Property Expo
×

ပံုမွာ ျမင္ေတြ႔ရတဲ့ အသက္ ၁၉ ႏွစ္အရြယ္ အမ်ိဳးသမီးဟာ အိပ္ယာေပၚမွာ အိပ္ရင္း ရုတ္တရက္ကြယ္လြန္သြားပါတယ္။ က်န္းမာေရး အေကာင္းပကတိရွိေပမယ့္ အေၾကာင္းျပခ်က္မရွိ ေသျခင္းျဖစ္ျပီး သ႔ူကို အဂၤလိပ္လို SUDS လို႔ေခၚပါတယ္။
Sudden unexpected death syndrome ျဖစ္ပါတယ္။ ယင္းဟာ လူငယ္ေတြမွာ အျဖစ္မ်ားပါတယ္။ အထူးသျဖင့္ အေရွ႕ေတာင္အာရွမွာ အျဖစ္မ်ားတဲ့ ေဝဒနာတစ္ခုျဖစ္ေၾကာင္း ဆုိပါတယ္။ စစ္တမ္းအရ အေရွ႕ေတာင္အာရွမွာ လူငယ္ေတြ ကားအက္ဆီးဒန္႔ျဖစ္တာထက္ SUDS နဲ႔ ကြယ္လြန္တဲ့ အေရအတြက္က မ်ားေၾကာင္း ဆုိပါတယ္။

ယခု ပံုပါ အမ်ိဳးသမီးကေတာ့ အသက္ ၁၉ ႏွစ္အရြယ္ ျဗိတိန္မွ အမ်ိဳးသမီး ျဖစ္ျပီး အိပ္စက္ေနစဥ္ ကြယ္လြန္သြားျခင္း ျဖစ္ပါတယ္။ ယင္းမတုိင္ခင္လည္း ဘာ က်န္းမာေရး အားနည္းခ်က္မ်ားမွ မရွိခဲ့ ပါဘူး။ က်န္းမာေရး အေကာင္းပကတိကေန ကြယ္လြန္ျခင္း ျဖစ္ရပ္အတြက္ ဆရာဝန္မ်ားလည္း စစ္ေဆးတာ ဘာ ျပစ္ခ်က္မွ မရွိပါဘူး။ ႏွလံုး၊ အူ၊ ေသြး၊ အားလံုး ပံုမွန္နဲ႔ ေကာင္းမြန္စြာ အလုပ္လုပ္ပါတယ္။ ၁၉၇၇ ဝန္းက်င္ကေန စလို႔ ဆရာဝန္မ်ား သတိထားမိလာတဲ့ ေဝဒနာ တစ္ခု ျဖစ္ပါတယ္။ သူဟာ ေရာဂါတစ္ခု မဟုတ္ပါဘူး။ ရုတ္တရက္ျဖစ္ပ်က္သြားတတ္တဲ့ ခႏၶာကိုယ္ပိုင္းဆိုင္ရာေဖာက္ျပန္မႈျဖစ္စဥ္တစ္ရပ္ျဖစ္ၿပီး လူဦးေရ အနည္းငယ္မွာသာ ျဖစ္တတ္ပါတယ္။

အိပ္စက္ေနစဥ္ ႏွလံုးခုန္မႈနဲ႔ ေသြးလည္ပတ္မႈ ကို သက္ေရာက္ျပီး ရုတ္တရက္ ႏွလုံးခုန္ ရပ္တန္႔ ေသဆံုးျခင္း ျဖစ္ပါတယ္။ ယခု ျဗိတိန္မွာ ၁၉ ႏွစ္အရြယ္ ဒုတိယႏွစ္ ေက်ာင္းသူ ကြယ္လြန္မွုေၾကာင့္ အေနာက္တိုင္းမွာလည္း ေဆြးေႏြး ေျပာဆုိလာတဲ့ အေၾကာင္းအရာ တစ္ခုျဖစ္လာပါတယ္။

Ref : Dailymail : ‘Beautiful and caring’ student, 19, died in her sleep at her university halls of residence from Sudden Adult Death Syndrome’

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
ပုံမှာ မြင်တွေ့ရတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးဟာ အိပ်ယာပေါ်မှာ အိပ်ရင်း ရုတ်တရက်ကွယ်လွန်သွားပါတယ်။ ကျန်းမာရေး အကောင်းပကတိရှိပေမယ့် အကြောင်းပြချက်မရှိ သေခြင်းဖြစ်ပြီး သ့ူကို အင်္ဂလိပ်လို SUDS လို့ခေါ်ပါတယ်။
Sudden unexpected death syndrome ဖြစ်ပါတယ်။ ယင်းဟာ လူငယ်တွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ စစ်တမ်းအရ အရှေ့တောင်အာရှမှာ လူငယ်တွေ ကားအက်ဆီးဒန့်ဖြစ်တာထက် SUDS နဲ့ ကွယ်လွန်တဲ့ အရေအတွက်က များကြောင်း ဆိုပါတယ်။

ယခု ပုံပါ အမျိုးသမီးကတော့ အသက် ၁၉ နှစ်အရွယ် ဗြိတိန်မှ အမျိုးသမီး ဖြစ်ပြီး အိပ်စက်နေစဉ် ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။ ယင်းမတိုင်ခင်လည်း ဘာ ကျန်းမာရေး အားနည်းချက်များမှ မရှိခဲ့ ပါဘူး။ ကျန်းမာရေး အကောင်းပကတိကနေ ကွယ်လွန်ခြင်း ဖြစ်ရပ်အတွက် ဆရာဝန်များလည်း စစ်ဆေးတာ ဘာ ပြစ်ချက်မှ မရှိပါဘူး။ နှလုံး၊ အူ၊ သွေး၊ အားလုံး ပုံမှန်နဲ့ ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။ ၁၉၇၇ ဝန်းကျင်ကနေ စလို့ ဆရာဝန်များ သတိထားမိလာတဲ့ ဝေဒနာ တစ်ခု ဖြစ်ပါတယ်။ သူဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။ ရုတ်တရက်ဖြစ်ပျက်သွားတတ်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖောက်ပြန်မှုဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး လူဦးရေ အနည်းငယ်မှာသာ ဖြစ်တတ်ပါတယ်။

အိပ်စက်နေစဉ် နှလုံးခုန်မှုနဲ့ သွေးလည်ပတ်မှု ကို သက်ရောက်ပြီး ရုတ်တရက် နှလုံးခုန် ရပ်တန့် သေဆုံးခြင်း ဖြစ်ပါတယ်။ ယခု ဗြိတိန်မှာ ၁၉ နှစ်အရွယ် ဒုတိယနှစ် ကျောင်းသူ ကွယ်လွန်မှုကြောင့် အနောက်တိုင်းမှာလည်း ဆွေးနွေး ပြောဆိုလာတဲ့ အကြောင်းအရာ တစ်ခုဖြစ်လာပါတယ်။

Ref : Dailymail : ‘Beautiful and caring’ student, 19, died in her sleep at her university halls of residence from Sudden Adult Death Syndrome’


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top