Property Expo
×

ကမၻာ့ေက်ာ္အဆုိေတာ္ Taylor Swift ရဲ႕ပထမဆံုးအေခြထြက္ရွိခဲ့တဲ့ အခ်ိန္ဟာ ခုဆိုရင္ ၁၀ႏွစ္ေတာင္ ရွိသြားျပီဆုိတာ ဘယ္သူမွသတိျပဳမိၾကမွာ မဟုတ္ပါဘူး။ ၁၀ႏွစ္အတြင္း သီခ်င္းပံုစံအေျပာင္းအလဲေတြ၊ သူမရဲ႕ၾကိဳးစားအားထုတ္မႈေတြ အမ်ားၾကီးပိုလာခဲ့တာမုိ႕ Taylor Swift ကေတာ့ဒါနဲ႕ပတ္သက္ျပီး အျမဲကိုယ့္ကိုကုိယ္ ျပန္လည္သံုးသပ္ျဖစ္ေနတယ္လုိ႕ ဆိုပါတယ္။

ဒါနဲ႕ပတ္သက္ျပီး Taylor Swift က သူမရဲ႕ instagram account မွာ ဟိုးအရင္ခ်ိန္ေတြတုန္းက ရုိက္ကူးထားတဲ့ ဂစ္တာတီးေနတဲ့ပံုေလးကို တနၤလာေန႕က ျပန္ပို႕စ္လုပ္ရင္း သူမရဲ႕ပရိသတ္ေတြကို ေက်းဇူးတင္စကား ဆုိသြားခဲ့ပါတယ္။ အဲ့ဒီမွာ သူမ ေရးသားထားတာက "ဒီေန႕ထက္ ေက်းဇူးတရားကို ခ်ီးမြမ္းရမယ့္ေန႕ မရွိေတာ့ပါဘူး။ အရင္အခ်ိန္ေတြကို ျပန္ေတြးၾကည့္ရင္ က်ြန္မတုိ႕ ဘယ္ေလာက္ ေပ်ာ္ရႊင္စရာအခ်ိန္ေတြ ၾကံဳေတြ႕ခဲ့ရသလဲဆုိတာ ေရတြက္ဖုိ႕ေတာင္ ခက္ခဲပါတယ္။ ျပီးေတာ့ က်ြန္မခ်စ္ရတဲ့ ပရိသတ္ေတြဟာ က်ြန္မကို ေျပာင္းလဲသြားေအာင္၊ အရည္အခ်င္းေတြပိုတုိးတက္လာေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ရပါတယ္။ က်ြန္မအတြက္ေတာ့ ဒါေတြအားလံုးဟာ စြန္႕စားမႈၾကီးတစ္ခုလိုပါပဲ။ အားလံုးကို ေက်းဇူးတင္တဲ့အေၾကာင္း ေျပာပါရေစ"တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ကမ္ဘာကျော်အဆိုတော် Taylor Swift ရဲ့ပထမဆုံးအခွေထွက်ရှိခဲ့တဲ့ အချိန်ဟာ ခုဆိုရင် ၁၀နှစ်တောင် ရှိသွားပြီဆိုတာ ဘယ်သူမှသတိပြုမိကြမှာ မဟုတ်ပါဘူး။ ၁၀နှစ်အတွင်း သီချင်းပုံစံအပြောင်းအလဲတွေ၊ သူမရဲ့ကြိုးစားအားထုတ်မှုတွေ အများကြီးပိုလာခဲ့တာမို့ Taylor Swift ကတော့ဒါနဲ့ပတ်သက်ပြီး အမြဲကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး Taylor Swift က သူမရဲ့ instagram account မှာ ဟိုးအရင်ချိန်တွေတုန်းက ရိုက်ကူးထားတဲ့ ဂစ်တာတီးနေတဲ့ပုံလေးကို တင်္နလာနေ့က ပြန်ပို့စ်လုပ်ရင်း သူမရဲ့ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုသွားခဲ့ပါတယ်။ အဲ့ဒီမှာ သူမ ရေးသားထားတာက "ဒီနေ့ထက် ကျေးဇူးတရားကို ချီးမွမ်းရမယ့်နေ့ မရှိတော့ပါဘူး။ အရင်အချိန်တွေကို ပြန်တွေးကြည့်ရင် ကျွန်မတို့ ဘယ်လောက် ပျော်ရွှင်စရာအချိန်တွေ ကြုံတွေ့ခဲ့ရသလဲဆိုတာ ရေတွက်ဖို့တောင် ခက်ခဲပါတယ်။ ပြီးတော့ ကျွန်မချစ်ရတဲ့ ပရိသတ်တွေဟာ ကျွန်မကို ပြောင်းလဲသွားအောင်၊ အရည်အချင်းတွေပိုတိုးတက်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရပါတယ်။ ကျွန်မအတွက်တော့ ဒါတွေအားလုံးဟာ စွန့်စားမှုကြီးတစ်ခုလိုပါပဲ။ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ပြောပါရစေ"တဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top