Property Expo
×




Credit : Duwun

#Unicode Version

အောက်တိုဘာ(၂)ရက်နေ့ကတော့ အဆိုတော် လင်းလင်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ကို  ချစ်ဇနီး ချစ်သုဝေက  မွေးနေ့ Surprise ပြုလုပ်ပေးခဲ့သလို သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ကြည်နူးစရာ စာသားလေးတစ်ချို့ကို ရေးသားထားပါတယ်။

"သည်းတုန်ရယ် ပူးညိုရယ် ဗိုက်ဗိုက်ထဲက သမီးလေးနှစ်ယောက်ရယ် ဖေကြီးမွေးနေ့လေးက ပျော်စရာပါကွယ်။ ဒီမိသားစုလေးဟာ သည်းတုန်ရဲ့"ကမ္ဘာ"ပါ။  မွေးနေ့လေးကစလို အရင်အတိုင်း အခုအတိုင်းနောင် အချစ် မလျော့ပဲ အတူတူရှေ့ဆက်ကြမယ်နော်။  ဘေပူးချစ်တဲ့ အနုပညာကို လိပ်ပြာသန့်သန့် လှပစွာ စိတ်တိုင်းကျ ပုံဖော်နိုင်ပါစေ။  ရိုးသားတဲ့ ဘေပူး ရှုပ်ထွေးပွေလီလှတဲ့ လူ့လောကကို အံတုပြီး အလံမလဲဖြောင့်မှန်စွာ ဆက်လက် လျောက်လှမ်းနိုင်ပါစေ။  ချစ်တဲ့.. မေကြီးဖြစ်တော့မယ့် သည်းတုန်" လို့ ရေးသားထားပါတယ်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် မန္တလေးကို ရောက်ရှိနေပြီဖြစ်တဲ့ လင်းလင်းရဲ့ မွေးနေ့ကိုတော့ ချစ်သုဝေက ဦးစား Surprise လုပ်တာ ဖြစ်ပြီး လင်းလင်းလိုချင်တဲ့ ဂစ်တာ effect ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top