပြီးတဲ့နောက်မှာ စိတ်ကျရောဂါ စတင်ခံစားရတော့တာပါပဲ။ ကျွန်မတော့ တော်တော့်ကို ကြောက်နေမိတယ်။ တစ်ရက်မှာ ကျွန်မသူငယ်ချင်းကို ရင်ဖွင့်မိတယ်။ ငါ ဒီအရာကြီးကို အရမ်းမုန်းတယ်ဟာ ဆိုပြီး။ သူငယ်ချင်းကလည်း ငိုပြီး ပြန်ပြောတယ်။ ငါလည်း ဒီအရာကြီးကို အရမ်းမုန်းတာပါပဲဆိုပြီး။ ဒီတော့ လူက ငါတစ်ယောက်တည်း ဒါမျိုးခံစားနေရတာ မဟုတ်ပါလားဆိုတဲ့အသိနဲ့ နည်းနည်းတော့ စိတ်သက်သာရာ ရသွားတယ်"လို့ သူမက ပြောပြသွားပါတယ်။

တစ်ခါတစ်လေမှာ ကလေးယူဖို့ ဆုံးဖြတ်ချက်ချလိုက်တာ မှားများမှားသွားပြီလားတောင် ခံစားခဲ့ရတဲ့အထိ စိတ်ကျဝေဒနာ ခံစားရတဲ့အကြောင်းကိုလည်း "လူက စိတ်တွေလွတ်လွတ်သွားပြီး  ဒီတစ်ပတ်လုံး ငါ တစ်ယောက်တည်း လုပ်ချင်ရာလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့မိတယ်။ သူငယ်ချင်းက မေးတယ်။ တကယ်လား။ အဲ့ဒီအတွက် ဆိုးဝါးတဲ့ ခံစားချက် မဖြစ်ဘူးလားပေါ့။ ဒီတော့ ကျွန်မပြန်ပြောလိုက်တယ်။ မလုပ်ခဲ့မိရင် ခံစားရမယ့်အရာက ပိုပြီးဆိုးမှာလို့။ အဲ့ဒီအချိန်တွေတုန်းက ဝမ်းနည်းလွယ်တာလည်း အရမ်းပဲ" လို့ ဆိုသွားပါတယ်။

လူတစ်ယောက်ရဲ့အအောင်မြင်ဆုံးအချိန်မှာ ကလေးယူလိုက်တာဟာ တော်တော်လေး သတ္တိရှိရှိလုပ်ဆောင်ရတဲ့ အလုပ်လို့ထားသလားဆိုတာ သူမကို မေးကြည့်ဖြစ်ပြန်တော့ "ကလေးမယူတာကမှ သတ္တိအရှိဆုံးအရာလို့ ထင်မိတယ်။ ကျွန်မဟာ အရွယ်ရောက်ပြီးသား လူတွေ လုပ်လေ့ရှိတဲ့ ကလေးယူတာကို ဖိအားသဖွယ်ခံစားနေရပြီ။ ခုလိုပြောလို့ ကျွန်မသားလေးကို မချစ်ဘူးလားလို့ မေးရင်တော့ ကျွန်မငြင်းရမှာပဲ။ ကျွန်မသားလေးကို အရာအားလုံးထက် ချစ်ပါတယ်။ ဒါပေမယ့်နိစ္စဓူဝလုပ်ဆောင်နေရတဲ့ အခြေခံအရာတွေကို ပြန်ကြည့်လိုက်ရင် ကျွန်မလေ တစ်မိနစ်ရရ၊ နှစ်မိနစ်ရရ ကျွန်မလုပ်ချင်တာတွေကိုပဲ လုပ်ပစ်ချင်ခဲ့မိတယ်။ နေ့တိုင်း ဒီလိုခံစားချက်မျိုးပဲ ခံစားနေခဲ့ရတာ"တဲ့။

ခုချိန်မှာတော့ သူမဟာ သူမချစ်တဲ့ သားလေးနဲ့ပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်စွာနေထိုင်နေနိုင်ပါပြီ။ သားကိုချစ်တဲ့ အချစ်တွေနဲ့ပဲ ဒီဆိုးဝါးတဲ့ အခြေအနေတွေကို ကျော်ဖြတ်ရင်း အားသစ်တွေ ရလာခဲ့တာမို့ အရင်တုန်းက ဖြစ်ခဲ့တာတွေကို ပြန်ပြောနိုင်တာဖြစ်ကြောင်း Adele က ဆိုသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top