Property Expo
×

ဒီတစ္ပတ္အတြက္ ငယ္ဘ၀ျဖတ္သန္းရာ က႑မွာေတာ့ ျမန္မာႏုိင္ငံမွာေမြး၊ ျမန္မာျပည္မွာႀကီးျပင္းၿပီး အေမရိကန္ Brand တစ္ခုျဖစ္တဲ့ One Grey Day Brand ကုိ စတင္ထုတ္လုပ္ခဲ့တဲ့ ဒီဇုိင္နာ Steven Oo ရဲ႕ငယ္ဘ၀အေၾကာင္းကုိ ေဖာ္ျပေပးခ်င္ပါတယ္။
ဒီဇုိင္နာ Steven Oo ကုိ ၁၉၈၄ ခုႏွစ္ ႏုိ၀င္ဘာလ ၁၀ ရက္ေန႔မွာ ဖခင္ဦးေမာင္ေမာင္လင္း၊ မိခင္ေဒၚသန္းသန္းကေန ရန္ကုန္ၿမိဳ႕မွာေမြးဖြားခ့ဲပါတယ္။ ျမန္မာနာမည္ကေတာ့ သန္းႏုိင္ဦးျဖစ္ၿပီး ညီတစ္ေယာက္၊ ညီမတစ္ေယာက္ ရွိတယ္လုိ႔သိရပါတယ္။ငယ္စဥ္က ရန္ကုန္ၿမိဳ႕ ဒဂုံ (၁) ေက်ာင္းမွာ (၈)တန္းအထိ ပညာသင္ယူခဲ့ပါတယ္။

“ျမန္မာျပည္မွာ ေက်ာင္းတက္တုန္းက ကြၽန္ေတာ္က စာသိပ္မေတာ္ဘူး။ ဒါေပမဲ့ အရမ္းႀကီးလဲ အဆုိးမဟုတ္ဘူး။ ၁၀၀ ေပးမယ္ ဆုိရင္ ၉၁၊ ၉၂ ေလာက္ရတယ္။ ဒါေပမဲ့ ဘယ္ေတာ့မွ ကြၽန္ေတာ့္အေမအတြက္ မလုံေလာက္ဘူး။ အျမဲတမ္းအိမ္ျပန္သြားၿပီး အမွတ္ျပရင္ ၉၁၊ ၉၂ အေမက နင့္ထက္ပုိရတဲ့သူ ရွိတယ္မဟုတ္လား ဘာျဖစ္လုိ႔ တစ္မရတာလဲ၊ အျမဲအဲဒီလုိေျပာတယ္။ အရမ္းမေက်နပ္ဘူး။ Pressure အရမ္းေပးတယ္။ ကြၽန္ေတာ္အခုထက္ထိ အဲဒီအက်င့္ႀကီးက ရွိေနၿပီး အျမဲတမ္း တစ္လုိခ်င္ေနတတ္တယ္” လုိ႔ သူ႔ရဲ႕ျမန္မာျပည္မွာ ေက်ာင္းတက္စဥ္ ငယ္ဘ၀အမွတ္တရကုိ ေျပာျပပါတယ္။

Steven Oo က ျမန္မာႏုိင္ငံမွာ ရွစ္တန္းအထိ တက္ေရာက္ၿပီး ေနာက္မွာေတာ့ စင္ကာပူႏုိင္ငံမွာ ပညာဆက္လက္ သင္ယူခဲ့ၿပီး ၁၉၉၉ ခုႏွစ္မွာ အေမရိကန္ႏုိင္ငံသုိ႔ မိသားစုနဲ႔အတူ ေျပာင္းေရႊ႕ေနထုိင္ခဲ့ပါတယ္။ စင္ကာပူမွာတစ္ႏွစ္ Private School တက္ခဲ့ၿပီး အစုိးရေက်ာင္းကုိ ႏွစ္၀က္ခန္႔တက္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေနာက္ အေမရိကန္ႏုိင္ငံမွာ High School တက္ေရာက္ခဲ့ၿပီးေနာက္ UC Berkeley ရွိ College မွာ စီးပြားေရးေမဂ်ာကုိ တက္ေရာက္ခဲ့ပါတယ္။

ႏုိင္ငံျခားမွာ ေက်ာင္းတက္စဥ္ကာလ အတြင္း Steven Oo ဟာသခ်ၤာဘာသာမွာ ကြၽမ္းက်င္ခဲ့ၿပီး ငယ္စဥ္က ျမန္မာႏုိင္ငံမွာ ေနခဲ့ေသာေၾကာင့္ သခ်ၤာဘာသာ ကြၽမ္းက်င္ရျခင္း ျဖစ္ေၾကာင္းကုိလည္း ေျပာျပခဲ့ပါတယ္။

Steven Oo ဟာ အေမရိကန္ႏုိင္ငံမွာ စီးပြားေရးေမဂ်ာကုိ တက္ေရာက္ေနရင္းနဲ႔ ဒီဇုိင္းဘာသာရပ္ကုိ စိတ္၀င္စားခဲ့ၿပီး UC Brekely နဲ႔ဒီဇိုင္း College ကုိလည္း အၿပိဳင္ တက္ေရာက္ခဲ့ပါတယ္။ အဲဒီလို တက္ေရာက္ခဲ့တာနဲ႔ ပတ္သက္လို႔ Steven Ooက “အဲဒီတုန္းက ႐ူးသလုိလုိပဲ ျဖစ္ေတာ့မယ္။ စစတက္တုန္းကဆုိရင္ အိမ္ကုိေတာင္ မေျပာရဲဘူး။ကြၽန္ေတာ္႐ူးသြားၿပီလုိ႔ သူတုိ႔ထင္မွာစိုးလုိ႔။ေက်ာင္းၿပီးသြားေတာ့ ကြၽန္ေတာ္အလုပ္ရွာတယ္။ Finance နဲ႔ပတ္သက္တဲ ့အလုပ္ကုိရွိတယ္။ ကြၽန္ေတာ္အလုပ္ရေတာ့ ကြၽန္ေတာ္ အိမ္ကုိျပတယ္။ဒါေပမဲ့ ကြၽန္ေတာ္ Fashion ေက်ာင္းသြားတက္ခ်င္တယ္။ Berkeleyမွာ ၿပီးၿပီးေတာ့ အလုပ္မရလုိ႔ Fashionေက်ာင္း တက္တယ္ထင္မွာစိုးလုိ႔ အလုပ္အရင္ရေအာင္ ရွာျပတယ္။ ဒါေပမဲ့ မလုပ္ဘူးဆုိၿပီး ေျပာလုိက္တယ္။ အိမ္ကုိ အဲဒီတုန္းက ကြၽန္ေတာ့ အေဖလုံး၀သေဘာမတူဘူး။ Fashion က မိန္းမအလုပ္ မင္းနဲ႔မဆုိင္ဘူးဆုိၿပီး အျပင္းအထန္ ကန္႔ကြက္တယ္။ ကြၽန္ေတာ္အရမ္း စိတ္နာခဲ့တယ္။ ဒါေပမဲ့ ေက်းဇူးလဲတင္တယ္။ ကြၽန္ေတာ့္ အဲဒီစကားေတြေၾကာင့္ အရမ္းႀကိဳးစားခဲ့တယ္။ ဒီ ဒီဇုိင္နာေလာကထဲကုိ ေရာက္လာေတာ့ အႀကီးမားဆုံးအခက္ အခဲကကေတာ့ အေဖပါပဲ”လုိ႔ ေျပာပါတယ္။

ႏုိင္ငံျခားတြင္ ေက်ာင္းတက္ေနစဥ္ ကာလအတြင္းတြင္လည္း မိသားစုထံမွ ေငြေၾကး တစ္စုံတစ္ရာ ရယူျခင္းမရွိဘဲ ေက်ာင္းျပီးဆုံးေအာင ္တက္ခဲ့ေၾကာင္းလည္း သိရပါတယ္။

ဒီဇုိင္းေလာကထဲကုိ စေရာက္စဥ္က Stevev Oo မွာ အသက္ ၂၁ ႏွစ္ အရြယ္ျဖစ္ၿပီး ပထမဆုံးအေနျဖင့္ BCBG Company တြင္ ၀င္ေရာက္လုပ္ကုိင္ခဲ့ၿပီး ကုိယ္ပုိင္စီးပြားေရးျဖစ္တဲ့ One Grey Day Brand ကုိ ၂၀၁၀ ျပည့္ႏွစ္မွာ စတင္ခဲ့ပါတယ္။ ဒီဇုိင္းတစ္မ်ဳိးကို အနည္းဆုံးအထည္ ၁၀၀ ကေန အမ်ားဆုံး အထည္ႏွစ္ေသာင္းေက်ာ္အထိ ထုတ္လုပ္ခဲ့ရတယ္လုိ႔ သိရပါတယ္။

“အခု ကြၽန္ေတာ္ ကုိယ္ပုိင္စီးပြားေရးလုပ္တာ ေျခာက္ႏွစ္ရွိၿပီဆုိေတာ့ ကုန္တုိက္ေတြနဲ႔လည္း တြဲလုပ္လာရတာေတြ မ်ားလာတယ္။ အရင္တုန္းကဆုိရင္ ဆုိင္ေသးေလး ေတြကုိပဲျဖန္႔ရတယ္။ စစခ်င္းလုပ္တုန္းက တစ္ႏွစ္ကုိ ေဒၚလာတစ္သိန္းေလာက္ရရင္ အရမ္းေပ်ာ္တယ္။ ဒီဇုိင္းတစ္မ်ဳိးကုိ အထည္ ၁၀၀ ေလာက္ထုတ္ရရင္ကို အရမ္းေပ်ာ္ေန တတ္တယ္”လုိ႔ Steven Oo ကေျပာပါတယ္။

ဒီဇုိင္းေလာကထဲ စ၀င္ခါစ ဆန္ဖရန္စစၥကိုမွာ Design နဲ႔ပတ္သက္ၿပီး Master တက္ေရာက္စဥ္ New York Fashion Week မွာျပသဖုိ႔ ေရြးခံရတဲ့ ဒီဇုိင္နာ ေျခာက္ဦးမွာ Steven Oo လည္းပါ၀င္ခဲ့ၿပီး အဲဒီလို ပါ၀င္ခဲ့ရတာဟာ သူ႔ရဲ႕အႀကီးမားဆုံးေသာ ေပ်ာ္ရႊင္မႈ၊ အမွတ္တရရွိမႈ ျဖစ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

Steven Oo ဟာ“ ကြၽန္ေတာ္ ငယ္ငယ္ကတည္းက တိရစၦာန္ေတြကုိ အရမ္းခ်စ္တယ္၊ အဲဒါေၾကာင့္ တိရစၦာန္အထူးကု ဆရာ၀န္ျဖစ္ခ်င္တယ္။ ဒါေပမဲ့ မရည္ရြယ္ဘဲနဲ႔ ဒီလမ္းေၾကာင္းထဲ ေရာက္လာခဲ့တယ္။ အဲဒါေၾကာင့္ လူငယ္ေတြကုိ ကြၽန္ေတာ္ေျပာခ်င္တာက ရည္ရြယ္ခ်က္ႀကီးေတြ ျဖစ္မလာဘူးဆုိရင္ စိတ္မပ်က္ေနနဲ႔၊ အေရးႀကီးတာက ကုိယ္ဘာလုပ္တာကုိ ေပ်ာ္လဲ။ ကိုယ္ေပ်ာ္တာကို လုပ္တာက ပုိၿပီးေတာ့ ေအာင္ျမင္တယ္။ ပုိၿပီးေတာ့ထူးျခားတယ္။ အဲဒါအေရးႀကီးဆုံးပါ” လုိ႔ ေျပာပါတယ္။

ဒီဇုိင္နာ Steven Oo ရဲ႕ ဒီဇုိင္းေတြက ကမၻာေက်ာ္ အႏုပညာရွင္မ်ားျဖစ္တဲ့ Taylor Swift ၊ Jessica Alba စတဲ့ အႏုပညာရွင္မ်ားအျပင္ တ႐ုတ္ႏုိင္ငံမွ အႏုပညာရွင္မ်ား စတဲ့အႏုပညာရွင္ေတြပါ ၀တ္ဆင္ေလ့ရွိေၾကာင္းကုိ ဒီဇုိင္နာ Steven Oo မွ “ကြၽန္ေတာ္သူတို႔ကုိ ပုိက္ဆံေပးၿပီး ၀တ္ခုိင္းတာ မဟုတ္ပါဘူး။သူ႔ဘာသာသူ ၀ယ္၀တ္ၾကတာဆုိေတာ႔Taylor Swift ဆုိ ၀တ္သြားတာ ကြၽန္ေတာ္အရမ္းေပ်ာ္တယ္။ေနာက္ Jessic Alba ဆုိလည္း အမ်ားႀကီးပဲသူ၀တ္တယ္။ ေနာက္ Chinese Movie ေတြမွာလည္း ကြၽန္ေတာ့ဒီဇုိင္းကုိ ၀တ္ၾကတယ္။အဲဒီလုိမ်ဳိး ကမၻာေက်ာ္တဲ့ အႏုပညာရွင္ေတြ ၀တ္ဆင္ၾကတာကုိ ကြၽန္ေတာ္အရမ္း ေပ်ာ္ပါတယ္” လုိ႔ Steven Oo ကေျပာပါတယ္။

Designer Steven Oo က သူရဲ႕ သုိးေမႊး ဒီဇုိင္းစက္႐ုံကုိ ရွန္ဟုိင္းမွာ ဖြင့္လွစ္ထားၿပီး သူ႔ရဲ႕One Grey Day ကုမၸဏီကုိ အေမရိကန္ ႏုိင္ငံ Los Angeles မွာဖြင့္လွစ္ထားပါတယ္။ျမန္မာႏုိင္ငံမွာေတာ့ ဆုိင္ခြဲအေနနဲ႔ ၀၀:၅၅ အမည္နဲ႔ဆုိင္ခြဲ ဖြင့္လွစ္ထားပါတယ္။

“ကြၽန္ေတာ္ ေနာက္ဆုံးအေနနဲ႔ လူငယ္ေတြကုိ ေျပာခ်င္တာက အလုပ္တစ္ခုလုပ္မယ္ဆုိရင္ မာနမထားနဲ႔။ ဆက္ဆံေရးပုိင္းကလည္း အရမ္းလုိအပ္တယ္။ ကုိယ့္ဘာသာကိုယ္ အရည္အခ်င္း ဘယ္ေလာက္ရွိရွိ မာနထားေနမယ္ဆုိရင္ ဘယ္သူမွ မကူညီေပးပါဘူး။ ေနာက္ ပုိက္ဆံရွိတုိင္း အရာအားလုံးျဖစ္မယ္လုိ႔ မေမွ်ာ္လင့္ပါနဲ႔။ ေမွ်ာ္လင့္ခ်က္ေတြလည္း အမ်ားႀကီးမထားပါနဲ႔။ ကုိယ္ဘာလုပ္ရင္ ေပ်ာ္လဲဆုိတာကုိ အရင္စဥ္းစား၊ ကုိယ္ေပ်ာ္တဲ့ အလုပ္ကုိ ေသခ်ာလုပ္ေစခ်င္ပါတယ္” လုိ႔ ေျပာခ်င္ပါတယ္။

Designer Steven Oo ကေတာ့ သူႏွစ္သက္တဲ့ သုိးေမြးဒီဇုိင္နာ လုပ္ငန္းကုိ ဆက္လက္လုပ္ကုိင္ၿပီး အသစ္အသစ္ေသာ တီထြင္ဖန္တီးမႈေတြကုိ ဖန္တီးသြားမွာျဖစ္တယ္လုိ႔ ေျပာၾကားရင္း ငယ္ဘ၀ က႑ေလးေခတၱ ရပ္နားလုိက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
ဒီတစ်ပတ်အတွက် ငယ်ဘဝဖြတ်သန်းရာ ကဏ္ဍမှာတော့ မြန်မာနိုင်ငံမှာမွေး၊ မြန်မာပြည်မှာကြီးပြင်းပြီး အမေရိကန် Brand တစ်ခုဖြစ်တဲ့ One Grey Day Brand ကို စတင်ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်နာ Steven Oo ရဲ့ငယ်ဘဝအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
ဒီဇိုင်နာ Steven Oo ကို ၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖခင်ဦးမောင်မောင်လင်း၊ မိခင်ဒေါ်သန်းသန်းကနေ ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။ မြန်မာနာမည်ကတော့ သန်းနိုင်ဦးဖြစ်ပြီး ညီတစ်ယောက်၊ ညီမတစ်ယောက် ရှိတယ်လို့သိရပါတယ်။ငယ်စဉ်က ရန်ကုန်မြို့ ဒဂုံ (၁) ကျောင်းမှာ (၈)တန်းအထိ ပညာသင်ယူခဲ့ပါတယ်။

“မြန်မာပြည်မှာ ကျောင်းတက်တုန်းက ကျွန်တော်က စာသိပ်မတော်ဘူး။ ဒါပေမဲ့ အရမ်းကြီးလဲ အဆိုးမဟုတ်ဘူး။ ၁၀၀ ပေးမယ် ဆိုရင် ၉၁၊ ၉၂ လောက်ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကျွန်တော့်အမေအတွက် မလုံလောက်ဘူး။ အမြဲတမ်းအိမ်ပြန်သွားပြီး အမှတ်ပြရင် ၉၁၊ ၉၂ အမေက နင့်ထက်ပိုရတဲ့သူ ရှိတယ်မဟုတ်လား ဘာဖြစ်လို့ တစ်မရတာလဲ၊ အမြဲအဲဒီလိုပြောတယ်။ အရမ်းမကျေနပ်ဘူး။ Pressure အရမ်းပေးတယ်။ ကျွန်တော်အခုထက်ထိ အဲဒီအကျင့်ကြီးက ရှိနေပြီး အမြဲတမ်း တစ်လိုချင်နေတတ်တယ်” လို့ သူ့ရဲ့မြန်မာပြည်မှာ ကျောင်းတက်စဉ် ငယ်ဘဝအမှတ်တရကို ပြောပြပါတယ်။

Steven Oo က မြန်မာနိုင်ငံမှာ ရှစ်တန်းအထိ တက်ရောက်ပြီး နောက်မှာတော့ စင်ကာပူနိုင်ငံမှာ ပညာဆက်လက် သင်ယူခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ အမေရိကန်နိုင်ငံသို့ မိသားစုနဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ စင်ကာပူမှာတစ်နှစ် Private School တက်ခဲ့ပြီး အစိုးရကျောင်းကို နှစ်ဝက်ခန့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် အမေရိကန်နိုင်ငံမှာ High School တက်ရောက်ခဲ့ပြီးနောက် UC Berkeley ရှိ College မှာ စီးပွားရေးမေဂျာကို တက်ရောက်ခဲ့ပါတယ်။

နိုင်ငံခြားမှာ ကျောင်းတက်စဉ်ကာလ အတွင်း Steven Oo ဟာသချၤာဘာသာမှာ ကျွမ်းကျင်ခဲ့ပြီး ငယ်စဉ်က မြန်မာနိုင်ငံမှာ နေခဲ့သောကြောင့် သချၤာဘာသာ ကျွမ်းကျင်ရခြင်း ဖြစ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

Steven Oo ဟာ အမေရိကန်နိုင်ငံမှာ စီးပွားရေးမေဂျာကို တက်ရောက်နေရင်းနဲ့ ဒီဇိုင်းဘာသာရပ်ကို စိတ်ဝင်စားခဲ့ပြီး UC Brekely နဲ့ဒီဇိုင်း College ကိုလည်း အပြိုင် တက်ရောက်ခဲ့ပါတယ်။ အဲဒီလို တက်ရောက်ခဲ့တာနဲ့ ပတ်သက်လို့ Steven Ooက “အဲဒီတုန်းက ရူးသလိုလိုပဲ ဖြစ်တော့မယ်။ စစတက်တုန်းကဆိုရင် အိမ်ကိုတောင် မပြောရဲဘူး။ကျွန်တော်ရူးသွားပြီလို့ သူတို့ထင်မှာစိုးလို့။ကျောင်းပြီးသွားတော့ ကျွန်တော်အလုပ်ရှာတယ်။ Finance နဲ့ပတ်သက်တဲ့အလုပ်ကိုရှိတယ်။ ကျွန်တော်အလုပ်ရတော့ ကျွန်တော် အိမ်ကိုပြတယ်။ဒါပေမဲ့ ကျွန်တော် Fashion ကျောင်းသွားတက်ချင်တယ်။ Berkeleyမှာ ပြီးပြီးတော့ အလုပ်မရလို့ Fashionကျောင်း တက်တယ်ထင်မှာစိုးလို့ အလုပ်အရင်ရအောင် ရှာပြတယ်။ ဒါပေမဲ့ မလုပ်ဘူးဆိုပြီး ပြောလိုက်တယ်။ အိမ်ကို အဲဒီတုန်းက ကျွန်တော့ အဖေလုံးဝသဘောမတူဘူး။ Fashion က မိန်းမအလုပ် မင်းနဲ့မဆိုင်ဘူးဆိုပြီး အပြင်းအထန် ကန့်ကွက်တယ်။ ကျွန်တော်အရမ်း စိတ်နာခဲ့တယ်။ ဒါပေမဲ့ ကျေးဇူးလဲတင်တယ်။ ကျွန်တော့် အဲဒီစကားတွေကြောင့် အရမ်းကြိုးစားခဲ့တယ်။ ဒီ ဒီဇိုင်နာလောကထဲကို ရောက်လာတော့ အကြီးမားဆုံးအခက် အခဲကကတော့ အဖေပါပဲ”လို့ ပြောပါတယ်။

နိုင်ငံခြားတွင် ကျောင်းတက်နေစဉ် ကာလအတွင်းတွင်လည်း မိသားစုထံမှ ငွေကြေး တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ ကျောင်းပြီးဆုံးအောင ်တက်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒီဇိုင်းလောကထဲကို စရောက်စဉ်က Stevev Oo မှာ အသက် ၂၁ နှစ် အရွယ်ဖြစ်ပြီး ပထမဆုံးအနေဖြင့် BCBG Company တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ One Grey Day Brand ကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ခဲ့ပါတယ်။ ဒီဇိုင်းတစ်မျိုးကို အနည်းဆုံးအထည် ၁၀၀ ကနေ အများဆုံး အထည်နှစ်သောင်းကျော်အထိ ထုတ်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

“အခု ကျွန်တော် ကိုယ်ပိုင်စီးပွားရေးလုပ်တာ ခြောက်နှစ်ရှိပြီဆိုတော့ ကုန်တိုက်တွေနဲ့လည်း တွဲလုပ်လာရတာတွေ များလာတယ်။ အရင်တုန်းကဆိုရင် ဆိုင်သေးလေး တွေကိုပဲဖြန့်ရတယ်။ စစချင်းလုပ်တုန်းက တစ်နှစ်ကို ဒေါ်လာတစ်သိန်းလောက်ရရင် အရမ်းပျော်တယ်။ ဒီဇိုင်းတစ်မျိုးကို အထည် ၁၀၀ လောက်ထုတ်ရရင်ကို အရမ်းပျော်နေ တတ်တယ်”လို့ Steven Oo ကပြောပါတယ်။

ဒီဇိုင်းလောကထဲ စဝင်ခါစ ဆန်ဖရန်စစ္စကိုမှာ Design နဲ့ပတ်သက်ပြီး Master တက်ရောက်စဉ် New York Fashion Week မှာပြသဖို့ ရွေးခံရတဲ့ ဒီဇိုင်နာ ခြောက်ဦးမှာ Steven Oo လည်းပါဝင်ခဲ့ပြီး အဲဒီလို ပါဝင်ခဲ့ရတာဟာ သူ့ရဲ့အကြီးမားဆုံးသော ပျော်ရွှင်မှု၊ အမှတ်တရရှိမှု ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Steven Oo ဟာ“ ကျွန်တော် ငယ်ငယ်ကတည်းက တိရစ္ဆာန်တွေကို အရမ်းချစ်တယ်၊ အဲဒါကြောင့် တိရစ္ဆာန်အထူးကု ဆရာဝန်ဖြစ်ချင်တယ်။ ဒါပေမဲ့ မရည်ရွယ်ဘဲနဲ့ ဒီလမ်းကြောင်းထဲ ရောက်လာခဲ့တယ်။ အဲဒါကြောင့် လူငယ်တွေကို ကျွန်တော်ပြောချင်တာက ရည်ရွယ်ချက်ကြီးတွေ ဖြစ်မလာဘူးဆိုရင် စိတ်မပျက်နေနဲ့၊ အရေးကြီးတာက ကိုယ်ဘာလုပ်တာကို ပျော်လဲ။ ကိုယ်ပျော်တာကို လုပ်တာက ပိုပြီးတော့ အောင်မြင်တယ်။ ပိုပြီးတော့ထူးခြားတယ်။ အဲဒါအရေးကြီးဆုံးပါ” လို့ ပြောပါတယ်။

ဒီဇိုင်နာ Steven Oo ရဲ့ ဒီဇိုင်းတွေက ကမ္ဘာကျော် အနုပညာရှင်များဖြစ်တဲ့ Taylor Swift ၊ Jessica Alba စတဲ့ အနုပညာရှင်များအပြင် တရုတ်နိုင်ငံမှ အနုပညာရှင်များ စတဲ့အနုပညာရှင်တွေပါ ဝတ်ဆင်လေ့ရှိကြောင်းကို ဒီဇိုင်နာ Steven Oo မှ “ကျွန်တော်သူတို့ကို ပိုက်ဆံပေးပြီး ဝတ်ခိုင်းတာ မဟုတ်ပါဘူး။သူ့ဘာသာသူ ဝယ်ဝတ်ကြတာဆိုတော့Taylor Swift ဆို ဝတ်သွားတာ ကျွန်တော်အရမ်းပျော်တယ်။နောက် Jessic Alba ဆိုလည်း အများကြီးပဲသူဝတ်တယ်။ နောက် Chinese Movie တွေမှာလည်း ကျွန်တော့ဒီဇိုင်းကို ဝတ်ကြတယ်။အဲဒီလိုမျိုး ကမ္ဘာကျော်တဲ့ အနုပညာရှင်တွေ ဝတ်ဆင်ကြတာကို ကျွန်တော်အရမ်း ပျော်ပါတယ်” လို့ Steven Oo ကပြောပါတယ်။

Designer Steven Oo က သူရဲ့ သိုးမွှေး ဒီဇိုင်းစက်ရုံကို ရှန်ဟိုင်းမှာ ဖွင့်လှစ်ထားပြီး သူ့ရဲ့One Grey Day ကုမ္ပဏီကို အမေရိကန် နိုင်ငံ Los Angeles မှာဖွင့်လှစ်ထားပါတယ်။မြန်မာနိုင်ငံမှာတော့ ဆိုင်ခွဲအနေနဲ့ ၀၀:၅၅ အမည်နဲ့ဆိုင်ခွဲ ဖွင့်လှစ်ထားပါတယ်။

“ကျွန်တော် နောက်ဆုံးအနေနဲ့ လူငယ်တွေကို ပြောချင်တာက အလုပ်တစ်ခုလုပ်မယ်ဆိုရင် မာနမထားနဲ့။ ဆက်ဆံရေးပိုင်းကလည်း အရမ်းလိုအပ်တယ်။ ကိုယ့်ဘာသာကိုယ် အရည်အချင်း ဘယ်လောက်ရှိရှိ မာနထားနေမယ်ဆိုရင် ဘယ်သူမှ မကူညီပေးပါဘူး။ နောက် ပိုက်ဆံရှိတိုင်း အရာအားလုံးဖြစ်မယ်လို့ မမျှော်လင့်ပါနဲ့။ မျှော်လင့်ချက်တွေလည်း အများကြီးမထားပါနဲ့။ ကိုယ်ဘာလုပ်ရင် ပျော်လဲဆိုတာကို အရင်စဉ်းစား၊ ကိုယ်ပျော်တဲ့ အလုပ်ကို သေချာလုပ်စေချင်ပါတယ်” လို့ ပြောချင်ပါတယ်။

Designer Steven Oo ကတော့ သူနှစ်သက်တဲ့ သိုးမွေးဒီဇိုင်နာ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ပြီး အသစ်အသစ်သော တီထွင်ဖန်တီးမှုတွေကို ဖန်တီးသွားမှာဖြစ်တယ်လို့ ပြောကြားရင်း ငယ်ဘ၀ ကဏ္ဍလေးခေတ္တ ရပ်နားလိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top