Kantharyar Centre
×

အာ႐ွေဒသမွာ ဇီကာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံေတာ့မယ္လုိ႕ ကမာၻ႕က်န္းမာေရးအဖြဲ႕အစည္း (World Health Organization - WHO) က သတိေပး ေျပာၾကားလုိက္ပါတယ္။

စင္ကာပူႏုိင္ငံမွာ ဇီကာဗုိင္းရပ္စ္ ကူးစက္မႈ ရာဂဏန္းအေရအတြက္ ေတြ႕႐ွိရမႈနဲ႕ ထုိင္းႏုိင္ငံမွာ ဇီကာဗိုင္းရပ္စ္ေၾကာင့္ microcephaly ဦးေႏွာက္ေရာဂါ႐ွိတဲ့ ဦးေခါင္းေသး ကေလးႏွစ္ဦး ေမြးဖြားမႈေတြ ႐ွိလာခဲ့ၿပီးေနာက္ အာ႐ွေဒသမွာ ဇီကာကူးစက္ပ်ံ႕ႏွံ႕မႈ ျဖစ္လာမယ္လုိ႕ WHO က ယေန႕ (ေအာက္တုိဘာ ၁၀ ရက္မွာ သတိေပးခဲ့တာ ျဖစ္ပါတယ္။

ျခင္မွတစ္ဆင့္ ကူးစက္ႏုိင္တဲ့ ဇီကာဗုိင္းရပ္စ္ကုိ အာ႐ွပစိဖိတ္ေဒသမွ ၁၉ ႏုိင္ငံ အပါအဝင္ ကမာၻ႕တစ္ဝန္း႐ွိ ႏုိင္ငံေပါင္း ၇၀ မွာ ေတြ႕႐ွိထားပါတယ္။ WHO က ထုတ္ျပန္တဲ့ အစီရင္ခံစာအရ တ႐ုတ္၊ ဂ်ပန္၊ ၾသစေၾတးလ် အပါအဝင္ အေ႐ွ႕ေတာင္အာ႐ွ ႏိုင္ငံေတြနဲ႕ ပစိဖိတ္ကၽြန္းႏုိင္ငံေတြမွာ ဇီကာဗုိင္းရပ္စက္ ကူးစက္ပ်ံ႕ႏွံ႕ႏုိင္ေျခ ျမင့္မားေနေၾကာင္း သိရပါတယ္။

ဇီကာဗုိင္းရပ္စ္နဲ႕ ပတ္သက္ၿပီး အေရးပါတဲ့ ေမးခြန္းေတြကုိ သိပၸံပညာ႐ွင္ေတြ ယခုထိ အေျဖမထုတ္ႏိုင္ေသးေၾကာင္းလည္း WHO က ဆုိပါတယ္။ အေ႐ွ႕ေတာင္အာ႐ွေဒသ႐ွိ စင္ကာပူမွာ ဇီကာကူးစက္မႈ ၄၀၀ ေက်ာ္နဲ႕ ဗီယက္နမ္၊ ဖိလစ္ပိုင္နဲ႕ မေလး႐ွားတုိ႕မွာလည္း ဇီကာကူးစက္ခံရသူဦးေရ ၂၀ နီးပါးစီ ေတြ႕႐ွိထားေၾကာင္း သိရပါတယ္။

ဇီကာဗိုင္းရပ္စ္ ကူးစက္ခံရသူဟာ ကုိယ္ပူျခင္း၊ မ်က္လုံးနီရဲျခင္းနဲ႕ ကေယာင္ကတမ္းျဖစ္ျခင္း စတဲ့ လကၡဏာေတြ ျဖစ္ေပၚတတ္ပါတယ္။ ဇီကာကူးစက္ခံရတဲ့ ကုိယ္ဝန္ေဆာင္ေတြက ေမြးဖြားလာတဲ့ ကေလးေတြဟာ ဦးေႏွာက္ပုံမွန္ဖြံ႕ၿဖဳိးျခင္း မ႐ွိတဲ့ microcephaly ေရာဂါျဖစ္ပြားၿပီး ဦးေခါင္းေသးေနေၾကာင္း သိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

အာရှဒေသမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံတော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေး ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်မှု ရာဂဏန်းအရေအတွက် တွေ့ရှိရမှုနဲ့ ထိုင်းနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကြောင့် microcephaly ဦးနှောက်ရောဂါရှိတဲ့ ဦးခေါင်းသေး ကလေးနှစ်ဦး မွေးဖွားမှုတွေ ရှိလာခဲ့ပြီးနောက် အာရှဒေသမှာ ဇီကာကူးစက်ပျံ့နှံ့မှု ဖြစ်လာမယ်လို့ WHO က ယနေ့ (အောက်တိုဘာ ၁၀ ရက်မှာ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ခြင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ဇီကာဗိုင်းရပ်စ်ကို အာရှပစိဖိတ်ဒေသမှ ၁၉ နိုင်ငံ အပါအဝင် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံပေါင်း ၇၀ မှာ တွေ့ရှိထားပါတယ်။ WHO က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ တရုတ်၊ ဂျပန်၊ သြစတြေးလျ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေမှာ ဇီကာဗိုင်းရပ်စက် ကူးစက်ပျံ့နှံ့နိုင်ခြေ မြင့်မားနေကြောင်း သိရပါတယ်။

ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အရေးပါတဲ့ မေးခွန်းတွေကို သိပ္ပံပညာရှင်တွေ ယခုထိ အဖြေမထုတ်နိုင်သေးကြောင်းလည်း WHO က ဆိုပါတယ်။ အရှေ့တောင်အာရှဒေသရှိ စင်ကာပူမှာ ဇီကာကူးစက်မှု ၄၀၀ ကျော်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့မှာလည်း ဇီကာကူးစက်ခံရသူဦးရေ ၂၀ နီးပါးစီ တွေ့ရှိထားကြောင်း သိရပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ကိုယ်ပူခြင်း၊ မျက်လုံးနီရဲခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဇီကာကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တွေက မွေးဖွားလာတဲ့ ကလေးတွေဟာ ဦးနှောက်ပုံမှန်ဖွံ့ဖြိုးခြင်း မရှိတဲ့ microcephaly ရောဂါဖြစ်ပွားပြီး ဦးခေါင်းသေးနေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top