Kantharyar Centre
×

Ascend Group ရဲ႕ လုပ္ငန္းခြဲတစ္ခုျဖစ္တဲ့ TrueMoney Transfer က TrueMoney Myanmar နဲ သူ႔ရဲ႕ေငြလႊဲ၀န္ေဆာင္မႈ TrueMoney Transfer ကို ေအာက္တိုဘာလ ၁၃ ရက္ေန႕က ကန္ေတာ္ၾကီးပဲေလ့စ္ဟိုတယ္မွာ  မိတ္ဆက္အခမ္းအနားျပဳလုပ္ခဲ့ပါတယ္။

TrueMoney ဟာ Ascend စီးပြားေရးအုပ္စုရဲ႕ လုပ္ငန္းခြဲတစ္ခုျဖစ္ျပီး ထုိင္းႏုိင္ငံမွျမန္မာႏုိင္ငံသို႕ေရာက္ရွိလာတဲ့ အခ်ိန္ကုိက္ေငြလႊဲ၀န္ေဆာင္မႈတစ္ခုကို ဖန္တီးေပးခဲ့တဲ့ ပထမဦးဆံုးေငြေပးေခ်ျခင္း၀န္ေဆာင္မႈလုပ္ငန္းျဖစ္ပါတယ္။ ဘဏ္အေကာင့္မရွိသူေတြနဲ႕ေရႊ႕ေျပာင္းလုပ္သားေတြအေနနဲ႔ ၄င္းတို႕ခ်စ္ခင္သူမ်ားထံသို႕လံုျခံဳစြာေငြေပးပို႕ႏုိင္ဖို႔၊ ကုန္က်စရိတ္မ်ားတဲ့အတြက္ စိတ္ခ်ရမႈမရွိတဲ့ တရားမ၀င္ေငြလႊဲ၀န္ေဆာင္မႈမ်ား မဟုတ္ေသာ အျခားေရြးခ်ယ္ႏုိင္ခြင့္တစ္ခုကုိရရွိေစဖို႔အတြက္ TrueMoney က TrendMoney Transfer ေငြလႊဲ၀န္ေဆာင္မႈကို ဖန္တီးခဲ့ျခင္းပါ။

ဒါ့အျပင္ ၂၀၁၆ ႏွစ္ကုန္ပုိင္းမွာ ထိုင္းႏုိင္ငံမွာရွိလာမဲ့ TrueMoney Transfer ဆုိင္ေပါင္း ၂၅၀ ဆုိင္ႏွင့္ ျမန္မာႏုိင္ငံတြင္ရွိလာမယ့္ ဆုိင္ေပါင္း ၆၈၁ ဆုိင္တို႕မွေပးအပ္မဲ့ ေငြလက္ခံသူအား ၀န္ေဆာင္စရိတ္မေကာက္ခံပဲ အလြန္သက္သာေသာ ကုန္က်စရိတ္တို႕နဲ႔ အလြယ္တကူ ရရွိအသံုးျပဳႏုိင္တဲ့ ၀န္ေဆာင္မႈတစ္ခုျဖစ္ပါတယ္။ ၂၀၁၆ ႏွစ္ကုန္ပုိင္းမွာေတာ့ ျမန္မာႏုိင္ငံမွာTrueMoney Transfer ဆိုင္ေပါင္း ၆၈၁ ဆိုင္ရွိလာမွာျဖစ္ၿပီး ေရႊ႕ေျပာင္းလုပ္သားေတြရဲ႕ ဇာတိျမိဳ႕ေတြျဖစ္တဲ့ မြန္၊ တနသၤာရီ၊ ကရင္၊ ရွမ္း၊ ရန္ကုန္၊ ပဲခူးတို႕စတဲ့ျမိဳ႕ေတြရဲ႕ ၉၁ ရာခုိင္ႏႈန္းကို လႊမ္းျခံဳသြားမွာျဖစ္ပါတယ္။

TrueMoney ျမန္မာေငြလႊဲ၀န္ေဆာင္မႈရဲ႕ ၀န္ေဆာင္ခႏႈန္းထားမ်ားကေတာ့ ၁၀၀၀ မွ ၁၀၀၀၀၀ ကို ၆၅၀က်ပ္၊ ၁၀၀၀၀၀ မွ ၃၀၀၀၀၀ ကုိ ၁၃၀၀ က်ပ္၊ ၃၀၀၀၀၀ မွ ၇၀၀၀၀၀ ကုိ ၂၃၀၀ က်ပ္ နဲ႕ ၇၀၀၀၀၀ မွ ၁၀၀၀၀၀၀ ကုိ ၃၃ ႏႈန္းထားသာ က်သင့္မွာပါ။ ဒီ TrueMoney Transfer ဟာ ထုိင္းႏိုင္ငံမွျမန္မာႏုိင္ငံသို႕ေငြလႊဲေျပာင္းျခင္းကိုသာ ခြင့္ျပဳတယ္လို႕လဲသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version
Ascend Group ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ TrueMoney Transfer က TrueMoney Myanmar နဲ သူ့ရဲ့ငွေလွှဲဝန်ဆောင်မှု TrueMoney Transfer ကို အောက်တိုဘာလ ၁၃ ရက်နေ့က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ  မိတ်ဆက်အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

TrueMoney ဟာ Ascend စီးပွားရေးအုပ်စုရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ရောက်ရှိလာတဲ့ အချိန်ကိုက်ငွေလွှဲဝန်ဆောင်မှုတစ်ခုကို ဖန်တီးပေးခဲ့တဲ့ ပထမဦးဆုံးငွေပေးချေခြင်းဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။ ဘဏ်အကောင့်မရှိသူတွေနဲ့ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ၎င်းတို့ချစ်ခင်သူများထံသို့လုံခြုံစွာငွေပေးပို့နိုင်ဖို့၊ ကုန်ကျစရိတ်များတဲ့အတွက် စိတ်ချရမှုမရှိတဲ့ တရားမဝင်ငွေလွှဲဝန်ဆောင်မှုများ မဟုတ်သော အခြားရွေးချယ်နိုင်ခွင့်တစ်ခုကိုရရှိစေဖို့အတွက် TrueMoney က TrendMoney Transfer ငွေလွှဲဝန်ဆောင်မှုကို ဖန်တီးခဲ့ခြင်းပါ။

ဒါ့အပြင် ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာရှိလာမဲ့ TrueMoney Transfer ဆိုင်ပေါင်း ၂၅၀ ဆိုင်နှင့် မြန်မာနိုင်ငံတွင်ရှိလာမယ့် ဆိုင်ပေါင်း ၆၈၁ ဆိုင်တို့မှပေးအပ်မဲ့ ငွေလက်ခံသူအား ဝန်ဆောင်စရိတ်မကောက်ခံပဲ အလွန်သက်သာသော ကုန်ကျစရိတ်တို့နဲ့ အလွယ်တကူ ရရှိအသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ၂၀၁၆ နှစ်ကုန်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာTrueMoney Transfer ဆိုင်ပေါင်း ၆၈၁ ဆိုင်ရှိလာမှာဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဇာတိမြို့တွေဖြစ်တဲ့ မွန်၊ တနင်္သာရီ၊ ကရင်၊ ရှမ်း၊ ရန်ကုန်၊ ပဲခူးတို့စတဲ့မြို့တွေရဲ့ ၉၁ ရာခိုင်နှုန်းကို လွှမ်းခြုံသွားမှာဖြစ်ပါတယ်။

TrueMoney မြန်မာငွေလွှဲဝန်ဆောင်မှုရဲ့ ဝန်ဆောင်ခနှုန်းထားများကတော့ ၁၀၀၀ မှ ၁၀၀၀၀၀ ကို ၆၅၀ကျပ်၊ ၁၀၀၀၀၀ မှ ၃၀၀၀၀၀ ကို ၁၃၀၀ ကျပ်၊ ၃၀၀၀၀၀ မှ ၇၀၀၀၀၀ ကို ၂၃၀၀ ကျပ် နဲ့ ၇၀၀၀၀၀ မှ ၁၀၀၀၀၀၀ ကို ၃၃ နှုန်းထားသာ ကျသင့်မှာပါ။ ဒီ TrueMoney Transfer ဟာ ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ငွေလွှဲပြောင်းခြင်းကိုသာ ခွင့်ပြုတယ်လို့လဲသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top