Property Expo
×

ဆရာ ကၽြန္ေတာ္ သူမ်ား postတခုမွာေတြ႔တာပါ။သူ့postမွာပါတဲ့အခ်က္အလက္က ျဖစ္နိုင္ပါသလားဆရာ။
ကၽြန္ေတာ္ကိုယ္တိုင္လဲ သူေရးထားသလိုပဲထိုင္ျဖစ္လို့ပါ။ တူမေလး ၃ႏွစ္ေအာက္ေတြလဲရိွေသးေတာ့ ထိုင္တဲ့ပံုစံ မွားေနရင္ ျပင္ေပးလို့ရေအာင္လို့ပါဆရာ။ ေရးထားတာေတြကိုကူးျပီး message မွာ ပို့ေပးထားပါတယ္ဆရာ။

(ကေလးငယ္ေတြ မထိုင္သင္တဲ့ ပံုစံ = ကေလးငယ္ေတြကို ဒီလိုပံုစံ ထိုင္ေနတာေတြ႔ရင္ ခ်က္ျခင္းတားျမစ္သင့္ပါတယ္။ သင့္ရဲ႕ ပတ္ဝန္းက်င္မွာ ကေလးငယ္တစ္ဦးက ေျခႏွစ္ဖက္ကို အဂၤလိပ္အကၡရာ W ပံုစံလုပ္ၿပီး ထိုင္ေနတာမ်ိဳး ျမင္ဖူးပါလိမ့္မယ္။ ဒါမွမဟုတ္ သင္ကိုယ္တုိင္လည္း ငယ္ငယ္က ဒီလိုထိုင္ခဲ့ဖူးပါလိမ့္မယ္။ ဒီလိုထုိင္ေနတဲ့ ကေလးငယ္တစ္ဦးကို ျမင္လိုက္ရင္ေတာ့ ခ်က္ခ်င္းရပ္တန္႔ပစ္ဖို႔ ေျပာသင့္ပါတယ္။ ဒီပံုစံဟာ က်န္းမာေရးအတြက္ အေတာ္စိုးရိမ္စရာေကာင္းတဲ့ကိစၥပါ။ ဆရာဝန္ေတြရဲ႕ ေထာက္ျပခ်က္အရ ခႏၶာကိုယ္ေအာက္ပိုင္း အ႐ိုးေတြအတြက္ အေတာ္စိုးရိမ္စရာ ေကာင္းပါတယ္။ ငယ္႐ြယ္စဥ္ ခႏၶာကို္ယ္ ဖြံ႔ၿဖိဳးေနတုန္းမွာ ဒီလိုထိုင္တဲ့အခါ တင္ပါး႐ိုး၊ ဒူး႐ိုးနဲ႔ ေျခမ်က္စိ ကိုထိခိုက္ဖို႔ ရာခိုင္ႏႈန္းအရမ္းမ်ားပါတယ္။ ဒူးဆစ္ေနရာမွာ ရွိတဲ့ အရိုးႏွစ္ခုဆံုခ်က္ဟာ ဒီလိုထိုင္လိုက္တဲ့ အတြက္ ဟန္ခ်က္ ပ်က္သြားေလ့ရွိပါတယ္။ အက်ိဳးဆက္ကေတာ့ ႀကီးလာတဲ့အခါ အျခားကေလးငယ္ေတြလို အားကစားလႈပ္ရွားမႈ ေကာင္းေကာင္း မလုပ္ႏုိင္တာပါပဲ။ ေဘာလံုးကစားတာလိုမ်ိဳး လ်င္လ်င္ျမန္ျမန္လႈပ္ရွားရတဲ့ေနရာေတြမွာ ကစားႏိုင္မွာ မဟုတ္တာပါပဲ။ ဒါေၾကာင့္ ဒီပံုစံထုိင္ေနတဲ့ ကေလးငယ္ေတြ႔ရင္ ခ်က္ခ်င္းတားျမစ္ရမွာပါ။)

အဲတာကပို႔ေပးတဲ့ အခ်က္အလက္ေတြပါ။ ကေလးေတြ ဖါးေျခက်ိဳးထိုင္တယ္လို႔ေျပာတာကို အဂၤလိပ္အကၡရာ W နဲ႔တူလို႔ W-sitting ထိုင္နည္းလို႔ေခၚတယ္။ ေရာဂါအေနနဲ႔မစဥ္းစားေသးခင္ အဲလိုထိုင္ရတာက ပိုအဆင္ေျပလို႔ထိုင္ၾကတာ ျဖစ္တယ္။ လူၾကီးေတြလည္း ထိုင္ၾကပါတယ္။ ဒီထိုင္နည္းမွာ ေအာက္ေျခဂြင္က်ယ္လို႔ အဆင္ေျပတယ္။ ဒါေပမယ့္ အထက္ပိုင္းလႈပ္ရွားမႈကေတာ့ နည္းေစတယ္။ ဘယ္-ညာႏွစ္ဖက္ပူးတြဲလုပ္စရာလည္း နည္းေစတယ္။

ကေလးမွာ Hip Distortion တင္ပါးလြဲေနသလား၊ Knee and Foot Distortion ဒူးနဲ႔ေျခပိုင္းလြဲေနသလား၊ Poor Development of Core Muscles အဓိကၾကြက္သားေတြဖြံ႔ျဖိဳးမႈအားနည္းေနသလား၊ Lack of Cross-Body Coordination ကိုယ္ဘယ္-ညာပူးတြဲလုပ္ေဆာင္မႈအားနည္းေနသလား စစ္ေဆးသင့္တယ္။ Hamstring, Hip adductors, Calves andAchillestendonsၾကြက္သားေတြတင္းေနတာျဖစ္ေစႏိုင္တယ္။
Hypertonia or Spasticity ၾကြက္သားအားနည္းတာရွိရင္ ရွိေနရင္ပိုဆိုးေစမယ္။ W-sitting ထိုင္တာၾကာရင္ ေျခေထာက္ၾကြက္သားေတြ အားနည္းေစႏိုင္တယ္။ Pigeon toed walking ခိုသြားနည္းလို႔ ေခၚတယ္။ ခါးနဲ႔ တင္ပါးပိုင္းနာေစႏိုင္တယ္။ ေျခဖဝါးျပားေနႏိုင္တယ္။

အဲလိုလုပ္ရမွာနည္းေနတာေတြ႔ရင္ ဖြံ႔ျဖိဳးမႈကို ထိခိုက္ေစႏိုင္လို႔ ထိုင္နည္းျပင္ေပးသင့္ပါတယ္။ မိဘေတြစိတ္ရွည္ေပးပါ။ အဲလိုထိုင္တာ ကေလးစိတ္ေဝဒနာေၾကာင့္ မဟုတ္ပါ။ စိုးရိမ္စရာကို လိုတာထက္ေတာ့ မပိုေစလိုပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာတင့္ေဆြ

#Unicode Version
ဆရာ ကျွန်တော် သူများ postတခုမှာတွေ့တာပါ။သူ့postမှာပါတဲ့အချက်အလက်က ဖြစ်နိုင်ပါသလားဆရာ။

ကျွန်တော်ကိုယ်တိုင်လဲ သူရေးထားသလိုပဲထိုင်ဖြစ်လို့ပါ။ တူမလေး ၃နှစ်အောက်တွေလဲရှိသေးတော့ ထိုင်တဲ့ပုံစံ မှားနေရင် ပြင်ပေးလို့ရအောင်လို့ပါဆရာ။ ရေးထားတာတွေကိုကူးပြီး message မှာ ပို့ပေးထားပါတယ်ဆရာ။

(ကလေးငယ်တွေ မထိုင်သင်တဲ့ ပုံစံ = ကလေးငယ်တွေကို ဒီလိုပုံစံ ထိုင်နေတာတွေ့ရင် ချက်ခြင်းတားမြစ်သင့်ပါတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်မှာ ကလေးငယ်တစ်ဦးက ခြေနှစ်ဖက်ကို အင်္ဂလိပ်အက္ခရာ W ပုံစံလုပ်ပြီး ထိုင်နေတာမျိုး မြင်ဖူးပါလိမ့်မယ်။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း ငယ်ငယ်က ဒီလိုထိုင်ခဲ့ဖူးပါလိမ့်မယ်။ ဒီလိုထိုင်နေတဲ့ ကလေးငယ်တစ်ဦးကို မြင်လိုက်ရင်တော့ ချက်ချင်းရပ်တန့်ပစ်ဖို့ ပြောသင့်ပါတယ်။ ဒီပုံစံဟာ ကျန်းမာရေးအတွက် အတော်စိုးရိမ်စရာကောင်းတဲ့ကိစ္စပါ။ ဆရာဝန်တွေရဲ့ ထောက်ပြချက်အရ ခန္ဓာကိုယ်အောက်ပိုင်း အရိုးတွေအတွက် အတော်စိုးရိမ်စရာ ကောင်းပါတယ်။ ငယ်ရွယ်စဉ် ခန္ဓာကိုယ် ဖွံ့ဖြိုးနေတုန်းမှာ ဒီလိုထိုင်တဲ့အခါ တင်ပါးရိုး၊ ဒူးရိုးနဲ့ ခြေမျက်စိ ကိုထိခိုက်ဖို့ ရာခိုင်နှုန်းအရမ်းများပါတယ်။ ဒူးဆစ်နေရာမှာ ရှိတဲ့ အရိုးနှစ်ခုဆုံချက်ဟာ ဒီလိုထိုင်လိုက်တဲ့ အတွက် ဟန်ချက် ပျက်သွားလေ့ရှိပါတယ်။ အကျိုးဆက်ကတော့ ကြီးလာတဲ့အခါ အခြားကလေးငယ်တွေလို အားကစားလှုပ်ရှားမှု ကောင်းကောင်း မလုပ်နိုင်တာပါပဲ။ ဘောလုံးကစားတာလိုမျိုး လျင်လျင်မြန်မြန်လှုပ်ရှားရတဲ့နေရာတွေမှာ ကစားနိုင်မှာ မဟုတ်တာပါပဲ။ ဒါကြောင့် ဒီပုံစံထိုင်နေတဲ့ ကလေးငယ်တွေ့ရင် ချက်ချင်းတားမြစ်ရမှာပါ။)

အဲတာကပို့ပေးတဲ့ အချက်အလက်တွေပါ။ ကလေးတွေ ဖါးခြေကျိုးထိုင်တယ်လို့ပြောတာကို အင်္ဂလိပ်အက္ခရာ W နဲ့တူလို့ W-sitting ထိုင်နည်းလို့ခေါ်တယ်။ ရောဂါအနေနဲ့မစဉ်းစားသေးခင် အဲလိုထိုင်ရတာက ပိုအဆင်ပြေလို့ထိုင်ကြတာ ဖြစ်တယ်။ လူကြီးတွေလည်း ထိုင်ကြပါတယ်။ ဒီထိုင်နည်းမှာ အောက်ခြေဂွင်ကျယ်လို့ အဆင်ပြေတယ်။ ဒါပေမယ့် အထက်ပိုင်းလှုပ်ရှားမှုကတော့ နည်းစေတယ်။ ဘယ်-ညာနှစ်ဖက်ပူးတွဲလုပ်စရာလည်း နည်းစေတယ်။

ကလေးမှာ Hip Distortion တင်ပါးလွဲနေသလား၊ Knee and Foot Distortion ဒူးနဲ့ခြေပိုင်းလွဲနေသလား၊ Poor Development of Core Muscles အဓိကကြွက်သားတွေဖွံ့ဖြိုးမှုအားနည်းနေသလား၊ Lack of Cross-Body Coordination ကိုယ်ဘယ်-ညာပူးတွဲလုပ်ဆောင်မှုအားနည်းနေသလား စစ်ဆေးသင့်တယ်။ Hamstring, Hip adductors, Calves andAchillestendonsကြွက်သားတွေတင်းနေတာဖြစ်စေနိုင်တယ်။

Hypertonia or Spasticity ကြွက်သားအားနည်းတာရှိရင် ရှိနေရင်ပိုဆိုးစေမယ်။ W-sitting ထိုင်တာကြာရင် ခြေထောက်ကြွက်သားတွေ အားနည်းစေနိုင်တယ်။ Pigeon toed walking ခိုသွားနည်းလို့ ခေါ်တယ်။ ခါးနဲ့ တင်ပါးပိုင်းနာစေနိုင်တယ်။ ခြေဖဝါးပြားနေနိုင်တယ်။

အဲလိုလုပ်ရမှာနည်းနေတာတွေ့ရင် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်လို့ ထိုင်နည်းပြင်ပေးသင့်ပါတယ်။ မိဘတွေစိတ်ရှည်ပေးပါ။ အဲလိုထိုင်တာ ကလေးစိတ်ဝေဒနာကြောင့် မဟုတ်ပါ။ စိုးရိမ်စရာကို လိုတာထက်တော့ မပိုစေလိုပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာတင့်ဆွေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top