Property Expo
×
Credit:Trend Myanmar
#Unicode Version
ရေဒီယိုလှိုင်းတွေဟာ မိုဘိုင်းလ်ဖုန်းမှ ဖမ်းယူတဲ့ လျှပ်စစ်သံလိုက်လှိုင်းနဲ့ အလားသဏ္ဍာန် တူညီပါတယ်။ ပြသနာတစ်ခုက Wi-fi လှိုင်းတွေဟာ ဝေးဝေးမရောက်ဘဲ လမ်းခုလတ်မှာ ဖြတ်မိတဲ့ အရာများမှ ဖမ်းစုပ်ခြင်းခံရပါတယ်။ အဲဒီတော့ အင်တာနက်ကို နှေးကွေးစေပါတယ်။ ပိုမိုမြန်ဆန်တဲ့ အင်တာနက် သေချာပေါက်ရစေမယ့် အံ့သြဖွယ်ကောင်းပြီး အရမ်းလွယ်ကူတဲ့ နည်းလမ်း (၅) ချက်ရှိပါတယ်။
၁။ Router ကို အိမ်ရဲ့ အလယ်ဗဟိုမှာ ထားပါ
Wi-fi လှိုင်းတွေဟာ ဖမ်းစုပ်ခံရတာမို့ အိမ်ရဲ့ ဗဟိုအကျဆုံးနေရာမှာ ထားပါ။ ဒီနည်းက အိမ်ပတ်ပတ်လည်မှာ အားအင် ညီတူညီမျှ ထုတ်လွတ်စေပါလိမ့်မယ်။
၂။ ရှုပ်ပွနေတဲ့ အဝတ်ဗီရိုမှာ မထားပါနဲ့
Router ကို အဝတ်ဗီရို သို့မဟုတ် အံဆွဲစတဲ့ ပိတ်ထားနေရာတွေမှာ ဘယ်တော့မှ မထားပါနဲ့။ ရှင်းပါတယ်။ Signal အား အများစုကို သစ်သားအဝတ်ဗီရိုမှ ဖမ်းစုပ်ထားလို့ပါ။ ဒါ့ကြောင့် အင်နက်မြန်နှုန်းက အရမ်းစိတ်ပျက်စရာ ကောင်းပါတယ်။
၃။ Router ကို ကြမ်းပြင်ပေါ်ထားခြင်း ရှောင်ပါ
အိမ်သုံး Routers တွေ လုပ်ထားတဲ့ပုံစံက signal ကို နိမ့်ရာသို့ ထုတ်လွှတ်အောင် လုပ်ထားတာပါ။ Wi-fi လှိုင်းတွေက တမံတလင်းကို ဘယ်လိုမှ မထိုးဖောက်နိုင်ပါ။
၄။ တခြား အီလက်ထရောနစ်ပစ္စည်းတို့နဲ့ ဝေးနိုင်သလောက် ဝေးအောင်ထားပါ
ရုပ်မြင်သံကြားစက်၊ ကွန်ပျူတာနဲ့ မိုက်ခရိုဝေ့မီးဖိုတွေဟာ router signal တွေ ကိုအနှောင့်အယှက် ဖြစ်စေပါတယ်။ အီလက်ထရောနစ်မော်တာ တပ်ထားတဲ့ အရာမှန်သမျှက signal ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေပါလိမ့်မယ်။
၅။ ဧရိယာတိုင်တွေကို ဆန့်ကျင်ဘက်မျက်နှာမူပေးပါ
Modem မှာ ဧရိယာတိုင် နှစ်ခုရှိပါက တစ်ခုကို ထောင်ပြီး နောက်တစ်ခုကိုတော့ ဘယ်ဘက်သို့ ရေပြင်ညီထားပေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top