Property Expo
×

ဗီဒီယုိမ်ားမွ်ေဝတဲ့ ဝန္ေဆာင္မႈ Vine ကုိ ပိတ္သိမ္းသြားေတာ့မယ္လုိ႕ တြစ္တာက ေၾကညာလိုက္ပါတယ္။ Vine ကုိ စတင္ခဲ့မႈ ေလးႏွစ္ခန္႕ၾကာၿပီးေနာက္ ပိတ္သိမ္းရန္ တြစ္တာက ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

တြစ္တာရဲ႕ Vine မွာ အသံုးျပဳသူေတြက ၆ စကၠန္႕ၾကာ ဗီဒီယုိမ်ား မွ်ေဝႏုိင္ပါတယ္။ Vine ကုိ ပိတ္သိမ္းတဲ့ အေၾကာင္းရင္းကုိ တြစ္တာက မေျပာခဲ့ေပမဲ့ ဆုိ႐ွယ္နက္ဝပ္ခ္နယ္ပယ္မွာ တုိးတက္မႈ ေႏွးေကြးလာတာေၾကာင့္ ၎ရဲ႕ ဝန္ထမ္းအင္အား ၉ ရာခုိင္ႏႈန္းကုိ ေလွ်ာ့ခ်သြားမယ္လို႕ ၾကာသပေတးေန႕ အေစာပိုင္းက ထုတ္ျပန္ထားခဲ့ပါတယ္။

လာမယ့္ လအနည္းငယ္မွာ Vine မုိဘုိင္းအက္ပလီေကး႐ွင္း ဝန္ေဆာင္မႈကို ဆက္လက္ လုပ္ကုိင္ေတာ့မွာ မဟုတ္ေၾကာင္း တြစ္တာက ၎ရဲ႕ဘေလာ့မွာ ေရးသားေဖာ္ျပထားပါတယ္။

တြစ္တာက Vine ကုိ ၂၀၁၂ ခုႏွစ္မွာ အေမရိကန္ေဒၚလာ သန္း ၃၀ ျဖင့္ ဝယ္ယူခဲ့ၿပီး အသုံးျပဳသူေတြကုိ ပုိမုိဆြဲေဆာင္ႏုိင္ရန္ လုပ္ေဆာင္ခဲ့ေပမဲ့ ထင္သေလာက္ ေအာင္ျမင္မႈမရခဲ့ေၾကာင္း သုံးသပ္မႈအခ်ဳိ႕လည္း ႐ွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC

#Unicode Version

ဗီဒီယိုများမျှဝေတဲ့ ဝန်ဆောင်မှု Vine ကို ပိတ်သိမ်းသွားတော့မယ်လို့ တွစ်တာက ကြေညာလိုက်ပါတယ်။ Vine ကို စတင်ခဲ့မှု လေးနှစ်ခန့်ကြာပြီးနောက် ပိတ်သိမ်းရန် တွစ်တာက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တွစ်တာရဲ့ Vine မှာ အသုံးပြုသူတွေက ၆ စက္ကန့်ကြာ ဗီဒီယိုများ မျှဝေနိုင်ပါတယ်။ Vine ကို ပိတ်သိမ်းတဲ့ အကြောင်းရင်းကို တွစ်တာက မပြောခဲ့ပေမဲ့ ဆိုရှယ်နက်ဝပ်ခ်နယ်ပယ်မှာ တိုးတက်မှု နှေးကွေးလာတာကြောင့် ၎င်းရဲ့ ဝန်ထမ်းအင်အား ၉ ရာခိုင်နှုန်းကို လျှော့ချသွားမယ်လို့ ကြာသပတေးနေ့ အစောပိုင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

လာမယ့် လအနည်းငယ်မှာ Vine မိုဘိုင်းအက်ပလီကေးရှင်း ဝန်ဆောင်မှုကို ဆက်လက် လုပ်ကိုင်တော့မှာ မဟုတ်ကြောင်း တွစ်တာက ၎င်းရဲ့ဘလော့မှာ ရေးသားဖော်ပြထားပါတယ်။

တွစ်တာက Vine ကို ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ဝယ်ယူခဲ့ပြီး အသုံးပြုသူတွေကို ပိုမိုဆွဲဆောင်နိုင်ရန် လုပ်ဆောင်ခဲ့ပေမဲ့ ထင်သလောက် အောင်မြင်မှုမရခဲ့ကြောင်း သုံးသပ်မှုအချို့လည်း ရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top