Kantharyar Centre
×




Credit:Trend Myanmar

#Unicode Version
အမျိုးသမီးတွေအနေနဲ့ GYM တွေ ဆော့မယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံမှန် လုပ်ကြပေမယ့် ညဘက်တွေမှာ သူငယ်ချင်းတွေနဲ့ သောက်ချင်တာမျိုး၊ အပြင်သွားပြီး အပြင်စားလေးတွေ ကစ်ချင်တတ်ကြပါတယ်။ ဒါပေမယ့် အဆုံးသတ်က ဘာဖြစ်မှာလဲ အဆီတက်မှာလား ဆိုတဲ့ စိုးရိမ်ပူပန်မှုက ရှိနေကြပြန်ရော။ အဲ့ဒီလို လူမျိုးတွေအတွက် သတင်းကောင်းလေးရှိနေပါတယ်။

မကြာသေးခင်က လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ တက်ခီလာ (tequila) သောက်ခြင်းဟာ သင့်ကို ပိုနေတဲ့ဝိတ်တောင် ကျစေနိုင်ပါတယ်တဲ့။ လေ့လာတွေ့ရှိချက်ထဲမှာ တက်ခီလာ အပင်မှာ သွေးချိုဖြစ်စေတဲ့ဓာတ်ကို လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိနေတယ်လို့ ဆိုထားတဲ့အပြင် ဝိတ်လည်း ကျစေပါတယ်တဲ့။ သူဟာ ဂလူးကို့စ် level ကို လျှော့ချပစ်လိုက်ပြီး GLP-1ကို တိုးမြှင့်လိုက်တာကြောင့်ပါ။ ဒါ့အပြင် သူဟာ ခန္ဓာကိုယ်က ပြုလုပ်တဲ့ အင်ဆူလင်ပမာဏကိုလည်း တိုးမြှင့်ပေးပါတယ်။

ကဲ ပျိုမေတွေ ညဘက် Night Out လုပ်တဲ့အခါ ဘာသောက်ရမလဲ သိပ်ခေါင်းစားစရာ မလိုတော့ဘူးနော်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top