Kantharyar Centre
×

အင္တာနက္နည္းပညာကုမၸဏီ Yahoo က အေမရိကန္အစုိးရကုိယ္စား သန္းနဲ႕ခ်ီတဲ့ ၎ရဲ႕ အီးေမးလ္အေကာင့္ေတြကုိ လွ်ဳိ႕ဝွက္ စစ္ေဆးေပးခဲ့ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ ႐ုိက္တာသတင္းဌာနရဲ႕ အဆုိအရ Yahoo က အေမရိကန္အစုိးရ ေတာင္းခံလာတဲ့ အီးေမးလ္အေကာင့္ေတြကုိ လွ်ဳိ႕ဝွက္စစ္ေဆးေပးရန္အတြက္ အထူးေဆာ့ဖ္ဝဲတစ္ခု ျပဳလုပ္ထားခဲ့ေၾကာင္း သိရပါတယ္။

Yahoo ဟာ ဥပေဒကုိလုိက္နာတဲ့ ကုမၸဏီတစ္ခုျဖစ္ေၾကာင္းနဲ႕ အေမရိကန္ဥပေဒေတြအတုိင္း ေဆာင္႐ြက္ေၾကာင္း ဘီဘီစီသတင္းဌာနကုိ ေပးအပ္တဲ့ Yahoo ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္အစုိးရအတြက္ အီးေမးလ္အေကာင့္ေတြကုိ လွ်ဳိ႕ဝွက္ စစ္ေဆးေပးခဲ့တဲ့ သတင္းဟာ Yahoo အသုံးျပဳသူ သန္း ၅၀၀ ရဲ႕ အခ်က္အလက္ေတြကုိ ဟက္ကာေတြက ထုိးေဖာက္ရယူသြားခဲ့ေၾကာင္း ကုမၸဏီက ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ သီတင္းႏွစ္ပတ္အၾကာမွာ ထြက္ေပၚလာခဲ့တာလည္း ျဖစ္ပါတယ္။

Yahoo ဝန္ထမ္းေဟာင္းႏွစ္ဦး အပါအဝင္ ယခု သတင္းရစ္ျမစ္သုံးခုရဲ႕ အဆုိအရ Yahoo က National Security Agency (NSA) သုိ႕မဟုတ္ FBI အတြက္ အီးေမးလ္အေကာင့္ေတြကုိ စစ္ေဆးေပးခဲ့ေၾကာင္း သိရပါတယ္။

Yahoo ကုိ ဆက္သြယ္ေရးကုမၸဏီ Verizon က အေမရိကန္ေဒၚလာ ၄.၈ ဘီလီလံျဖင့္ ဝယ္ယူသြားရန္ ေဆာင္႐ြက္ေနၿပီး ယခုသတင္းထြက္ေပၚလာမႈအေပၚ Verizon က တစ္စုံတစ္ရာ မွတ္ခ်က္ေပးခဲ့ျခင္း မ႐ွိဘူးလုိ႕ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun
#Unicode Version

အင်တာနက်နည်းပညာကုမ္ပဏီ Yahoo က အမေရိကန်အစိုးရကိုယ်စား သန်းနဲ့ချီတဲ့ ၎င်းရဲ့ အီးမေးလ်အကောင့်တွေကို လျှို့ဝှက် စစ်ဆေးပေးခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ရိုက်တာသတင်းဌာနရဲ့ အဆိုအရ Yahoo က အမေရိကန်အစိုးရ တောင်းခံလာတဲ့ အီးမေးလ်အကောင့်တွေကို လျှို့ဝှက်စစ်ဆေးပေးရန်အတွက် အထူးဆော့ဖ်ဝဲတစ်ခု ပြုလုပ်ထားခဲ့ကြောင်း သိရပါတယ်။

Yahoo ဟာ ဥပဒေကိုလိုက်နာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်းနဲ့ အမေရိကန်ဥပဒေတွေအတိုင်း ဆောင်ရွက်ကြောင်း ဘီဘီစီသတင်းဌာနကို ပေးအပ်တဲ့ Yahoo ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရအတွက် အီးမေးလ်အကောင့်တွေကို လျှို့ဝှက် စစ်ဆေးပေးခဲ့တဲ့ သတင်းဟာ Yahoo အသုံးပြုသူ သန်း ၅၀၀ ရဲ့ အချက်အလက်တွေကို ဟက်ကာတွေက ထိုးဖောက်ရယူသွားခဲ့ကြောင်း ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Yahoo ဝန်ထမ်းဟောင်းနှစ်ဦး အပါအဝင် ယခု သတင်းရစ်မြစ်သုံးခုရဲ့ အဆိုအရ Yahoo က National Security Agency (NSA) သို့မဟုတ် FBI အတွက် အီးမေးလ်အကောင့်တွေကို စစ်ဆေးပေးခဲ့ကြောင်း သိရပါတယ်။

Yahoo ကို ဆက်သွယ်ရေးကုမ္ပဏီ Verizon က အမေရိကန်ဒေါ်လာ ၄.၈ ဘီလီလံဖြင့် ဝယ်ယူသွားရန် ဆောင်ရွက်နေပြီး ယခုသတင်းထွက်ပေါ်လာမှုအပေါ် Verizon က တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top