Property Expo
×

ရီပတ္ဘလစ္ကန္ သမၼတေလာင္း Donald Trump ဟာ ေရွ႕လထဲက်င္းပမယ့္ အေမရိကန္ သမၼတေရြးေကာက္ပဲြမွာ သူအႏုိင္ရခဲ့ရင္၊ လူ၀င္မႈႀကီးၾကပ္ေရး လုပ္ငန္းေတြ ျပဳျပင္ေျပာင္းလဲေရး၊ အေမရိကန္လူလတ္တန္းစားေတြ အခြန္ေပးေဆာင္ေနရတာေတြကုိ ၃၅ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေရး စတာေတြကုိ ရက္ေပါင္း ၁၀၀ အတြင္း ေဆာင္ရြက္္မယ္လုိ႔ ေျပာဆုိလုိက္ပါတယ္။

အေမရိကန္ကုိ တရားမ၀င္ ၀င္ေရာက္လာေနတာေတြကုိ ဟန္႔တားဖုိ႔ ခုိး၀င္လာသူေတြကုိ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေထာင္ ၂ ႏွစ္ခ်ေရး ျပဌာန္းမယ္လုိ႔ ေျပာဆုိိခဲ့တာပါ။ ရာဇ၀တ္မႈက်ဳးလြန္ဖူးတဲ့ ေနာက္ခံရာဇ၀င္ရွိသူေတြ၊ အနည္းဆုံး ၂ ႀကိမ္ ေနရပ္ရင္းျပန္ပုိ႔ခံရဖူးသူေတြကုိေတာ့ အျမင့္ဆုံး ေထာင္ ၅ ႏွစ္အထိ အျပစ္ေပးမယ္လုိ႔လည္း ဆုိပါတယ္။

တုိင္းျပည္သာယာ၀ေျပာေရး၊ လူမႈအသုိင္းအ၀ုိင္းၾကား လုံၿခံဳမႈရွိေစေရးနဲ႔ သန္႔ရွင္းတဲ့အစုိးရတရပ္ ေပၚေပါက္လာေအာင္၊ ႏုိ၀င္ဘာ ၈ ရက္ သမၼတ ေရြးေကာက္ပဲြမွာ အေမရိကန္ ႏုိင္ငံသားေတြ ဒီရက္ ၁၀၀ စီမံကိန္းကုိ မဲေပးက်မွာ ျဖစ္တယ္လုိ႔လည္း Pennsylvania ျပည္နယ္ Gettysburg ၿမိဳ႕က မိန္႔ခြန္းထဲမွာ ေျပာဆုိခဲ့တာပါ။ Trump မိန္႔ခြန္းေျပာခဲ့တဲ့ Gettysburg ၿမိဳ႕မွာပဲ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၅၃ ႏွစ္တုန္းက သမၼတ Abraham Lincoln ဟာလည္း သမုိင္း၀င္မိန္႔ခြန္းတရပ္ ေျပာဆုိိခဲ့ဖူးၿပီး၊ တုိင္းျပည္မွာ ျပည္တြင္းစစ္ျဖစ္ခဲ့ရတဲ့အထိ သေဘာထား ကဲြျပားမႈေတြ ေပၚေပါက္ခဲ့သလို၊ အေမရိကန္ကုိ လမ္းေၾကာင္းေျပာင္းခဲ့တဲ့အထိ ျဖစ္ခဲ့ဖူးပါတယ္။

ကြန္ဂရက္လႊတ္ေတာ္အမတ္ေတြ တာ၀န္ယူႏုိင္တဲ့ သက္တမ္းကုိ ကန္႔သတ္ဖုိ႔၊ ဗဟုိအစုိးရ၀န္ထမ္းေတြ ခန္႔အပ္ခြင့္ကုိ ဆုိင္းငံ့ထားဖုိ႔၊ အစုိးရရဲ႕ လုပ္ထုံး လုပ္နည္းေတြကုိ ေလွ်ာ့ခ်ဖုိ႔၊ အိမ္ျဖဴေတာ္နဲ႔ လႊတ္ေတာ္မွာ အမႈထမ္းခဲ့ဖူးသူေတြ တာ၀န္က အနားယူၿပီးတဲ့အခါ၊ ျပင္ပမွာ စည္း႐ုံးလႈပ္ရွားသူေတြအျဖစ္ လုပ္ခြင့္မေပးဘဲ တားျမစ္ထားဖုိ႔ေတြကုိလည္း Trump က အဆုိျပဳခဲ့ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗြီအိုေအ (ျမန္မာပုိင္း)


Unicode Version

ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump ဟာ ရှေ့လထဲကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ရင်၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး၊ အမေရိကန်လူလတ်တန်းစားတွေ အခွန်ပေးဆောင်နေရတာတွေကို ၃၅ ရာခိုင်နှုန်း လျှော့ချရေး စတာတွေကို ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်ကို တရားမဝင် ဝင်ရောက်လာနေတာတွေကို ဟန့်တားဖို့ ခိုးဝင်လာသူတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ၂ နှစ်ချရေး ပြဌာန်းမယ်လို့ ပြောဆိိုခဲ့တာပါ။ ရာဇဝတ်မှုကျုးလွန်ဖူးတဲ့ နောက်ခံရာဇဝင်ရှိသူတွေ၊ အနည်းဆုံး ၂ ကြိမ် နေရပ်ရင်းပြန်ပို့ခံရဖူးသူတွေကိုတော့ အမြင့်ဆုံး ထောင် ၅ နှစ်အထိ အပြစ်ပေးမယ်လို့လည်း ဆိုပါတယ်။

တိုင်းပြည်သာယာဝပြောရေး၊ လူမှုအသိုင်းအဝိုင်းကြား လုံခြုံမှုရှိစေရေးနဲ့ သန့်ရှင်းတဲ့အစိုးရတရပ် ပေါ်ပေါက်လာအောင်၊ နိုဝင်ဘာ ၈ ရက် သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန် နိုင်ငံသားတွေ ဒီရက် ၁၀၀ စီမံကိန်းကို မဲပေးကျမှာ ဖြစ်တယ်လို့လည်း Pennsylvania ပြည်နယ် Gettysburg မြို့က မိန့်ခွန်းထဲမှာ ပြောဆိုခဲ့တာပါ။ Trump မိန့်ခွန်းပြောခဲ့တဲ့ Gettysburg မြို့မှာပဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၃ နှစ်တုန်းက သမ္မတ Abraham Lincoln ဟာလည်း သမိုင်းဝင်မိန့်ခွန်းတရပ် ပြောဆိိုခဲ့ဖူးပြီး၊ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ရတဲ့အထိ သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်ခဲ့သလို၊ အမေရိကန်ကို လမ်းကြောင်းပြောင်းခဲ့တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။

ကွန်ဂရက်လွှတ်တော်အမတ်တွေ တာဝန်ယူနိုင်တဲ့ သက်တမ်းကို ကန့်သတ်ဖို့၊ ဗဟိုအစိုးရဝန်ထမ်းတွေ ခန့်အပ်ခွင့်ကို ဆိုင်းငံ့ထားဖို့၊ အစိုးရရဲ့ လုပ်ထုံး လုပ်နည်းတွေကို လျှော့ချဖို့၊ အိမ်ဖြူတော်နဲ့ လွှတ်တော်မှာ အမှုထမ်းခဲ့ဖူးသူတွေ တာဝန်က အနားယူပြီးတဲ့အခါ၊ ပြင်ပမှာ စည်းရုံးလှုပ်ရှားသူတွေအဖြစ် လုပ်ခွင့်မပေးဘဲ တားမြစ်ထားဖို့တွေကိုလည်း Trump က အဆိုပြုခဲ့ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:ဗွီအိုအေ (မြန်မာပိုင်း)





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top