Kantharyar Centre
×

ျပည္တြင္း ပုဂၢလိက ဘဏ္ KBZ သည္ ႏုိင္ငံတကာ ေငြေပးေခ်ေရးကုမၸဏီ UPI ႏွင့္ ပူးေပါင္း၍ အေႂကြးဝယ္ကတ္ႏွစ္ မ်ိဳးကို ေအာက္တိုဘာ ၁၈ ရက္ တြင္ မိတ္ဆက္ခဲ့သည္။

အဆိုပါ အေႂကြးဝယ္ကတ္ အသံုးျပဳသူမ်ားသည္ ကုန္ပစၥည္း ဝယ္ယူျခင္းႏွင့္ ဝန္ေဆာင္မႈလုပ္ ငန္းမ်ားအား ေငြေပးေခ်ျခင္းတု႔ိ သာမက ေငြသားထုတ္ယူမႈမ်ား ကိုလည္း သံုးစြဲသူတစ္ဦးခ်င္းစီ၏ ဘ႑ာေရး အေျခအေနအေပၚ မူတည္၍  ကန္႔သတ္ခ်က္ျဖင့္ ေဆာင္ရြက္ႏုိင္မည္ဟု သတင္း ထုတ္ျပန္သည္။

‘‘သူငယ္ခ်င္းေတြနဲ႔ မိတ္ဆံု စားပြဲျပဳလုပ္ဖို႔ျဖစ္ျဖစ္၊ အားလပ္ ရက္မွာ ႏုိင္ငံရပ္ျခားခရီးသြားဖို႔ ျဖစ္ျဖစ္၊ ေငြေၾကးစီမံခန္႔ခြဲဖို႔ပဲျဖစ္ ျဖစ္ အေႂကြးဝယ္ကတ္နဲ႔ ေျဖရွင္း ႏုိင္ပါၿပီ’’ဟု ကေမၻာဇဘဏ္ လီမိ တက္ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးေအာင္ေက်ာ္မ်ိဳးက ေျပာသည္။

 ကေမၻာဇဘဏ္သည္ အ ေႂကြးဝယ္ကတ္ကို Classic ႏွင့္ Platinum ဟူ၍ ႏွစ္မ်ိဳးထုတ္လုပ္ ထားၿပီး Classic ကတ္အမ်ိဳးအ စားကို လစာ က်ပ္သံုးသိန္းႏွင့္ အထက္ ဝင္ေငြရွိသူမ်ား သံုးစြဲႏုိင္ ကာ Platinum ကတ္ကို လစာ က်ပ္သိန္း ၂၀ ႏွင့္အထက္ ဝင္ေငြရွိသူမ်ား အသံုးျပဳႏုိင္မည္ျဖစ္ သည္။ ယင္းအေႂကြးဝယ္ကတ္ အသံုးျပဳသူမ်ားသည္ သတ္မွတ္ အခ်ိန္ကာလအတြင္း သံုးစြဲထား ေသာ ေငြေၾကးမ်ားကို ျပန္လည္ေပးသြင္းပါက အတုိးႏႈန္းေပးရန္ မလိုအပ္ဘဲ သတ္မွတ္ခ်ိန္ေက်ာ္ လြန္မွသာ ႏွစ္စဥ္အတိုးႏႈန္း ၁၃ ရာခုိင္ႏႈန္းေပးေဆာင္ရမည္ျဖစ္ သည္။ၿပီးခဲ့သည့္ ဇူလုိင္ ၂၈ ရက္ က ျပည္တြင္းပုဂၢလိကဘဏ္တစ္ ခုျဖစ္ေသာ ဧရာဝတီဘဏ္ (AYA)သည္ UPI (UnionPay Interna-tional)ႏွင့္ ပူးေပါင္းကာ အေႂကြး ဝယ္ကတ္ႏွင့္ ေငြေပးေခ်ကတ္တို႔ ကို မိတ္ဆက္ခဲ့သည္။

လက္ရွိတြင္ ျပည္တြင္း၌ MPU-UPI Co-branded (ျမန္မာေငြ ေပးေခ်ေရး ဝန္ေဆာင္မႈအဖြဲ႕ႏွင့္ UPI တုိ႔ ပူးေပါင္းထား ေသာကတ္) မ်ားကို အာရွစိမ္း လန္းမႈ ဖြံ႕ၿဖိဳးေရးဘဏ္ (AGD)၊ သမဝါယမဘဏ္ (CB Bank)၊ ျမန္မာအေရွ႕တုိင္းဘဏ္ (MOB) ႏွင့္ ဧရာဝတီဘဏ္ (AYA)တုိ႔က ထုတ္လုပ္ထားေၾကာင္း သတင္း ရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပြည်တွင်း ပုဂ္ဂလိက ဘဏ် KBZ သည် နိုင်ငံတကာ ငွေပေးချေရေးကုမ္ပဏီ UPI နှင့် ပူးပေါင်း၍ အကြွေးဝယ်ကတ်နှစ် မျိုးကို အောက်တိုဘာ ၁၈ ရက် တွင် မိတ်ဆက်ခဲ့သည်။

အဆိုပါ အကြွေးဝယ်ကတ် အသုံးပြုသူများသည် ကုန်ပစ္စည်း ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုလုပ် ငန်းများအား ငွေပေးချေခြင်းတု့ိ သာမက ငွေသားထုတ်ယူမှုများ ကိုလည်း သုံးစွဲသူတစ်ဦးချင်းစီ၏ ဘဏ္ဍာရေး အခြေအနေအပေါ် မူတည်၍  ကန့်သတ်ချက်ဖြင့် ဆောင်ရွက်နိုင်မည်ဟု သတင်း ထုတ်ပြန်သည်။

‘‘သူငယ်ချင်းတွေနဲ့ မိတ်ဆုံ စားပွဲပြုလုပ်ဖို့ဖြစ်ဖြစ်၊ အားလပ် ရက်မှာ နိုင်ငံရပ်ခြားခရီးသွားဖို့ ဖြစ်ဖြစ်၊ ငွေကြေးစီမံခန့်ခွဲဖို့ပဲဖြစ် ဖြစ် အကြွေးဝယ်ကတ်နဲ့ ဖြေရှင်း နိုင်ပါပြီ’’ဟု ကမ္ဘောဇဘဏ် လီမိ တက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မျိုးက ပြောသည်။

 ကမ္ဘောဇဘဏ်သည် အ ကြွေးဝယ်ကတ်ကို Classic နှင့် Platinum ဟူ၍ နှစ်မျိုးထုတ်လုပ် ထားပြီး Classic ကတ်အမျိုးအ စားကို လစာ ကျပ်သုံးသိန်းနှင့် အထက် ဝင်ငွေရှိသူများ သုံးစွဲနိုင် ကာ Platinum ကတ်ကို လစာ ကျပ်သိန်း ၂၀ နှင့်အထက် ဝင်ငွေရှိသူများ အသုံးပြုနိုင်မည်ဖြစ် သည်။ ယင်းအကြွေးဝယ်ကတ် အသုံးပြုသူများသည် သတ်မှတ် အချိန်ကာလအတွင်း သုံးစွဲထား သော ငွေကြေးများကို ပြန်လည်ပေးသွင်းပါက အတိုးနှုန်းပေးရန် မလိုအပ်ဘဲ သတ်မှတ်ချိန်ကျော် လွန်မှသာ နှစ်စဉ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ် သည်။ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက် က ပြည်တွင်းပုဂ္ဂလိကဘဏ်တစ် ခုဖြစ်သော ဧရာဝတီဘဏ် (AYA)သည် UPI (UnionPay Interna-tional)နှင့် ပူးပေါင်းကာ အကြွေး ဝယ်ကတ်နှင့် ငွေပေးချေကတ်တို့ ကို မိတ်ဆက်ခဲ့သည်။


လက်ရှိတွင် ပြည်တွင်း၌ MPU-UPI Co-branded (မြန်မာငွေ ပေးချေရေး ဝန်ဆောင်မှုအဖွဲ့နှင့် UPI တို့ ပူးပေါင်းထား သောကတ်) များကို အာရှစိမ်း လန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ သမဝါယမဘဏ် (CB Bank)၊ မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ဧရာဝတီဘဏ် (AYA)တို့က ထုတ်လုပ်ထားကြောင်း သတင်း ရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top