Property Expo
×
Credit: လိုတရ
#Unicode Version
 ငယ်ရွယ်နုပျိုသည့် ဇာတ်ဆောင်များကြား ချိုမြိန်သည့် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားသည့် "Love in the Moonlight" ဒရာမာဇာတ် လမ်းတွဲသည် သုံးပတ်မြောက်အထိ လူကြိုက်အများဆုံး ရုပ်သံ chart ၏ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု စက်တင်ဘာလ (27) တွင်ရရှိထားသော သတင်းအချက်အလက်များအရ သိရသည်။
တက်သစ်စသရုပ်ဆောင်များဖြစ်သည့် Park Bo-gum နှင့် Kim You-jung တို့ အဓိကပါဝင်သရုပ်ဆောင်ထား သည့် အဆိုပါ KBS ဇာတ်လမ်းတွဲသည် Park ၏ ချစ်စဖွယ်ဇာတ်ကောင်စရိုက်ဖြင့် ကြည့်ရှုသူအမျိုးသမီးပရိ သတ်များကိုဆွဲဆောင်ဖမ်းစားနိုင်ခဲ့ကာ လူမှုမီဒီယာများတွင်ရေပန်းအစားဆုံးဇာတ်ကားတစ်ကားဖြစ်လာသည်။
အသက် (23) အရွယ်အဆိုပါမင်းသားသည် မိန်းမစိုးအသွင်ဟန်ဆောင်သည့် အမျိုးသမီး (Kim). နှင့် ချစ်ကြိုက်မိသော ဂျိုဆွန်းမင်းဆက် (1392-1910) ၏ အိမ်ရှေ့စံမင်းသား Lee Yeong အဖြစ် ပါဝင်သရုပ်ဆောင် ထားသည်။
စက်တင်ဘာလ၏ တတိယအပတ်တွင် အဆိုပါဒရာမာဇာတ်လမ်းတွဲသည် ၎င်း၏ရမှတ်ပေါင်း (286.1) မှတ်ဖြင့် Content Power Index (CPI) ၏ ထိပ်ဆုံး၌ရပ်တည်ခဲ့သည်။
 Entertainment ကုမ္ပဏီဖြစ်သည့် CJ E&M နှင့် မီဒီယာနှုန်းထားကုမ္ပဏီ Nielsen Korea မှ ထုတ်ပြန်သည့် အညွှန်းကိန်းများမှာ ဆက်နွယ်နေသည့်သတင်းများ၏ ကြည့်ရှုသူအရေအတွက်၊ အဓိကစကားလုံးရှာဖွေမှုများ နှင့် လူမှုမီဒီယာများရှိ ဖော်ပြချက်များကို အခြေခံ၍ ရုပ်သံရှိုးများ၏ လူကြိုက်များမှုကို တွက်ချက်တိုင်းတာ ဖော်ပြနေပါသည်။ အချိန်တိုင်းအနှစ်သက်ဆုံးဖြစ်သည့် ရသစုံလင်ရှိုး "Infinite Challenge" က အမှတ်ပေါင်း (262.5) မှတ်ဖြင့် ဒုတိယနေရာတွင်ရပ်တည်နေပြီး SBS ဇာတ်လမ်းတွဲ "Moon Lovers: Scarlet Heart Ryeo" သည် အမှတ် ပေါင်း (250.1) မှတ်ဖြင့်တတိယနေရာတွင်ရပ်တည်နေသည်။
Lee Joon-gi နှင့် IU တို့ အဓိကပါဝင်သရုပ်ဆောင်သည့် "Moon Lovers: Scarlet Heart Ryeo" ဇာတ်လမ်း တွဲသည် နာမည်ကြီးသရုပ်ဆောင်များပါဝင်သည့် ဇာတ်ကားဖြစ်သော်လည်း ကြည့်ရှုမှုနှုန်းနှင့်လူကြိုက်များမှုနှုန်း တွင် တစ်ချိန်တည်းပြသသည့် ၎င်း၏ပြိုင်ဘက်ဖြစ်သော "Love in the Moonlight" ဇာတ်လမ်းတွဲ၏နောက်တွင် သာရပ်တည်နေသည်။
သိပ္ပံစိ်တ်ကူးယဉ်ဒရာမာဇာတ်လမ်း "W" သည် ယင်းတစ်ပတ်တည်းမှာပင် ရမှတ်ပေါင်း (230.5) မှတ်ဖြင့် စတုတ္ထနေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။ MBC သီချင်းဆိုပြိုင်ပွဲရှိုးဖြစ်သည့် "The King of Mask Singer" သည် ရမှတ်ပေါင်း (218.8) မှတ်ဖြင့် ဆဌမနေရာတွင်ရပ်တည်နေခဲ့သည်။
MBC ရသစုံလင်ဖျော်ဖြေရေးရှိုးဖြစ်သည့် "The Real Men"သည် အဆင့် (14) နေရာမှ ရမှတ်ပေါင်း (208.9) မှတ်ဖြင့် အဆင့် (9) နေရာထိအဆင့်တက်ခဲ့သည်။
အဆိုပါရှိုးကို စစ်မှုထမ်းဘဝအတွေ့အကြုံရှိသည့် အနုပညာရှင်များဖြင့် ရိုက်ကူးပုံဖော်ထားသည်။
စက်တင်ဘာလ (11) ရက်နေ့ကထုတ်လွှင့်ပြသခဲ့သည့် အပိုင်းတွင် ကြေးစား လက်ဝှေ့သမားဟောင်းအဖြစ် ပီပြင် စွာသရုပ်ဆောင်ခဲ့သည့် မင်းသမီး Lee Si-young သည် ကြည့်ရှုသူများအား ဆွဲဆောင်ဖမ်းစားနိုင်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတောျ (www.phothutaw.com)
Credit: လိုတရ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top