
Credit: duwun
#Unicode Version
Big Bang အဖွဲ့ဝင် T.O.P ဟာ မိတ်ကပ်အမှတ်တံဆိပ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ သတင်းရပါတယ်။
သရုပ်ဆောင် အဆိုတော် ဟန်ဂျူရီရဲ့ 'b&A Celeb's Secret' အမည်ရှိ မိတ်ကပ်မှာ T.O.P က ပါဝင်မြှုပ်နှံလိုက်တာဖြစ်ပါတယ်။ ဟန်ဂျူရီဟာ အသားအရေထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်နေတာပါ။
'b&A Celeb's Secret' အမှတ်တံဆိပ်ရဲ့ မျက်နှာအလှအပထိန်းသိမ်းရေးပစ္စည်းတွေကိုလည်း နာမည်ကျော်ကြားသူပေါင်းများစွာနဲ့ ကြော်ငြာခဲ့ပါတယ်။ ဂျူရီရဲ့ T.O.P တို့ဟာ ၁၀ နှစ်ကြာ ခင်မင်လာသူတွေမို့ ယခုလိုပူးပေါင်းဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: duwun