Kantharyar Centre
×

အဆုိေတာ္ကေန ဒီဇုိင္နာဘက္ေျပာင္းသြားတဲ့ Victoria Beckham က သူမရဲ႕ အသားအေရ က်န္းမာေကာင္းမြန္ေနေစဖုိ႔ ဆာမြန္ငါးကို ေန႔စဥ္ မီွဝဲစားသုံးတယ္လုိ႔ သိရပါတယ္။

အသက္ ၄၂ ႏွစ္အရြယ္ ဗစ္တိုးရီးယားဘက္ခမ္းက "သူမအသားအေရ အျမဲတမ္း ေကာင္းမေနခဲ့ပါဘူး။ ဒါေပမယ့္ ၾကည္လင္ဝင္းပတဲ့ အသားအေရ ရရိွပုိင္ဆုိင္ေအာင္ အဆီမ်ားတဲ့ငါးေတြ စားၾကည့္ဖုိ႔ သူမရဲ႕ အေရျပားအထူးကုဆရာဝန္က ေျပာခဲ့တယ္" လုိ႔ famalefirst.co.uk က ေဖာ္ျပထားပါတယ္။

"က်မမွာ အသားအေရပိုင္း အခက္အခဲျဖစ္ေလ့ရိွလုိ႔ သူ (အေရျပားအထူးကုဆရာဝန္) က ဆာမြန္ငါးေန႔တုိင္းစားရမယ္" လုိ႔ က်မကို ေျပာပါတယ္။ "တကယ္… ေန႔တုိင္း?" လုိ႔ ေျပာေတာ့။ "ဟုတ္တယ္… မနက္စာ၊ ေန႔လည္စာ သုိ႔မဟုတ္ ညေနစာတစ္ခုခုအျဖစ္ ေန႔တုိင္းစားရမယ္" လုိ႔ သူက ေျပာဆုိခဲ့ေၾကာင္း ဗစ္တုိးရိးယားဘက္ခမ္းက The Edit Magazine ကို ေျပာျပခဲ့ပါတယ္။

ယခင္ Spice Girl အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ သူမမွာ ျပည့္စုံေကာင္းမြန္တဲ့ အသားအေရရရိွပိုင္ဆုိင္ထားမႈ ဂုဏ္ယူဝင့္ၾကြားေနစဥ္မွာ ဖက္ရွင္အမွားအယြင္းမ်ားစြာ လုပ္ေဆာင္မိခဲ့ေၾကာင္းလည္း သူမ ေဝမွ်ခဲ့ပါတယ္။

"က်မ ဖက္ရွင္အမွားမ်ားစြာ လုပ္မိခဲ့ေပမယ့္ တကယ္ေတာ့့ ဒါေတြကို အမွားလုိ႔ မျမင္မိဘူး။ ရံဖန္ရံခါ ရယ္ရေပမယ့္ ဘယ္ဟာေၾကာင့္မွ အရွက္ရ သိမ္ငယ္တာမ်ဳိး မျဖစ္ပါဘူး"လုိ႔ ဗစ္တုိးရီးယားဘက္ခမ္းက ေျပာဆုိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အဆိုတော်ကနေ ဒီဇိုင်နာဘက်ပြောင်းသွားတဲ့ Victoria Beckham က သူမရဲ့ အသားအရေ ကျန်းမာကောင်းမွန်နေစေဖို့ ဆာမွန်ငါးကို နေ့စဉ် မှီဝဲစားသုံးတယ်လို့ သိရပါတယ်။

အသက် ၄၂ နှစ်အရွယ် ဗစ်တိုးရီးယားဘက်ခမ်းက "သူမအသားအရေ အမြဲတမ်း ကောင်းမနေခဲ့ပါဘူး။ ဒါပေမယ့် ကြည်လင်ဝင်းပတဲ့ အသားအရေ ရရှိပိုင်ဆိုင်အောင် အဆီများတဲ့ငါးတွေ စားကြည့်ဖို့ သူမရဲ့ အရေပြားအထူးကုဆရာဝန်က ပြောခဲ့တယ်" လို့ famalefirst.co.uk က ဖော်ပြထားပါတယ်။

"ကျမမှာ အသားအရေပိုင်း အခက်အခဲဖြစ်လေ့ရှိလို့ သူ (အရေပြားအထူးကုဆရာဝန်) က ဆာမွန်ငါးနေ့တိုင်းစားရမယ်" လို့ ကျမကို ပြောပါတယ်။ "တကယ်… နေ့တိုင်း?" လို့ ပြောတော့။ "ဟုတ်တယ်… မနက်စာ၊ နေ့လည်စာ သို့မဟုတ် ညနေစာတစ်ခုခုအဖြစ် နေ့တိုင်းစားရမယ်" လို့ သူက ပြောဆိုခဲ့ကြောင်း ဗစ်တိုးရိးယားဘက်ခမ်းက The Edit Magazine ကို ပြောပြခဲ့ပါတယ်။

ယခင် Spice Girl အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ သူမမှာ ပြည့်စုံကောင်းမွန်တဲ့ အသားအရေရရှိပိုင်ဆိုင်ထားမှု ဂုဏ်ယူဝင့်ကြွားနေစဉ်မှာ ဖက်ရှင်အမှားအယွင်းများစွာ လုပ်ဆောင်မိခဲ့ကြောင်းလည်း သူမ ဝေမျှခဲ့ပါတယ်။

"ကျမ ဖက်ရှင်အမှားများစွာ လုပ်မိခဲ့ပေမယ့် တကယ်တော့ ဒါတွေကို အမှားလို့ မမြင်မိဘူး။ ရံဖန်ရံခါ ရယ်ရပေမယ့် ဘယ်ဟာကြောင့်မှ အရှက်ရ သိမ်ငယ်တာမျိုး မဖြစ်ပါဘူး"လို့ ဗစ်တိုးရီးယားဘက်ခမ်းက ပြောဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top