Kantharyar Centre
×





Credit: 7 day daily

#Unicode Version

တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၆ အတွက် သြဇာလွှမ်းမိုးမှု အရှိဆုံး ဆယ်ကျော်သက် ၃၀ ဦး စာရင်းတွင် ဟောလိဝုဒ်ကြယ်ပွင့် ဝီလ်စမစ်၏သား အဆိုတော်မင်း သား ဂျာဒန်စမစ် ပါဝင်လာသည်။

ယင်းစာရင်းတွင် အမေရိ ကန် Reality ရုပ်သံအစီအစဉ် ကြယ်ပွင့် ကိုင်လီဂျန်နာလည်း ပါဝင်နေရာ ၎င်းကို ချစ်မြတ်နိုး ကြောင်း ဂျာဒန်စမစ်က ဖွင့်ဟ ဝန်ခံသည်။

ဟောလိဝုဒ်၏ လစာ အကောင်းဆုံး ဆယ်ကျော်သက် သရုပ်ဆောင် ဂျာဒန်ဒစမ်သည် သမားရိုးကျ ယဉ်ကျေးမှုကို တော် လှန်ပြောင်းလဲခြင်းကြောင့် ဂုဏ် ပြုခံရပြီးနောက် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ မီဒီယာဆုလည်း ရရှိခဲ့သည်။

ဂျာဒန်စမစ်သည် ယခုနှစ်အတွင်း The Get Downဟစ် ဟော့ပ်ဂီတ အခန်းဆက် ဇာတ် လမ်းတွင် ပါဝင်သရုပ်ဆောင် ထားပြီး တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၆သြဇာလွှမ်းမိုးမှုအရှိဆုံး ဆယ် ကျော်သက်များစာရင်း၌ သမ္မတ အိုဘားမား၏သမီးနှစ်ဦနှင့်အတူ ပါဝင်လာခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top