Royal Maung Bamar Residence
×

လြန္ခဲ့တဲ့ ႏွစ္ကဘဲ ျမန္မာနိုင္ငံကို လာေရာက္ ေဖ်ာ္ေျဖသြားတဲ့ 2NE1 အဖြဲ႕ဟာ ၇ ႏွစ္အၾကာမွာ ၿပိဳကြဲသြားၿပီဟုသိရပါတယ္။ သူတို႔ ကုမၸဏီျဖစ္တဲ့ YG Entertainment ကပဲ ယေန႕ မွာ သူတို႔ အဖြဲ ကြဲၿပီဟု အတိအလင္ေၾကျငာခဲ့ပါတယ္။ အရင္ခ်ဳပ္ထားတဲ့ စာခ်ဳပ္သက္တမ္း ဟာ ေမလ ၂၀၁၆ ထဲက ကုန္ဆုံးခဲ့တာျဖစ္ၿပီး အဖြဲ႕သားေတြ ရဲ႕ သေဘာတူညီခ်က္အရ စာခ်ဳပ္ထပ္ မခ်ဳပ္ေတာ့တဲ့ အတြက္ေၾကာင့္လည္း ျဖစ္ပါတယ္။

2NE1 အဖြဲ႕ သားေတြကေတာ့ တစ္ကိုယ္ေတာ္အေနႏွင့္ အႏုပညာလုပ္ငန္းေတြကို ဆက္လက္လႈပ္ရွားသြားမွာျဖစ္ၿပီး ယခုေလာေလာဆယ္မွာ ေတာ့ YG ရဲ႕ ရွယ္ယာေတြ က်ဆင္းကာ ဆုံးရႈံးမႈေတြျဖစ္ေပၚေနတယ္လို႔သိရပါတယ္။ YG group ကေတာ့ အဖြဲ႕သားေတြကို ေက်းဇူးတင္ခဲ့ၿပီး ကမာ႓တစ္ဝွမ္းမွာရွိတဲ့ သူတို႔ရဲ႕ ပရိသတ္ေတြကို လည္းေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။

2NE1 အဖြဲ႕ ဟာ ကမာၻတစ္ဝွမ္းမွာ ရွိတဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ကို ပိုင္ဆိုင္ထားတဲ့ အဖြဲ႕ ျဖစ္ၿပီး kpop ေလာကမွာ အေဂၚဆုံးအဖြဲ႕ နံပါတ္တစ္အဖြဲ႕လို႔ေတာင္ေျပာလို႔ရပါတယ္။ CL, Dara, Minzy, Park Bom စတဲ့ အဖြဲ႕ဝင္ေလးေယာက္ႏွင့္ ဖြဲ႕စည္းထားခဲ့တာျဖစ္ၿပီး Minzy က ေတာ့ ႏွစ္အစပိုင္းတုန္းက 2NE1 ေရာ YG ကေနထြက္သြားခဲ့ၿပီး ယခုမွာေတာ့ တစ္ဖြဲ႕လုံး ၿပိဳကြဲသြားခဲ့တာျဖစ္ပါတယ္။ CL ႏွင့္ Dara ကေတာ့ တစ္ကိုယ္ေတာ္ အေနႏွင့္ ဆက္လက္လႈပ္ရွားဖို႔ YG ႏွင့္ စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး Park Bom ကေတာ့ စိတ္မေကာင္းစြာႏွင့္ဘဲ YG ႏွင့္ စာခ်ဳပ္မခ်ဳပ္ခဲ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarLoad

#Unicode Version

လွန်ခဲ့တဲ့ နှစ်ကဘဲ မြန်မာနိုင်ငံကို လာရောက် ဖျော်ဖြေသွားတဲ့ 2NE1 အဖွဲ့ဟာ ၇ နှစ်အကြာမှာ ပြိုကွဲသွားပြီဟုသိရပါတယ်။ သူတို့ ကုမ္ပဏီဖြစ်တဲ့ YG Entertainment ကပဲ ယနေ့ မှာ သူတို့ အဖွဲ ကွဲပြီဟု အတိအလင်ကြေငြာခဲ့ပါတယ်။ အရင်ချုပ်ထားတဲ့ စာချုပ်သက်တမ်း ဟာ မေလ ၂၀၁၆ ထဲက ကုန်ဆုံးခဲ့တာဖြစ်ပြီး အဖွဲ့သားတွေ ရဲ့ သဘောတူညီချက်အရ စာချုပ်ထပ် မချုပ်တော့တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

2NE1 အဖွဲ့ သားတွေကတော့ တစ်ကိုယ်တော်အနေနှင့် အနုပညာလုပ်ငန်းတွေကို ဆက်လက်လှုပ်ရှားသွားမှာဖြစ်ပြီး ယခုလောလောဆယ်မှာ တော့ YG ရဲ့ ရှယ်ယာတွေ ကျဆင်းကာ ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ YG group ကတော့ အဖွဲ့သားတွေကို ကျေးဇူးတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေကို လည်းကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

2NE1 အဖွဲ့ ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့ ဖြစ်ပြီး kpop လောကမှာ အဂေါ်ဆုံးအဖွဲ့ နံပါတ်တစ်အဖွဲ့လို့တောင်ပြောလို့ရပါတယ်။ CL, Dara, Minzy, Park Bom စတဲ့ အဖွဲ့ဝင်လေးယောက်နှင့် ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး Minzy က တော့ နှစ်အစပိုင်းတုန်းက 2NE1 ရော YG ကနေထွက်သွားခဲ့ပြီး ယခုမှာတော့ တစ်ဖွဲ့လုံး ပြိုကွဲသွားခဲ့တာဖြစ်ပါတယ်။ CL နှင့် Dara ကတော့ တစ်ကိုယ်တော် အနေနှင့် ဆက်လက်လှုပ်ရှားဖို့ YG နှင့် စာချုပ်ချုပ်ခဲ့ပြီး Park Bom ကတော့ စိတ်မကောင်းစွာနှင့်ဘဲ YG နှင့် စာချုပ်မချုပ်ခဲ့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarLoad
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top