Property Expo
×

Android နဲ႔ iOS ဖုန္းေတြအတြက္ ထုတ္လုပ္ခဲ့ၿပီးျဖစ္တဲ့ FIFA စီးရီး ေဘာလံုးဂိမ္းဟာ တစ္လအၾကာမွာေတာ့ Window ဖုန္းေတြအတြက္ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Window ဖုန္းအသံုးျပဳသူေတြအတြက္ကေတာ့ အဆင္ေျပသြားၿပီလုိ႔ ေျပာလုိ႔ရႏုိင္ပါၿပီ။

ၿပီးခဲ့တဲ့ စက္တင္ဘာလကုိ ျပန္ၾကည့္မယ္ဆုိရင္ ဂိမ္းကုိ Android နဲ႔ iOS ဖုန္းေတြအတြက္ ထုတ္လုပ္ခဲ့ၿပီး EA ကေတာ့ Windows Phone ဗားရွင္းအတြက္ ကေတာ့ တစ္စုံတစ္ရာေျပာၾကားထားခဲ့ျခင္း မရွိတာလည္း ျဖစ္ပါတယ္။

ဒီဂိမ္းကုိ လက္ရွိမွာ Windows Store ကေန အခမဲ့အေနနဲ႔ ေဒါင္းလုဒ္ျပဳလုပ္ႏုိင္ၿပီျဖစ္ၿပီး Android နဲ႔ iOS တုိ႔နဲ႔မတူညီတဲ့ လုပ္ေဆာင္ခ်က္တခ်ိဳ႕ကုိလည္း ထည့္သြင္းထားတယ္လုိ႔ သိရပါတယ္။ EA ရဲ႕ေျပာၾကားခ်က္အရ FIFA 17 ဂိမ္းမွာ League ေပါင္း အမ်ိဳးအစား ၃၀ပါဝငၿပီး အသင္းေပါင္း ၆၅၀ပါဝင္ပါတယ္။ ကစားသမားအေရအတြက္အေနနဲ႔ကေတာ့ ၁၇၀၀၀ပါဝင္တယ္လုိ႔ သိရပါတယ္။

ဒီကစားသမားနဲ႔ အသင္းေတြကုိ လက္ရွိအခ်ိန္မွာ ရွိေနတဲ့ ေဒတာေတြအတုိင္း အမွန္ျဖစ္ေအာင္ ျပဳလုပ္ထားတယ္လုိ႔ သိရပါတယ္။ ကစားသူေတြအေနနဲ႔ မိမိကစားသမားေတြ အသင္းေတြကုိ သူငယ္ခ်င္းေတြရဲ႕ ကစားသမားေတြနဲ႔ ဖလွယ္တာေတြ ျပဳလုပ္ႏုိင္မွာပါ။

League vs. League ကစားတာလည္းပါဝင္ၿပီး အေပၚပုိင္းအဆင့္ေရာက္ရွိေအာင္ စြမး္ရည္ျပည့္ေအာင္ ကစားရမွာပါ။ EA ရဲ႕ FIFA 17 မုိဘုိင္းဂိမ္းမွာ ေဆာ့ကစားသူေတြဟာ တျခား ကစားသူေတြကုိ လက္ေဆာင္နဲ႔ Chat လုပ္ႏုိင္မွာလည္း ျဖစ္တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ဒီဂိမ္းအတြက္ အင္တာနက္ ကြန္နက္ရွင္လုိအပ္ေၾကာင္းလည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Android နဲ့ iOS ဖုန်းတွေအတွက် ထုတ်လုပ်ခဲ့ပြီးဖြစ်တဲ့ FIFA စီးရီး ဘောလုံးဂိမ်းဟာ တစ်လအကြာမှာတော့ Window ဖုန်းတွေအတွက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Window ဖုန်းအသုံးပြုသူတွေအတွက်ကတော့ အဆင်ပြေသွားပြီလို့ ပြောလို့ရနိုင်ပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာလကို ပြန်ကြည့်မယ်ဆိုရင် ဂိမ်းကို Android နဲ့ iOS ဖုန်းတွေအတွက် ထုတ်လုပ်ခဲ့ပြီး EA ကတော့ Windows Phone ဗားရှင်းအတွက် ကတော့ တစ်စုံတစ်ရာပြောကြားထားခဲ့ခြင်း မရှိတာလည်း ဖြစ်ပါတယ်။

ဒီဂိမ်းကို လက်ရှိမှာ Windows Store ကနေ အခမဲ့အနေနဲ့ ဒေါင်းလုဒ်ပြုလုပ်နိုင်ပြီဖြစ်ပြီး Android နဲ့ iOS တို့နဲ့မတူညီတဲ့ လုပ်ဆောင်ချက်တချို့ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ EA ရဲ့ပြောကြားချက်အရ FIFA 17 ဂိမ်းမှာ League ပေါင်း အမျိုးအစား ၃၀ပါဝငပြီး အသင်းပေါင်း ၆၅၀ပါဝင်ပါတယ်။ ကစားသမားအရေအတွက်အနေနဲ့ကတော့ ၁၇၀၀၀ပါဝင်တယ်လို့ သိရပါတယ်။

ဒီကစားသမားနဲ့ အသင်းတွေကို လက်ရှိအချိန်မှာ ရှိနေတဲ့ ဒေတာတွေအတိုင်း အမှန်ဖြစ်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ကစားသူတွေအနေနဲ့ မိမိကစားသမားတွေ အသင်းတွေကို သူငယ်ချင်းတွေရဲ့ ကစားသမားတွေနဲ့ ဖလှယ်တာတွေ ပြုလုပ်နိုင်မှာပါ။

League vs. League ကစားတာလည်းပါဝင်ပြီး အပေါ်ပိုင်းအဆင့်ရောက်ရှိအောင် စွမ်းရည်ပြည့်အောင် ကစားရမှာပါ။ EA ရဲ့ FIFA 17 မိုဘိုင်းဂိမ်းမှာ ဆော့ကစားသူတွေဟာ တခြား ကစားသူတွေကို လက်ဆောင်နဲ့ Chat လုပ်နိုင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီဂိမ်းအတွက် အင်တာနက် ကွန်နက်ရှင်လိုအပ်ကြောင်းလည်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top