Kantharyar Centre
×

Xiaomi အမွတ္တံဆိပ္နဲ႕ ထြက္ရွိလာတဲ့ ဟန္းဆက္ေတြဟာ ခုေနာက္ပိုင္းမွာ စက္နဲ႔လွည့္ထုတ္သလိုကို ထြက္ရွိလာခဲ့ပါတယ္။ သိပ္မၾကာေသးမီက Xiaomi Mi 5s နဲ႔ Xiaom Mi 5s Plus ျဖန္႔ခ်ိခဲ့တာ ေတြ႔ျမင္ရျပီး အခုလည္း Xiaomi Mi Note 2 ကို ႏုိဝင္ဘာလလယ္မွာ ထြက္ရိွဖုိ႔ ခ်ိန္ေနပါတယ္။ ခုတစ္ေခါက္ ထုတ္လုပ္မယ့္ဖုန္းမွာ ကုတ္နာမည္ 'Meri' နဲ႔ ဖုန္းသစ္အေၾကာင္း ေျပာဆိုမႈေတြ ရိွေနပါတယ္။ ဒါဟာ  Xiaomi Mi 5c လို႔ ယူဆရပါတယ္။

အဲဒီဖုန္းမွာ သတၱဳကုိယ္ထည္အျပည့္ရယ္၊ Mi 5s မွာထက္ အတြင္းပုိင္းပစၥည္းေတြ အနည္းငယ္ ပိုေလွ်ာ့နည္းမယ္လုိ႔ ထင္ေၾကးေပးမႈေတြ ရိွပါတယ္။ ၅.၅ လက္မ ဖန္သားမ်က္ႏွာျပင္ရိွျပီး ဖုန္းကို MediaTek SoC နဲ႕ အားျဖည့္ေဆာင္ရြက္ထားျပီး octa-core 2.2GHz CPU ထည့္သြင္း အသုံးျပဳထားပါတယ္။ Xiaomi Mi 5s ဟာ Android 6.0. အေျချပဳ MIUI 8.6.9.6, နဲ႕ ေမာင္းႏွင္လည္ပတ္ပါတယ္။ VoLTE ေထာက္ပံ့ေပးထားျပီး 4G LTE ခ်ိတ္ဆက္မႈပါရိွပါတယ္။ ေစ်းႏႈန္းအေနနဲ႕ကေတာ့ $180-$230 USD ဝန္းက်င္ ရိွႏိုင္ပါတယ္။

ထြက္ေပၚလာတဲ့ အဆိုပါ Mi 5c ဓာတ္ပုံတခ်ဳိ႕အရ ေက်ာဘက္ကင္မရာေအာက္မွာ ေဒါင္လုိက္ E-ink screen ေတြ႔ရပါတယ္။ ဒါက သတိေပးခ်က္ notifications ေတြျဖစ္ဟန္တူပါတယ္။ ဒီ E-ink screen ဟာ အခ်ိန္နဲ႔ ရက္စြဲအတြက္ အဓိကရည္ရြယ္လုပ္ေဆာင္ထား ပုံရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :trend myanmar


#Unicode Version

Xiaomi အမှတ်တံဆိပ်နဲ့ ထွက်ရှိလာတဲ့ ဟန်းဆက်တွေဟာ ခုနောက်ပိုင်းမှာ စက်နဲ့လှည့်ထုတ်သလိုကို ထွက်ရှိလာခဲ့ပါတယ်။ သိပ်မကြာသေးမီက Xiaomi Mi 5s နဲ့ Xiaom Mi 5s Plus ဖြန့်ချိခဲ့တာ တွေ့မြင်ရပြီး အခုလည်း Xiaomi Mi Note 2 ကို နိုဝင်ဘာလလယ်မှာ ထွက်ရှိဖို့ ချိန်နေပါတယ်။ ခုတစ်ခေါက် ထုတ်လုပ်မယ့်ဖုန်းမှာ ကုတ်နာမည် 'Meri' နဲ့ ဖုန်းသစ်အကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒါဟာ  Xiaomi Mi 5c လို့ ယူဆရပါတယ်။

အဲဒီဖုန်းမှာ သတ္တုကိုယ်ထည်အပြည့်ရယ်၊ Mi 5s မှာထက် အတွင်းပိုင်းပစ္စည်းတွေ အနည်းငယ် ပိုလျှော့နည်းမယ်လို့ ထင်ကြေးပေးမှုတွေ ရှိပါတယ်။ ၅.၅ လက်မ ဖန်သားမျက်နှာပြင်ရှိပြီး ဖုန်းကို MediaTek SoC နဲ့ အားဖြည့်ဆောင်ရွက်ထားပြီး octa-core 2.2GHz CPU ထည့်သွင်း အသုံးပြုထားပါတယ်။ Xiaomi Mi 5s ဟာ Android 6.0. အခြေပြု MIUI 8.6.9.6, နဲ့ မောင်းနှင်လည်ပတ်ပါတယ်။ VoLTE ထောက်ပံ့ပေးထားပြီး 4G LTE ချိတ်ဆက်မှုပါရှိပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ $180-$230 USD ဝန်းကျင် ရှိနိုင်ပါတယ်။

ထွက်ပေါ်လာတဲ့ အဆိုပါ Mi 5c ဓာတ်ပုံတချို့အရ ကျောဘက်ကင်မရာအောက်မှာ ဒေါင်လိုက် E-ink screen တွေ့ရပါတယ်။ ဒါက သတိပေးချက် notifications တွေဖြစ်ဟန်တူပါတယ်။ ဒီ E-ink screen ဟာ အချိန်နဲ့ ရက်စွဲအတွက် အဓိကရည်ရွယ်လုပ်ဆောင်ထား ပုံရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit :trend myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top