ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

Taxi Call Center ႏွင့္ လာေရာက္ပူးေပါင္းေသာ အငွား ယာဥ္ေမာင္းမ်ား အိမ္ပုိင္ဆုိင္မႈမ ရွိပါက လစာမွအရစ္က်ျပန္လည္ ေပးေဆာင္ေစသည့္စနစ္ျဖင့္ ကိုယ္ပုိင္တုိက္ခန္း ပုိင္ဆုိင္ႏုိင္ရန္ ပံ့ပုိးကူညီမည္ျဖစ္ေၾကာင္း Taxi Call Center(TCC) အငွားယာဥ္ ၀န္ေဆာင္မႈ ကုမၸဏီမွ သတင္းရရွိသည္။

TCC ကုမၸဏီႏွင့္လာေရာက္ ပူးေပါင္းမည့္တကၠစီယာဥ္ေမာင္း မ်ားကို အင္တာဗ်ဴး၍ စာခ်ဳပ္တစ္ ခုခ်ဳပ္ဆိုမည္ျဖစ္ၿပီး ကုမၸဏီတြင္ သုံးႏွစ္ေမာင္းႏွင္ပါက တစ္လလွ်င္ ယာဥ္ေမာင္းမ်ား၏ လစာထဲမွ က်ပ္ ငါးေသာင္းမွ ခုနစ္ေသာင္း ၾကားစုေပးမည္ျဖစ္ေၾကာင္း TCC ကုမၸဏီမွ တာ၀န္ရွိသူဦး၀ႆန္ထြန္းက ေျပာသည္။

‘‘ယာဥ္ေမာင္းအေနျဖင့္ သံုး ႏွစ္ၿပီးရင္သိန္းႏွစ္ဆယ္၀န္းက်င္ ေလာက္ရမယ္။ သူတုိ႔ဘက္က တုိက္ခန္းလုိခ်င္ရင္ ကၽြန္ေတာ္တုိ႔ ဘက္က အာမခံေငြစုိက္ေပးမယ္’’ ဟု ၎ကေျပာသည္။

ယာဥ္ေမာင္းမ်ားကိုလက္ရွိ အခ်ိန္တြင္ ပုံမွန္အတုိင္းေမာင္း ႏွင္ခြင့္ျပဳထားၿပီး အသင္း၀င္ျဖစ္လာပါက ကုမၸဏီ၏ လုပ္ေဆာင္မည့္ အခ်က္မ်ားကို ခ်ျပမည္ဟုဆုိသည္။

အသင္း၀င္ေရာက္ၿပီး ရက္ ၃၀မွ ၄၅ ရက္အတြင္း၌ ျပင္ပတြင္ စိတ္ႀကိဳက္ေမာင္းႏွင္ႏုိင္ၿပီးေနာက္ပုိင္းတြင္ TCC ကုမၸဏီက စည္းကမ္းခ်က္မ်ား ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 ‘‘၄၅ရက္ ေနာင္ပုိင္းမွာေတာ့ ကၽြန္ေတာ္တို႔ ေအာ္ဒါေပးမွကား ထြက္ရမယ္။ ေအာ္ဒါမေပးရင္ မ ထြက္ရဘူး။ ကၽြန္ေတာ္တုိ႔ဘက္က တကယ္လုိ႔ ေအာ္ဒါမေပးႏုိင္ရင္ တစ္လမွာ ရွစ္သိန္းေျခာက္ေသာင္းပတ္၀န္းက်င္ရေအာင္ ရွာေပးမယ္။ မရရင္ ကၽြန္ေတာ္တို႔ဘက္က စုိက္ထည့္ေပးမယ္’’ဟု ဦး၀ႆန္ထြန္းကဆုိသည္။

 ကုမၸဏီက စုိက္ေပးမည့္ က်ပ္ရွစ္သိန္းေျခာက္ေသာင္းမွာ စက္သုံးဆီ၊ အုံနာေၾကး၊ ယာဥ္ ေမာင္းစရိတ္အားလုံးပါ၀င္မည္ ျဖစ္ၿပီး ယာဥ္ေမာင္းရမည့္အခ်ိန္ႏွင့္ နားရက္မ်ားမ်ားကို TCC ကုမၸဏီက သတ္မွတ္ေပးမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

 TCC ကုမၸဏီမွလုပ္ေဆာင္ မည့္ အထက္ပါ အခ်က္မ်ားကို တုိင္းေဒသႀကီး အစုိးရထံ တင္ ျပထားၿပီး ျပန္ၾကားမႈ တစ္စုံတစ္ ရာမရရွိေသးေၾကာင္းသိရသည္။

TCC အငွားယာဥ္၀န္ေဆာင္မႈကို ၂၀၁၅ စက္တင္ဘာ ၁၉ရက္တြင္ စတင္ေဆာင္ရြက္ခဲ့ၿပီး တကၠစီအစီးေရ ၄၀ေက်ာ္ျဖင့္ ၀န္ ေဆာင္မႈေပးလ်က္ရွိေၾကာင္း သ တင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

Taxi Call Center နှင့် လာရောက်ပူးပေါင်းသော အငှား ယာဉ်မောင်းများ အိမ်ပိုင်ဆိုင်မှုမ ရှိပါက လစာမှအရစ်ကျပြန်လည် ပေးဆောင်စေသည့်စနစ်ဖြင့် ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်နိုင်ရန် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း Taxi Call Center(TCC) အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီမှ သတင်းရရှိသည်။

TCC ကုမ္ပဏီနှင့်လာရောက် ပူးပေါင်းမည့်တက္ကစီယာဉ်မောင်း များကို အင်တာဗျူး၍ စာချုပ်တစ် ခုချုပ်ဆိုမည်ဖြစ်ပြီး ကုမ္ပဏီတွင် သုံးနှစ်မောင်းနှင်ပါက တစ်လလျှင် ယာဉ်မောင်းများ၏ လစာထဲမှ ကျပ် ငါးသောင်းမှ ခုနစ်သောင်း ကြားစုပေးမည်ဖြစ်ကြောင်း TCC ကုမ္ပဏီမှ တာဝန်ရှိသူဦးဝဿန်ထွန်းက ပြောသည်။

‘‘ယာဉ်မောင်းအနေဖြင့် သုံး နှစ်ပြီးရင်သိန်းနှစ်ဆယ်ဝန်းကျင် လောက်ရမယ်။ သူတို့ဘက်က တိုက်ခန်းလိုချင်ရင် ကျွန်တော်တို့ ဘက်က အာမခံငွေစိုက်ပေးမယ်’’ ဟု ၎င်းကပြောသည်။

ယာဉ်မောင်းများကိုလက်ရှိ အချိန်တွင် ပုံမှန်အတိုင်းမောင်း နှင်ခွင့်ပြုထားပြီး အသင်းဝင်ဖြစ်လာပါက ကုမ္ပဏီ၏ လုပ်ဆောင်မည့် အချက်များကို ချပြမည်ဟုဆိုသည်။

အသင်းဝင်ရောက်ပြီး ရက် ၃၀မှ ၄၅ ရက်အတွင်း၌ ပြင်ပတွင် စိတ်ကြိုက်မောင်းနှင်နိုင်ပြီးနောက်ပိုင်းတွင် TCC ကုမ္ပဏီက စည်းကမ်းချက်များ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ‘‘၄၅ရက် နောင်ပိုင်းမှာတော့ ကျွန်တော်တို့ အော်ဒါပေးမှကား ထွက်ရမယ်။ အော်ဒါမပေးရင် မ ထွက်ရဘူး။ ကျွန်တော်တို့ဘက်က တကယ်လို့ အော်ဒါမပေးနိုင်ရင် တစ်လမှာ ရှစ်သိန်းခြောက်သောင်းပတ်ဝန်းကျင်ရအောင် ရှာပေးမယ်။ မရရင် ကျွန်တော်တို့ဘက်က စိုက်ထည့်ပေးမယ်’’ဟု ဦးဝဿန်ထွန်းကဆိုသည်။

 ကုမ္ပဏီက စိုက်ပေးမည့် ကျပ်ရှစ်သိန်းခြောက်သောင်းမှာ စက်သုံးဆီ၊ အုံနာကြေး၊ ယာဉ် မောင်းစရိတ်အားလုံးပါဝင်မည် ဖြစ်ပြီး ယာဉ်မောင်းရမည့်အချိန်နှင့် နားရက်များများကို TCC ကုမ္ပဏီက သတ်မှတ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 TCC ကုမ္ပဏီမှလုပ်ဆောင် မည့် အထက်ပါ အချက်များကို တိုင်းဒေသကြီး အစိုးရထံ တင် ပြထားပြီး ပြန်ကြားမှု တစ်စုံတစ် ရာမရရှိသေးကြောင်းသိရသည်။

TCC အငှားယာဉ်ဝန်ဆောင်မှုကို ၂၀၁၅ စက်တင်ဘာ ၁၉ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တက္ကစီအစီးရေ ၄၀ကျော်ဖြင့် ဝန် ဆောင်မှုပေးလျက်ရှိကြောင်း သ တင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top