Property Expo
×

 ငလ်င္ဒဏ္ေၾကာင့္ပ်က္ စီးသြားေသာ ေရွးေဟာင္းပုဂံၿမိဳ႕ ေတာ္ရွိ ေစတီပုထိုးမ်ား ျပန္လည္ ျပဳျပင္ျခင္းကို ႏိုဝင္ဘာ ၂၅ ရက္ တြင္ စတင္မည္ျဖစ္ၿပီး လုပ္အား ဒါနပါဝင္လိုသူမ်ား လုပ္အားေပး ႏုိင္ေၾကာင္း ယဥ္ေက်းမႈဝန္ႀကီး ဌာန၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္(စီမံ) ဦးေဇာ္ေဇာ္ထြန္းက ေျပာသည္။


ၾသဂုတ္ ၂၄ ရက္က လႈပ္ခတ္ခဲ့ေသာ အင္အားျပင္းငလ်င္ဒဏ္ ေၾကာင့္ ပ်က္စီးသြားေသာ ေရွး ေဟာင္းပုဂံၿမိဳ႕ရွိ ေစတီပုထုိး ၃၈၉ ဆူအနက္ အေရးေပၚထိန္းသိမ္း ေဆာင္ရြက္မႈအပိုင္းမ်ား ၿပီးစီး သည့္ အေသးစားထိခိုက္ပ်က္စီး ေသာ ေစတီပုထိုး ၂၂၄ ဆူကို ႏိုဝင္ဘာ ၂၅ ရက္တြင္ စတင္ျပဳျပင္ မည္ျဖစ္ေၾကာင္း ၫႊန္ၾကားေရးမွဴး (စီမံ)ဦးေဇာ္ေဇာ္ထြန္းက 7Day Daily အား ေျပာၾကားသည္။

‘‘အေသးစားပ်က္စီးတဲ့ အ ဆူေတြျဖစ္ပါတယ္။ အလွဴရွင္ ေတြရွိလည္း တစ္ဆူခ်င္းအလိုက္ ျပဳျပင္လွဴဒါန္းႏိုင္တယ္လို႔ ေၾက ညာထားတယ္။ လာမယ့္ ၂၅ ရက္မွာ စတင္ ျပဳျပင္္ေတာ့မွာပါ။ ဆရာေတာ္ႀကီးေတြနဲ႔ ရြတ္ဖတ္ၿပီး ေတာ့ လုပ္မွာပါ။ တစ္ဦးခ်င္းအ ေနနဲ႔လည္း လာၿပီးေတာ့ ကုသိုလ္ ယူႏိုင္ပါတယ္။ အုတ္သယ္၊ သဲ သယ္ဆိုရင္ေတာ့ ရပါတယ္။ လုပ္အားဒါနေပါ့။ ပန္းရန္ေတြဘာေတြ ေတာ့ ကြၽန္ေတာ္တို႔ဆီက ႀကီး ၾကပ္ၿပီး လုပ္မွာပါ’’ဟု ၎က ေျပာသည္။

ေစတီပုထိုးမ်ားစတင္ျပဳျပင္ မည့္ ႏိုဝင္ဘာ ၂၅ ရက္တြင္ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုလာေရာက္ႀကီးၾကပ္ မည္ျဖစ္ေၾကာင္း ဦးေဇာ္ေဇာ္ထြန္း က ဆိုသည္။

ေစတီပုထိုးမ်ား ျပန္လည္ျပဳ ျပင္ရန္ အႀကံေပးအဖြဲ႕ (Adv-isory Team)ႏွင့္ပညာရွင္အဖြဲ႕ (Teachnical Expert Team) တို႔ ကို သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနဝန္ႀကီးက ဖြဲ႕စည္းေပး ထားေၾကာင္း ဒုၫႊန္ၾကားေရးမွဴး ခ်ဳပ္ ဦးသိန္းလြင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ငလျင်ဒဏ်ကြောင့်ပျက် စီးသွားသော ရှေးဟောင်းပုဂံမြို့ တော်ရှိ စေတီပုထိုးများ ပြန်လည် ပြုပြင်ခြင်းကို နိုဝင်ဘာ ၂၅ ရက် တွင် စတင်မည်ဖြစ်ပြီး လုပ်အား ဒါနပါဝင်လိုသူများ လုပ်အားပေး နိုင်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးဇော်ဇော်ထွန်းက ပြောသည်။


သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ် ကြောင့် ပျက်စီးသွားသော ရှေး ဟောင်းပုဂံမြို့ရှိ စေတီပုထိုး ၃၈၉ ဆူအနက် အရေးပေါ်ထိန်းသိမ်း ဆောင်ရွက်မှုအပိုင်းများ ပြီးစီး သည့် အသေးစားထိခိုက်ပျက်စီး သော စေတီပုထိုး ၂၂၄ ဆူကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်ပြုပြင် မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး (စီမံ)ဦးဇော်ဇော်ထွန်းက 7Day Daily အား ပြောကြားသည်။

‘‘အသေးစားပျက်စီးတဲ့ အ ဆူတွေဖြစ်ပါတယ်။ အလှူရှင် တွေရှိလည်း တစ်ဆူချင်းအလိုက် ပြုပြင်လှူဒါန်းနိုင်တယ်လို့ ကြေ ညာထားတယ်။ လာမယ့် ၂၅ ရက်မှာ စတင် ပြုပြင်တော့မှာပါ။ ဆရာတော်ကြီးတွေနဲ့ ရွတ်ဖတ်ပြီး တော့ လုပ်မှာပါ။ တစ်ဦးချင်းအ နေနဲ့လည်း လာပြီးတော့ ကုသိုလ် ယူနိုင်ပါတယ်။ အုတ်သယ်၊ သဲ သယ်ဆိုရင်တော့ ရပါတယ်။ လုပ်အားဒါနပေါ့။ ပန်းရန်တွေဘာတွေ တော့ ကျွန်တော်တို့ဆီက ကြီး ကြပ်ပြီး လုပ်မှာပါ’’ဟု ၎င်းက ပြောသည်။

စေတီပုထိုးများစတင်ပြုပြင် မည့် နိုဝင်ဘာ ၂၅ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုလာရောက်ကြီးကြပ် မည်ဖြစ်ကြောင်း ဦးဇော်ဇော်ထွန်း က ဆိုသည်။

စေတီပုထိုးများ ပြန်လည်ပြု ပြင်ရန် အကြံပေးအဖွဲ့ (Adv-isory Team)နှင့်ပညာရှင်အဖွဲ့ (Teachnical Expert Team) တို့ ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီးက ဖွဲ့စည်းပေး ထားကြောင်း ဒုညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top