Property Expo
×





Credit: duwun

#Unicode Version

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြင်တွေ့ရမယ့် ပုံမှန်လပြည့်ထက် အရွယ်အစား ပိုမိုကြီးမားတဲ့ Supermoon ဖြစ်စဉ် သုံးခုအနက် ပထမဆုံးအကြိမ်အဖြစ် ယနေ့ (အောက်တိုဘာ ၁၆ ရက်) ညမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်ညမှာ လမင်းကြီးကို ပုံမှန်လပြည့်ညတွေထက် ပိုမိုကြီးမားတဲ့အရွယ် မြင်တွေ့နေရမှာပါ။ Supermoon ကို မြင်တွေ့ရချိန်မှာ လမင်းဟာ ကမ္ဘာမြေနဲ့ ၂၂၂,၃၆၅ မိုင်အကွာကို ရောက်ရှိလာပြီး အနည်းငယ်ပိုနီးလာပါတယ်။

လနဲ့ကမ္ဘာကြား ပုံမှန်အကွာအဝေးမှာ ၂၃၈,၈၅၅ မိုင် ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်ညမှာ မြင်တွေ့ရမယ့် လမင်းကြီးဟာ ပုံမှန် လပြည့်ညတွေထက် ၁၆ ရာခိုင်နှုန်း ပိုမိုကြီးမားနေမှာ ဖြစ်ပါတယ်။

ယခုနှစ် သီတင်းကျွတ်လပြည့်ညမှာ ကောင်းကင်ကို မော့ကြည့်ရင်း ပိုမိုကြီးမားတဲ့ လမင်းကြီးကို ခံစားလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top