Property Expo
×

  ျပည္ၿမိဳ႕ လမ္းရွည္လမ္းရွိ Vivo Smart Phone ႐ံုးခြဲ တာဝန္ခံတ႐ုတ္ႏုိင္ငံသားသည္ အလုပ္ သမားမ်ား၏အခြင့္ေရး ခ်ိဳးေဖာက္သည္ဆိုကာ ဝန္ထမ္းမ်ားက အ လုပ္သမားၫႊန္ၾကားမႈဦးစီးဌာန ႐ံုးသုိ႔ ထပ္မံတုိင္ၾကားထားေၾကာင္း သတင္းရရွိသည္။

‘‘အခု အသစ္ေရာက္လာတဲ့ တာဝန္ခံက အရင္တာဝန္ခံနဲ႔ သေဘာတူညီမႈေတြကို မလိုက္ ေလ်ာဘူးလို႔ ဝန္ထမ္းေတြက တုိင္ၾကားလာတာေၾကာင့္ ညႇိႏိႈင္းေျဖ ရွင္းေပးသြားမယ္။ ဆုိင္ရွင္တာဝန္ခံေတြက ဘယ္လုိပဲေျပာင္းလဲပါ ေစ၊ ဥပေဒအရ ညႇိႏိႈင္းသေဘာတူ ထားတဲ့ စာခ်ဳပ္အတုိင္း ေဆာင္ ရြက္ရမွာပါ။ အလုပ္ရွင္အေနနဲ႔ အလုပ္သမားဥပေဒနဲ႔အညီ မေဆာင္ရြက္ဘူး၊ ခ်ိဳးေဖာက္ရင္ ေတာ့ ဥပေဒအရပဲ ေဆာင္ရြက္ သြားမွာပါ’’ဟု ျပည္ခ႐ိုင္ အလုပ္ ႐ံုႏွင့္ အလုပ္သမားဥပေဒစစ္ေဆး ေရးဦးစီးဌာန တာဝန္ရွိသူတစ္ဦး က ေျပာၾကားသည္။

ဇူလုိင္ ၂၇ ရက္က ျပည္ၿမိဳ႕ ရွိ Vivo ဖုန္းအေရာင္းဆုိင္ဝန္ထမ္း မ်ား အလုပ္သမားအခြင့္အေရး ေတာင္းဆိုမႈေၾကာင့္ အလုပ္ရွင္၊ အလုပ္သမားညႇိႏိႈင္းဖ်န္ေျဖေရး အဖြဲ႕က ေနျပည္ေတာ္ရွိ Vivo Smart Phone အေထြေထြမန္ေန ဂ်ာ ေယာင္မင္ (Yong Ming)ႏွင့္ ညႇိႏိႈင္းေဆြးေႏြးခဲ့သည္။

ညႇိႏိႈင္းေဆြးေႏြးမႈမ်ားေၾကာင့္ အလုပ္သမား၊ အလုပ္ရွင္သေဘာတူညီစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေသာ္လည္း သေဘာတူညီခ်က္မ်ားကို လိုက္နာမႈမရွိေသာေၾကာင့္ ထပ္မံတုိင္ၾကားရျခင္းျဖစ္ေၾကာင္းအေရာင္းဝန္ထမ္းမ်ားက ေျပာၾကားသည္။

 ‘‘အရင္ ဆုိင္တာဝန္ခံနဲ႔ သေဘာတူစာခ်ဳပ္ထားတာေတြ ကို မလိုက္နာဘဲ ဝန္ထမ္းေတြကို ဖိအားေတြေပးခိုင္းတယ္။ ေရာင္း အားမရွိတဲ့ ဆုိင္ေတြကို ေျပာင္း တယ္။ အလုပ္အပိုခ်ိန္ေတြ ဝန္ ထမ္းေတြမလုပ္ခ်င္လည္း ခိုင္း တယ္။ ေနာက္ဆံုး ကိုယ့္ဟာ ကိုယ္ စိတ္ပ်က္ၿပီး ထြက္သြား ေအာင္လုပ္တဲ့ပံုစံမ်ိဳးပါ။ အလုပ္ သမားအခြင့္အေရး ေတာင္းဆိုခဲ့ တဲ့ ဝန္ထမ္းအေတာ္မ်ားမ်ား ေတာင္ ထြက္သြားၾကၿပီ။ ကြၽန္ ေတာ္တုိ႔လည္း အလုပ္ထြက္ ေတာ့မွာပါ’’ဟု Vivo ဖုန္းအေရာင္းဝန္ထမ္း ကိုမင္းသက္ပိုင္က ေျပာ သည္။

ျပည္ၿမိဳ႕ရွိ Vivo ဖုန္းအေရာင္းဆိုင္ဝန္ထမ္း ၁၀ ဦးက ဆုိင္ တာဝန္ခံ တ႐ုတ္ႏုိင္ငံသားသည္ သေဘာတူညီထားသည့္ အလုပ္ သမား အခြင့္အေရးခ်ိဳးေဖာက္ သည္ဆိုကာ တိုင္ၾကားခဲ့၍ ေအာက္တုိဘာ ၂ ရက္တြင္ ျပည္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ံုး၌ အလုပ္ရွင္၊ အလုပ္သမားညႇိႏိႈင္း ဖ်န္ေျဖေရးအဖြဲ႕က ညႇိႏိႈင္းေျဖရွင္းေပးမည္ျဖစ္ေၾကာင္း ျပည္ခ႐ိုင္အ လုပ္သမားၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

ထို႔အျပင္ ျပည္ၿမိဳ႕ Vivo ဖုန္း အေရာင္းဆုိင္တာဝန္ခံ တ႐ုတ္ ႏိုင္ငံသား Mr.Du Xin သည္ ျပည္ၿမိဳ႕တြင္ တရားဝင္လာေရာက္ေန ထိုင္ျခင္း ဟုတ္၊ မဟုတ္ စစ္ေဆး လ်က္ရွိေၾကာင္း ျပည္ၿမိဳ႕နယ္ လူ ဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္ အားဦးစီးဌာနမွ သိရသည္။

Credit:7Day Daily

#Unicode Version
  ပြည်မြို့ လမ်းရှည်လမ်းရှိ Vivo Smart Phone ရုံးခွဲ တာဝန်ခံတရုတ်နိုင်ငံသားသည် အလုပ် သမားများ၏အခွင့်ရေး ချိုးဖောက်သည်ဆိုကာ ဝန်ထမ်းများက အ လုပ်သမားညွှန်ကြားမှုဦးစီးဌာန ရုံးသို့ ထပ်မံတိုင်ကြားထားကြောင်း သတင်းရရှိသည်။

‘‘အခု အသစ်ရောက်လာတဲ့ တာဝန်ခံက အရင်တာဝန်ခံနဲ့ သဘောတူညီမှုတွေကို မလိုက် လျောဘူးလို့ ဝန်ထမ်းတွေက တိုင်ကြားလာတာကြောင့် ညှိနှိုင်းဖြေ ရှင်းပေးသွားမယ်။ ဆိုင်ရှင်တာဝန်ခံတွေက ဘယ်လိုပဲပြောင်းလဲပါ စေ၊ ဥပဒေအရ ညှိနှိုင်းသဘောတူ ထားတဲ့ စာချုပ်အတိုင်း ဆောင် ရွက်ရမှာပါ။ အလုပ်ရှင်အနေနဲ့ အလုပ်သမားဥပဒေနဲ့အညီ မဆောင်ရွက်ဘူး၊ ချိုးဖောက်ရင် တော့ ဥပဒေအရပဲ ဆောင်ရွက် သွားမှာပါ’’ဟု ပြည်ခရိုင် အလုပ် ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ဇူလိုင် ၂၇ ရက်က ပြည်မြို့ ရှိ Vivo ဖုန်းအရောင်းဆိုင်ဝန်ထမ်း များ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကြောင့် အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေး အဖွဲ့က နေပြည်တော်ရှိ Vivo Smart Phone အထွေထွေမန်နေ ဂျာ ယောင်မင် (Yong Ming)နှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ညှိနှိုင်းဆွေးနွေးမှုများကြောင့် အလုပ်သမား၊ အလုပ်ရှင်သဘောတူညီစာချုပ် ချုပ်ဆိုခဲ့သော်လည်း သဘောတူညီချက်များကို လိုက်နာမှုမရှိသောကြောင့် ထပ်မံတိုင်ကြားရခြင်းဖြစ်ကြောင်းအရောင်းဝန်ထမ်းများက ပြောကြားသည်။

 ‘‘အရင် ဆိုင်တာဝန်ခံနဲ့ သဘောတူစာချုပ်ထားတာတွေ ကို မလိုက်နာဘဲ ဝန်ထမ်းတွေကို ဖိအားတွေပေးခိုင်းတယ်။ ရောင်း အားမရှိတဲ့ ဆိုင်တွေကို ပြောင်း တယ်။ အလုပ်အပိုချိန်တွေ ဝန် ထမ်းတွေမလုပ်ချင်လည်း ခိုင်း တယ်။ နောက်ဆုံး ကိုယ့်ဟာ ကိုယ် စိတ်ပျက်ပြီး ထွက်သွား အောင်လုပ်တဲ့ပုံစံမျိုးပါ။ အလုပ် သမားအခွင့်အရေး တောင်းဆိုခဲ့ တဲ့ ဝန်ထမ်းအတော်များများ တောင် ထွက်သွားကြပြီ။ ကျွန် တော်တို့လည်း အလုပ်ထွက် တော့မှာပါ’’ဟု Vivo ဖုန်းအရောင်းဝန်ထမ်း ကိုမင်းသက်ပိုင်က ပြော သည်။

ပြည်မြို့ရှိ Vivo ဖုန်းအရောင်းဆိုင်ဝန်ထမ်း ၁၀ ဦးက ဆိုင် တာဝန်ခံ တရုတ်နိုင်ငံသားသည် သဘောတူညီထားသည့် အလုပ် သမား အခွင့်အရေးချိုးဖောက် သည်ဆိုကာ တိုင်ကြားခဲ့၍ အောက်တိုဘာ ၂ ရက်တွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြည်ခရိုင်အ လုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ထို့အပြင် ပြည်မြို့ Vivo ဖုန်း အရောင်းဆိုင်တာဝန်ခံ တရုတ် နိုင်ငံသား Mr.Du Xin သည် ပြည်မြို့တွင် တရားဝင်လာရောက်နေ ထိုင်ခြင်း ဟုတ်၊ မဟုတ် စစ်ဆေး လျက်ရှိကြောင်း ပြည်မြို့နယ် လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top