Property Expo
×

NCA လက္မွတ္မေရးထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္တပ္ေပါင္းစု ကိုယ္စားလွယ္အဖြဲ႕ UNFC နဲ႔ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ေအာက္တိုဘာ ၁၅ ရက္ ေဆြးေႏြးပြဲမွာ NCA  ဆိုင္ရာတပ္ေပါင္းစုက တင္ျပထားတဲ့ အခ်က္ရွစ္ခ်က္ကို ညႇိႏႈိင္းသြားမယ္လို႔ သိရပါတယ္။

တစ္ႏိုင္ငံလံုးအပစ္အခတ္ ရပ္စဲဖို႔ ေၾကညာခ်က္ကို သေဘာတူညီမႈရရွိၿပီး ၂၄ နာရီအတြင္းအစိုးရနဲ႔ တပ္မေတာ္က ထုတ္ျပန္ေၾကညာၿပီး ၄၈ နာရီအတြင္း UNFC အဖြဲ႕၀င္ အဖြဲ႕အစည္းေတြက အသီးသီးထုတ္ျပန္ေၾကညာၾကဖို႔ ဆိုတဲ့ အခ်က္အပါအ၀င္ ရွစ္ခ်က္ကို အစိုးရထံ UNFC ကတင္ျပ ထားတယ္လို႔ ဆိုပါတယ္။

NCA လက္မွတ္မေရးထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ခုနစ္ဖြဲ႕ပါ၀င္တဲ့ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဖက္ဒရယ္ ေကာင္စီ(UNFC)ရဲ႕ ႏိုင္ငံေရးဆုိင္ရာ ညႇိႏႈိင္းေဆြးေႏြးေရး ကိုယ္စားလွယ္အဖဲြ႕ (DPN)နဲ႔ ေဒါက္တာတင္မ်ိဳး၀င္း ဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ေနျပည္ေတာ္မွာ ေအာက္တိုဘာလ ၁၅ ရက္မွာ ေတြ႕ဆံု ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily

Unicode Version

NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု ကိုယ်စားလှယ်အဖွဲ့ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ အောက်တိုဘာ ၁၅ ရက် ဆွေးနွေးပွဲမှာ NCA  ဆိုင်ရာတပ်ပေါင်းစုက တင်ပြထားတဲ့ အချက်ရှစ်ချက်ကို ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲဖို့ ကြေညာချက်ကို သဘောတူညီမှုရရှိပြီး ၂၄ နာရီအတွင်းအစိုးရနဲ့ တပ်မတော်က ထုတ်ပြန်ကြေညာပြီး ၄၈ နာရီအတွင်း UNFC အဖွဲ့ဝင် အဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်ကြေညာကြဖို့ ဆိုတဲ့ အချက်အပါအဝင် ရှစ်ချက်ကို အစိုးရထံ UNFC ကတင်ပြ ထားတယ်လို့ ဆိုပါတယ်။

NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ(UNFC)ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်မှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top