Property Expo
×

ျမန္မာႏိုင္ငံရဲ႕ Hip Hop ဂီတလို႕ဆိုလိုက္ရင္ ဒီဂီတေရစီးေၾကာင္း ပိုမုိအရွိန္အဟုန္ေကာင္းလာေအာင္ ၀ိုင္း၀န္းၾကိဳးစားခဲ့ၾကသူေတြထဲက တစ္ဦးျဖစ္တဲ့ Second Generation က ၾကက္ဖအေၾကာင္း မပါလုိ႕ မျဖစ္ပါဘူး။ ခင္မင္သူေတြ ကိုၾကက္လုိ႕ ေခၚၾကတဲ့ ၾကက္ဖဟာ ကိုယ္ရူးသြပ္ရာ ျမဴးဇစ္ေတြကို ဖန္တီးခဲ့ရုံသာမက သရုပ္ေဆာင္အလုပ္ကိုပါ တြဲဖက္လုပ္ကိုင္ခဲ့ေသးတာ အားလံုးအသိပါ။ ခုဆုိရင္ ဒီေလာကထဲမွာ သူက်င္လည္ရင္း ဒီအႏုပညာလမ္းေပၚေလ်ွာက္လွမ္းလာခဲ့တာ သက္တမ္းက ၁၃ႏွစ္နီးပါးရွိခဲ့ပါျပီ။ လူငယ္တစ္ေယာက္ပီပီ သူဆိုးခဲ့မိုက္ခဲ့၊ ေရစုန္ေမ်ာခဲ့တဲ့ အခ်ိန္ သံုးႏွစ္နီးပါးေလာက္ရွိခဲ့ေပမယ့္ ခုမၾကာေသးခင္က က်င္းပျပဳလုပ္ခဲ့တဲ့ Something is Coming ေဖ်ာ္ေျဖပြဲနဲ႕အတူ အားလံုးေရွ႕ ထူးထူးျခားျခား ျပန္လည္ ေရာက္ရွိလာခဲ့ပါျပီ။ ထူးထူးျခားျခားလုိ႕ဆိုရတာကေတာ့ ဒီပြဲဟာ Underground က လူငယ္ေတြအတြက္ ရည္ရြယ္ရင္း သူကိုယ္တုိင္ပြဲစီစဥ္သူတစ္ဦးအေနနဲ႕ ေဆာင္ရြက္ခဲ့သလို ကိုယ္တုိင္လည္း ေဖ်ာ္ေျဖေပးခဲ့တဲ့ ပြဲေလး မုိ႕လို႕ပါပဲ။ ၾကက္ဖနဲ႕ ေျပာျဖစ္ခဲ့တာေလးေတြ ေ၀မ်ွရရင္ေတာ့

-ပထမဆံုး Something is Coming ရိႈးေလးရဲ႕ အေျခအေနေလးကိုလဲေျပာျပေပးပါဦး။

ရိႈးကေတာ့ မိုက္ပါတယ္။ မိုက္ေပမဲ့ေနရာက က်ဥ္းသြားတယ္။ ကၽြန္ေတာ္တို႕အဲ့ဒီေလာက္ၾကီးလဲ မွန္းမထားဘူး။ အစကတည္းက မွန္းထားတာက ၃၀၀ေလာက္ပဲ။ ဒါေပမဲ့အဲ့ဒီေန႕က အသိေတြ၀င္တာနဲ႕ဘာနဲ႕ေက်ာင္းကၾကည့္မယ္ဆိုတဲ့ သူေတြလဲလာတာနဲ႕အဆိုေတာ္နဲ႕ေပါင္းရင္ ၅၀၀ေလာက္ျဖစ္သြားတယ္။ အရမ္းေတာ့ၾကပ္သြားတယ္။

-အေရွ႕မွာလဲ အစ္ကိုအေနနဲ႕ကရိႈးမလုပ္တာၾကာၿပီဆိုေတာ့ အဲ့ဒီပြဲေလးကိုေရာ ဘယ္လိုကဘယ္လုိုလုပ္ျဖစ္သြားတာလဲ။

လုပ္ျဖစ္သြားတာက တျခားေတာ့ မဟုတ္ပါဘူး။ ပဒုမၼာကြင္းနားက Terminal 5 ဆိုတဲ့ ဘားမွာ Underground ပြဲေလးတစ္ပြဲလုပ္ေတာ့ ကၽြန္ေတာ္သြားျဖစ္တယ္။ အေရွ႕မွာ Underground ပြဲေတြမသြားျဖစ္တာၾကာၿပီ။ နီးလဲနီးေတာ့သြားၾကည့္ျဖစ္လိုက္တယ္။ အဲ့ဒီမွာ တစ္ခုစဥ္းစားမိတာက Underground ပြဲဆိုရင္ ကေလးေတြက ပိုက္ဆံမရၾကတာမ်ားတယ္။ ကၽြန္ေတာ္တို႕ေခတ္တုန္းကလဲ မရခဲ့ပါဘူး။ ဒါေပမဲ့ကၽြန္ေတာ္ဘာလုပ္ေပးရင္ေကာင္းမလဲဆိုၿပီး ေတြးမိတယ္။ ဥပမာ သူတို႕လာဆိုတဲ့အခါ Taxi ခကုန္တယ္။ အ၀တ္အစားခ ကုန္တယ္။ စီဒီခုတ္ခ၊ စတူဒီယိုသြားၿပီးအသံခ်ိန္ခအဲ့ေလာက္ေလးေတာင္ အရင္းျပန္မေက်ဘူးျဖစ္ေနတယ္။ အဲ့ဒါနဲ႕ကၽြန္ေတာ္က အဲ့ဒီတစ္ပြဲကိုလုပ္ၾကည့္မယ္ေပါ့။ Underground ပြဲဆိုေပမဲ့ စပြန္ဆာေတြဘာေတြေတာင္းၾကည့္လုိက္တယ္။ တစ္ခါမွလဲ မလုပ္ဖူးပါဘူး။ ၿပီးေတာ့ေစ်းကြက္ကုိလဲ တစ္ခ်က္သိခ်င္တာနဲ႕လုပ္ၾကည့္လိုက္တယ္။ အဲ့ဒီအခါမွာ သူတို႕ေလးေတြအေယာက္စီတုိင္းကိုလဲပိုက္ဆံျပန္ေပးႏုိင္တယ္။ အဓိကက အဲ့ဒါမို႕လိုအဲ့ဒီလိုေလးျဖစ္ေျမာက္သြားေတာ့ေက်နပ္ပါတယ္။

-ဒီပြဲေလးကေအာင္ျမင္ခဲ့ေတာ့ ေနာက္ပြဲေတြေရာထပ္လုပ္ဖို႕အစီအစဥ္ရွိေသးလား။

Underground ပြဲေတြကေတာ့ ဆက္တုိက္လုပ္သြားခ်င္တယ္။ ဒါေပမဲ့အခုေတာ့ ၾကိဳးစားေနတုန္းေပါ့။ ပြဲေလးေတြကေတာ့ လုပ္တတ္သြားေတာ့ သိပ္အပန္းမၾကီးေတာ့ဘူး။ ပြဲၾကီးေတြကေတာ့ ခက္ဦးမယ္။

-ပြဲမတုိင္ခင္ကအစ္ကိုေပ်ာက္ေနတယ္။ သိပ္မေတြ႕ရဘူးေပါ့။ ဘာေတြလုပ္ေနလို႕လဲ။

ကၽြန္ေတာ္အမ္တီဗီေတြရုိက္တယ္။ အြန္လိုင္းကလဲ သိပ္မသံုးျဖစ္ဘူး။ မသံုးတာမွ ေတာ္ေတာ္ႏွစ္ရွည္လမ်ားကိုမသံုးျဖစ္တာ။ အခုဒီႏွစ္ထဲမွာမွ တြင္တြင္က်ယ္က်ယ္ျပန္သံုးျဖစ္တာေပါ့။ ဒါေတာင္မွ ဘာလုပ္ရတယ္ဘာညာသိပ္နားမလည္ေသးဘူး။

-အေရွ႕မွာလဲ Underground လူငယ္ေတြနဲ႕သီခ်င္းေလးေတြ လုပ္ျဖစ္ေနတယ္လို႕လဲသိရတယ္။

ဟုတ္ပါတယ္။ ဒါကေတာ့ ဒီေလာကမွာ ဒီလိုပါပဲ။ ကုိယ္ၾကိဳက္တဲ့သူနဲ႕သီခ်င္းတြဲ လုပ္ၾကတယ္။ ၿပီးရင္ ဆံုတဲ့သူေတြနဲ႕လဲ သီခ်င္းလုပ္ျဖစ္ဖို႕စျဖစ္သြားတာကမ်ားတယ္။

-ထက္ယံအေခြမွာလဲ အစ္ကိုပါ၀င္ထားတာေတြ႕ရတယ္။

ဟုတ္ပါတယ္။ ထက္ယံကေတာ့ သူကလာကမ္းလွမ္းလို႕လုပ္ေပးျဖစ္တယ္။ သူနဲ႕ကၽြန္ေတာ္ကလဲ ဒီအေခြက်မွ စဆံုဖူးတာ သူ႕ရဲ႕ဒုတိယအေခြမွာ ကၽြန္ေတာ္နဲ႕လိုက္မယ္ထင္တဲ့ အပုဒ္ေလးတစ္ပုဒ္ကုိသူေရးထားတယ္ေပါ့။ ကၽြန္ေတာ္နဲ႕ဆိုရင္လိုက္မယ္ဆုိၿပီးကမ္းလွမ္းတာနဲ႕လုပ္ျဖစ္သြားတာပါ။

-အေရွ႕မွာလဲ Underground ကလူေတြနဲ႕သီခ်င္းေတြလုပ္ျဖစ္တယ္။ ၿပီးေတာ့လဲ Something is Coming ဆိုတဲ့ ရိႈးေလးျဖစ္လာတယ္ဆိုေတာ့ Underground ကလူငယ္ေတြကို Second Generation က အၾကီးတစ္ေယာက္အေနနဲ႕Support လုပ္ေပးျပီး ျပန္ၾကည့္တဲ့သေဘာလား။

Support လုပ္ေပးခ်င္တဲ့သေဘာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဥပမာ ရွင္းရွင္းေလးပါပဲ။ ေရအိုးတစ္လံုးရွိတယ္ဆို မိုးရြာတယ္။ ကၽြန္ေတာ္တို႕ကေတြ႕တဲ့ေရအိုးကိုေကာက္ခံလိုက္မွာပဲ။ ကၽြန္ေတာ္တို႕ေသာက္ဖို႕လဲ မဟုတ္ဘူး။ ေရအုိးရဲ႕သေဘာကိုက ေရျဖည့္ဖို႕ပဲေလ။ ကၽြန္ေတာ္ကေတာ့ အဲ့ဒီလိုပဲ ယူဆတယ္။ ေျမေတာင္ေျမွာက္ေပးတယ္လဲ မဟုတ္ဘူး။ Support လုပ္ေပးတယ္လဲ မဟုတ္ဘူး။ ကၽြန္ေတာ္သိတာက သူတို႕ဆုိတာ မိုက္တယ္။ အဲ့အတြက္ေၾကာင့္သူတို႕ကိုနားေထာင္ၾကည့္ေစခ်င္တယ္။ သူတို႕ကိုနားေထာင္ၾကည့္ခ်င္တဲ့ ပရိသတ္လဲရွိတယ္။ သူတို႕ကိုလဲ အဲ့ဒီေနရာမွာရွိေစခ်င္တယ္။ အဓိကရည္ရြယ္ခ်က္ကေတာ့ Underground ကိုေစ်းကြက္တစ္ခုေဖာက္ၾကည့္တာပါ။

-လက္ရွိ ဂီတလႈပ္ရွားမႈ အေနနဲ႕ေရာ ဘာေတြလုပ္ျဖစ္ေနလဲ။

ကၽြန္ေတာ္အေခြေလးျပန္ Run ေနတယ္။ သီခ်င္းအသစ္ေတြေပါ့။ ေနာက္အေဟာင္းထဲက မျပန္႕ေသးတဲ့ သီခ်င္းေတြနဲ႕အသစ္ထဲကဟာေတြကိုျပန္ေရာၿပီး ဘယ္လုိလုပ္မလဲေတာ့ မသိေသးဘူး။ ဒါေပမဲ့ အြန္လိုင္းေပၚကပဲတင္ဖို႕မ်ားမလားေပါ့။ အေခြမထုတ္ျဖစ္ရင္ေတာင္ အြန္လိုင္းကေနတင္ေပးဖို႕ရွိတယ္။

-အစ္ကိုတို႕ Second Generation ကဆိုရင္ ကိုေဂ်မီတို႕ဆိုရင္ X box တို႕နဲ႕သီခ်င္းေတြတြဲလုပ္ၾကတာမ်ိဳးရွိတယ္။ အစ္ကို႕အေနနဲ႕က်ေတာ့ အေရွ႕မွာအေတာ္ေလးေပ်ာက္သြားခဲ့ေတာ့ အသစ္ေတြဆြဲတင္တာမ်ိဳးလဲမရွိေသးေတာ့ေလ အဲ့ဒီအပုိင္းေလးနဲ႕ပတ္သက္ၿပီးေတာ့လဲေျပာျပေပးပါဦး။

ကၽြန္ေတာ္တို႕လူငယ္ေတြသဘာ၀ ဆိုးခဲ့မုိက္ခဲ့တာေတြရွိတယ္။ အဲ့ဒီဟာေတြမွာ ကၽြန္ေတာ္ေသာင္တင္သြားတယ္။ အမွန္အတိုင္းေျပာရရင္ ကၽြန္ေတာ့္ဘ၀ကိုကၽြန္ေတာ္ေရစုန္ေမ်ာမိခဲ့ဖူးတယ္။ ကိုယ့္ကုိကုိယ္မနည္းျပန္ထူေထာင္ေနရတဲ့ အခ်ိန္မ်ိဳးေပါ့။ အဲ့ဒီမွာအခ်ိန္ၾကာသြားတာပါ။ ခန္႕မွန္းေျခသံုးေလးႏွစ္ေလာက္ၾကာသြားတယ္။

-အခုျပန္လုပ္ျဖစ္တဲ့အခ်ိန္မွာေရာ အရင္ကလုပ္ခဲ့တဲ့ပံုစံေတြနဲ႕အခုလုပ္ခဲ့တဲ့ ပံုစံေတြကဘယ္လိုမ်ိဳးကြာျခားသြားမလဲ။

ကၽြန္ေတာ္ငယ္ငယ္တုန္းက ပထမဆံုးစၿပီး Active ျဖစ္တဲ့ mood ကို မရရေအာင္ျပန္ယူတယ္။ ၁၇ေလာက္က ေဆးလိပ္လဲမေသာက္တတ္၊ ဘာဆိုဘာမွမလုပ္တတ္ဘူးေပါ့။ အဲ့ဒီလိုအေနအထားကေန လုပ္ခဲ့တာဆိုေတာ့ အဲ့ဒီတုန္းကအရမ္းတက္ၾကြတယ္။ သီခ်င္းႏွစ္ပုဒ္ေလာက္ကိုေက်ာင္းတက္ရင္းတစ္ဖက္နဲ႕ေကာင္းေကာင္းလုပ္ႏုိင္တယ္။ အဲ့ဒီလိုဆိုေတာ့ အခုအဲ့ဒီေနာက္ကိုျပန္ၿပီး အမွီလုိက္ေနပါတယ္။

-Flow ပိုင္းနဲ႕ပတ္သက္ၿပီးေတာ့ေရာ အခုေနာက္ပိုင္းမွာ ဘယ္လိုမ်ိဳးေလးေျပာင္းလဲလာတာမ်ိဳးရွိမလဲ။

Flow ပိုင္းက ကၽြန္ေတာ္ျမန္မာပိုဆန္လာဖို႕ရွိတယ္။ အခုထြက္သြားတဲ့ ဗ်ဴဟာအေခြထဲမွာလဲ တစ္ခုေပါ့။ ၿပီးရင္ကၽြန္ေတာ့ ပထမ Solo မွာတုန္းကေရးထားခဲ့တဲ့ ငါမရွိေတာ့တဲ့ေနာက္ဆိုတဲ့ သီခ်င္းထဲက Flow ပံုစံမ်ိဳးကိုပုိၾကိဳက္တယ္။

-အစ္ကို႕ကိုဆို Rhyme ေတြအရမ္းေကာင္းျပီး ထိမိတယ္။ အစ္ကို႕ပံုစံကလည္း သီးသန္႕အျမဲကြဲထြက္ေနတယ္ဆုိေတာ့ အဲ့ဒီအေၾကာင္းေလးေျပာေပးပါဦး။

ကၽြန္ေတာ္စာမဖတ္တာၾကာၿပီေပါ့။ စာျပန္ဖတ္ဖို႕ေတာ့စဥ္းစားထားတယ္။ PDF ေတြေတာ့စုထားတယ္။ ဒါေပမဲ့ျပန္ဖတ္ဖို႕ကို အခ်ိန္မေပးျဖစ္တာေပါ့။ စာေတြျပန္ဖတ္ဖို႕ကိုဆံုးျဖတ္ထားပါတယ္။

-ေနာက္တက္တဲ့လူငယ္ေတြမွာ အစ္ကိုၾကိဳက္တဲ့ လူေတြရွိရင္လဲေျပာေပးပါဦး။

ေ၀ၾကီးနဲ႕ေလာက္စာလံုးကို အရမ္းၾကိဳက္တယ္။

-လက္ရွိနားေထာင္ျဖစ္ေနတဲ့ သီခ်င္းေတြကိုလဲသိခ်င္ပါတယ္။

ခင္ေမာင္တိုးနားေထာင္ျဖစ္တယ္။ အတြင္းပိုင္းကဆို Mixtape ေတြ နားေထာင္ျဖစ္တယ္။ အဲ့ဒီလို Mixtape ေတြနားမေထာင္ျဖစ္တာေတာင္ၾကာၿပီ။ အခုဆို ဇြဲသက္ပိုင္ရဲ႕ Haters Gonna Hate နားေထာင္တယ္။ ေနာက္ ကၽြန္ေတာ္တို႕Page မွာေပၚလာတာေလးေတြ နားေထာင္ျဖစ္တယ္။ အရင္က Underground အေခြဆိုတာ ရွားတယ္။ အခုက်ေတာ့ အရမ္းၾကီးမ်ားလာတာပါတယ္။ ကၽြန္ေတာ္ သိပ္မၾကိဳက္တာလဲပါတယ္။ ကၽြန္ေတာ္ၾကိဳက္တာဆုိ ကၽြန္ေတာ္နားေထာင္ျဖစ္ပါတယ္။

-အစ္ကုိ႕ကို ၁၃ ႏွစ္ၾကာအားေပးလာတဲ့ ပရိသတ္ေတြကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

ကၽြန္ေတာ္စုေပါင္းစပ္ေပါင္းလုပ္ထားတာ အပုဒ္ ၂၀ေလာက္ရွိမယ္။ Solo ၾကီးပဲက ၇ပုဒ္ေလာက္ရွိတယ္။ အဓိကက အေခ်ာမသြင္းရေသးတာလဲပါတယ္။ ေရးၿပီးသားစာအုပ္ေတြေပၚမွာရွိေသးတယ္။ အၾကမ္းေတာင္မသြင္းရေသးဘူး။ ထုတ္ရင္ေကာင္းမလား။ ျဖန္႕ရင္ေကာင္းမလား။ စဥ္းစားေနတုန္းပါပဲ။ သီခ်င္းပံုစံေတြက ကုိယ္ထူကုိယ္ထအေၾကာင္းေတြပါတယ္။ အခုထိအားေပးေနတဲ့သူေတြကိုလဲေက်းဇူးတင္ပါတယ္။ တခ်ိဳ႕ဆို ေတာ္ေတာ္ေတာင္အိုေနၾကၿပီ။ အေခြကေတာ့ ထြက္မလာရင္ေတာင္မွ အြန္လိုင္းကေန တင္ေပးပါ့မယ္။ အခုထြက္ထားတဲ့ အမ္တီဗီ စကားဆိုတဲ့ အပုဒ္ေလးအဲ့ဒါေလးလဲေတာ္ေတာ္ေပါက္တယ္။ တခ်ိဳ႕ကအားမရဘူး။ အေခြထုတ္လုိက္ပါလားေပါ့။ ကၽြန္ေတာ္ေျပာခ်င္တာက အေခြထြက္သည္ျဖစ္ေစ၊ မထြက္သည္ျဖစ္ေစ အားေပးေနတဲ့ ပရိသတ္ကလဲ လက္ထဲေရာက္လာတာနဲ႕အသစ္ျဖစ္ေနတယ္ဆိုရင္ၿပီးတာပါပဲလို႕အားလံုးကိုေက်းဇူးတင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

မြန်မာနိုင်ငံရဲ့ Hip Hop ဂီတလို့ဆိုလိုက်ရင် ဒီဂီတရေစီးကြောင်း ပိုမိုအရှိန်အဟုန်ကောင်းလာအောင် ဝိုင်းဝန်းကြိုးစားခဲ့ကြသူတွေထဲက တစ်ဦးဖြစ်တဲ့ Second Generation က ကြက်ဖအကြောင်း မပါလို့ မဖြစ်ပါဘူး။ ခင်မင်သူတွေ ကိုကြက်လို့ ခေါ်ကြတဲ့ ကြက်ဖဟာ ကိုယ်ရူးသွပ်ရာ မြူးဇစ်တွေကို ဖန်တီးခဲ့ရုံသာမက သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်ခဲ့သေးတာ အားလုံးအသိပါ။ ခုဆိုရင် ဒီလောကထဲမှာ သူကျင်လည်ရင်း ဒီအနုပညာလမ်းပေါ်လျှောက်လှမ်းလာခဲ့တာ သက်တမ်းက ၁၃နှစ်နီးပါးရှိခဲ့ပါပြီ။ လူငယ်တစ်ယောက်ပီပီ သူဆိုးခဲ့မိုက်ခဲ့၊ ရေစုန်မျောခဲ့တဲ့ အချိန် သုံးနှစ်နီးပါးလောက်ရှိခဲ့ပေမယ့် ခုမကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Something is Coming ဖျော်ဖြေပွဲနဲ့အတူ အားလုံးရှေ့ ထူးထူးခြားခြား ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ထူးထူးခြားခြားလို့ဆိုရတာကတော့ ဒီပွဲဟာ Underground က လူငယ်တွေအတွက် ရည်ရွယ်ရင်း သူကိုယ်တိုင်ပွဲစီစဉ်သူတစ်ဦးအနေနဲ့ ဆောင်ရွက်ခဲ့သလို ကိုယ်တိုင်လည်း ဖျော်ဖြေပေးခဲ့တဲ့ ပွဲလေး မို့လို့ပါပဲ။ ကြက်ဖနဲ့ ပြောဖြစ်ခဲ့တာလေးတွေ ဝေမျှရရင်တော့

-ပထမဆုံး Something is Coming ရှိုးလေးရဲ့ အခြေအနေလေးကိုလဲပြောပြပေးပါဦး။

ရှိုးကတော့ မိုက်ပါတယ်။ မိုက်ပေမဲ့နေရာက ကျဉ်းသွားတယ်။ ကျွန်တော်တို့အဲ့ဒီလောက်ကြီးလဲ မှန်းမထားဘူး။ အစကတည်းက မှန်းထားတာက ၃၀၀လောက်ပဲ။ ဒါပေမဲ့အဲ့ဒီနေ့က အသိတွေဝင်တာနဲ့ဘာနဲ့ကျောင်းကကြည့်မယ်ဆိုတဲ့ သူတွေလဲလာတာနဲ့အဆိုတော်နဲ့ပေါင်းရင် ၅၀၀လောက်ဖြစ်သွားတယ်။ အရမ်းတော့ကြပ်သွားတယ်။

-အရှေ့မှာလဲ အစ်ကိုအနေနဲ့ကရှိုးမလုပ်တာကြာပြီဆိုတော့ အဲ့ဒီပွဲလေးကိုရော ဘယ်လိုကဘယ်လိုလုပ်ဖြစ်သွားတာလဲ။

လုပ်ဖြစ်သွားတာက တခြားတော့ မဟုတ်ပါဘူး။ ပဒုမ္မာကွင်းနားက Terminal 5 ဆိုတဲ့ ဘားမှာ Underground ပွဲလေးတစ်ပွဲလုပ်တော့ ကျွန်တော်သွားဖြစ်တယ်။ အရှေ့မှာ Underground ပွဲတွေမသွားဖြစ်တာကြာပြီ။ နီးလဲနီးတော့သွားကြည့်ဖြစ်လိုက်တယ်။ အဲ့ဒီမှာ တစ်ခုစဉ်းစားမိတာက Underground ပွဲဆိုရင် ကလေးတွေက ပိုက်ဆံမရကြတာများတယ်။ ကျွန်တော်တို့ခေတ်တုန်းကလဲ မရခဲ့ပါဘူး။ ဒါပေမဲ့ကျွန်တော်ဘာလုပ်ပေးရင်ကောင်းမလဲဆိုပြီး တွေးမိတယ်။ ဥပမာ သူတို့လာဆိုတဲ့အခါ Taxi ခကုန်တယ်။ အဝတ်အစားခ ကုန်တယ်။ စီဒီခုတ်ခ၊ စတူဒီယိုသွားပြီးအသံချိန်ခအဲ့လောက်လေးတောင် အရင်းပြန်မကျေဘူးဖြစ်နေတယ်။ အဲ့ဒါနဲ့ကျွန်တော်က အဲ့ဒီတစ်ပွဲကိုလုပ်ကြည့်မယ်ပေါ့။ Underground ပွဲဆိုပေမဲ့ စပွန်ဆာတွေဘာတွေတောင်းကြည့်လိုက်တယ်။ တစ်ခါမှလဲ မလုပ်ဖူးပါဘူး။ ပြီးတော့ဈေးကွက်ကိုလဲ တစ်ချက်သိချင်တာနဲ့လုပ်ကြည့်လိုက်တယ်။ အဲ့ဒီအခါမှာ သူတို့လေးတွေအယောက်စီတိုင်းကိုလဲပိုက်ဆံပြန်ပေးနိုင်တယ်။ အဓိကက အဲ့ဒါမို့လိုအဲ့ဒီလိုလေးဖြစ်မြောက်သွားတော့ကျေနပ်ပါတယ်။

-ဒီပွဲလေးကအောင်မြင်ခဲ့တော့ နောက်ပွဲတွေရောထပ်လုပ်ဖို့အစီအစဉ်ရှိသေးလား။

Underground ပွဲတွေကတော့ ဆက်တိုက်လုပ်သွားချင်တယ်။ ဒါပေမဲ့အခုတော့ ကြိုးစားနေတုန်းပေါ့။ ပွဲလေးတွေကတော့ လုပ်တတ်သွားတော့ သိပ်အပန်းမကြီးတော့ဘူး။ ပွဲကြီးတွေကတော့ ခက်ဦးမယ်။

-ပွဲမတိုင်ခင်ကအစ်ကိုပျောက်နေတယ်။ သိပ်မတွေ့ရဘူးပေါ့။ ဘာတွေလုပ်နေလို့လဲ။

ကျွန်တော်အမ်တီဗီတွေရိုက်တယ်။ အွန်လိုင်းကလဲ သိပ်မသုံးဖြစ်ဘူး။ မသုံးတာမှ တော်တော်နှစ်ရှည်လများကိုမသုံးဖြစ်တာ။ အခုဒီနှစ်ထဲမှာမှ တွင်တွင်ကျယ်ကျယ်ပြန်သုံးဖြစ်တာပေါ့။ ဒါတောင်မှ ဘာလုပ်ရတယ်ဘာညာသိပ်နားမလည်သေးဘူး။

-အရှေ့မှာလဲ Underground လူငယ်တွေနဲ့သီချင်းလေးတွေ လုပ်ဖြစ်နေတယ်လို့လဲသိရတယ်။

ဟုတ်ပါတယ်။ ဒါကတော့ ဒီလောကမှာ ဒီလိုပါပဲ။ ကိုယ်ကြိုက်တဲ့သူနဲ့သီချင်းတွဲ လုပ်ကြတယ်။ ပြီးရင် ဆုံတဲ့သူတွေနဲ့လဲ သီချင်းလုပ်ဖြစ်ဖို့စဖြစ်သွားတာကများတယ်။

-ထက်ယံအခွေမှာလဲ အစ်ကိုပါဝင်ထားတာတွေ့ရတယ်။

ဟုတ်ပါတယ်။ ထက်ယံကတော့ သူကလာကမ်းလှမ်းလို့လုပ်ပေးဖြစ်တယ်။ သူနဲ့ကျွန်တော်ကလဲ ဒီအခွေကျမှ စဆုံဖူးတာ သူ့ရဲ့ဒုတိယအခွေမှာ ကျွန်တော်နဲ့လိုက်မယ်ထင်တဲ့ အပုဒ်လေးတစ်ပုဒ်ကိုသူရေးထားတယ်ပေါ့။ ကျွန်တော်နဲ့ဆိုရင်လိုက်မယ်ဆိုပြီးကမ်းလှမ်းတာနဲ့လုပ်ဖြစ်သွားတာပါ။

-အရှေ့မှာလဲ Underground ကလူတွေနဲ့သီချင်းတွေလုပ်ဖြစ်တယ်။ ပြီးတော့လဲ Something is Coming ဆိုတဲ့ ရှိုးလေးဖြစ်လာတယ်ဆိုတော့ Underground ကလူငယ်တွေကို Second Generation က အကြီးတစ်ယောက်အနေနဲ့Support လုပ်ပေးပြီး ပြန်ကြည့်တဲ့သဘောလား။

Support လုပ်ပေးချင်တဲ့သဘောမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ ရှင်းရှင်းလေးပါပဲ။ ရေအိုးတစ်လုံးရှိတယ်ဆို မိုးရွာတယ်။ ကျွန်တော်တို့ကတွေ့တဲ့ရေအိုးကိုကောက်ခံလိုက်မှာပဲ။ ကျွန်တော်တို့သောက်ဖို့လဲ မဟုတ်ဘူး။ ရေအိုးရဲ့သဘောကိုက ရေဖြည့်ဖို့ပဲလေ။ ကျွန်တော်ကတော့ အဲ့ဒီလိုပဲ ယူဆတယ်။ မြေတောင်မြှောက်ပေးတယ်လဲ မဟုတ်ဘူး။ Support လုပ်ပေးတယ်လဲ မဟုတ်ဘူး။ ကျွန်တော်သိတာက သူတို့ဆိုတာ မိုက်တယ်။ အဲ့အတွက်ကြောင့်သူတို့ကိုနားထောင်ကြည့်စေချင်တယ်။ သူတို့ကိုနားထောင်ကြည့်ချင်တဲ့ ပရိသတ်လဲရှိတယ်။ သူတို့ကိုလဲ အဲ့ဒီနေရာမှာရှိစေချင်တယ်။ အဓိကရည်ရွယ်ချက်ကတော့ Underground ကိုဈေးကွက်တစ်ခုဖောက်ကြည့်တာပါ။

-လက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။

ကျွန်တော်အခွေလေးပြန် Run နေတယ်။ သီချင်းအသစ်တွေပေါ့။ နောက်အဟောင်းထဲက မပြန့်သေးတဲ့ သီချင်းတွေနဲ့အသစ်ထဲကဟာတွေကိုပြန်ရောပြီး ဘယ်လိုလုပ်မလဲတော့ မသိသေးဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်ကပဲတင်ဖို့များမလားပေါ့။ အခွေမထုတ်ဖြစ်ရင်တောင် အွန်လိုင်းကနေတင်ပေးဖို့ရှိတယ်။

-အစ်ကိုတို့ Second Generation ကဆိုရင် ကိုဂျေမီတို့ဆိုရင် X box တို့နဲ့သီချင်းတွေတွဲလုပ်ကြတာမျိုးရှိတယ်။ အစ်ကို့အနေနဲ့ကျတော့ အရှေ့မှာအတော်လေးပျောက်သွားခဲ့တော့ အသစ်တွေဆွဲတင်တာမျိုးလဲမရှိသေးတော့လေ အဲ့ဒီအပိုင်းလေးနဲ့ပတ်သက်ပြီးတော့လဲပြောပြပေးပါဦး။

ကျွန်တော်တို့လူငယ်တွေသဘာ၀ ဆိုးခဲ့မိုက်ခဲ့တာတွေရှိတယ်။ အဲ့ဒီဟာတွေမှာ ကျွန်တော်သောင်တင်သွားတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော့်ဘဝကိုကျွန်တော်ရေစုန်မျောမိခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ်မနည်းပြန်ထူထောင်နေရတဲ့ အချိန်မျိုးပေါ့။ အဲ့ဒီမှာအချိန်ကြာသွားတာပါ။ ခန့်မှန်းခြေသုံးလေးနှစ်လောက်ကြာသွားတယ်။

-အခုပြန်လုပ်ဖြစ်တဲ့အချိန်မှာရော အရင်ကလုပ်ခဲ့တဲ့ပုံစံတွေနဲ့အခုလုပ်ခဲ့တဲ့ ပုံစံတွေကဘယ်လိုမျိုးကွာခြားသွားမလဲ။

ကျွန်တော်ငယ်ငယ်တုန်းက ပထမဆုံးစပြီး Active ဖြစ်တဲ့ mood ကို မရရအောင်ပြန်ယူတယ်။ ၁၇လောက်က ဆေးလိပ်လဲမသောက်တတ်၊ ဘာဆိုဘာမှမလုပ်တတ်ဘူးပေါ့။ အဲ့ဒီလိုအနေအထားကနေ လုပ်ခဲ့တာဆိုတော့ အဲ့ဒီတုန်းကအရမ်းတက်ကြွတယ်။ သီချင်းနှစ်ပုဒ်လောက်ကိုကျောင်းတက်ရင်းတစ်ဖက်နဲ့ကောင်းကောင်းလုပ်နိုင်တယ်။ အဲ့ဒီလိုဆိုတော့ အခုအဲ့ဒီနောက်ကိုပြန်ပြီး အမှီလိုက်နေပါတယ်။

-Flow ပိုင်းနဲ့ပတ်သက်ပြီးတော့ရော အခုနောက်ပိုင်းမှာ ဘယ်လိုမျိုးလေးပြောင်းလဲလာတာမျိုးရှိမလဲ။

Flow ပိုင်းက ကျွန်တော်မြန်မာပိုဆန်လာဖို့ရှိတယ်။ အခုထွက်သွားတဲ့ ဗျူဟာအခွေထဲမှာလဲ တစ်ခုပေါ့။ ပြီးရင်ကျွန်တော့ ပထမ Solo မှာတုန်းကရေးထားခဲ့တဲ့ ငါမရှိတော့တဲ့နောက်ဆိုတဲ့ သီချင်းထဲက Flow ပုံစံမျိုးကိုပိုကြိုက်တယ်။

-အစ်ကို့ကိုဆို Rhyme တွေအရမ်းကောင်းပြီး ထိမိတယ်။ အစ်ကို့ပုံစံကလည်း သီးသန့်အမြဲကွဲထွက်နေတယ်ဆိုတော့ အဲ့ဒီအကြောင်းလေးပြောပေးပါဦး။

ကျွန်တော်စာမဖတ်တာကြာပြီပေါ့။ စာပြန်ဖတ်ဖို့တော့စဉ်းစားထားတယ်။ PDF တွေတော့စုထားတယ်။ ဒါပေမဲ့ပြန်ဖတ်ဖို့ကို အချိန်မပေးဖြစ်တာပေါ့။ စာတွေပြန်ဖတ်ဖို့ကိုဆုံးဖြတ်ထားပါတယ်။

-နောက်တက်တဲ့လူငယ်တွေမှာ အစ်ကိုကြိုက်တဲ့ လူတွေရှိရင်လဲပြောပေးပါဦး။

ဝေကြီးနဲ့လောက်စာလုံးကို အရမ်းကြိုက်တယ်။

-လက်ရှိနားထောင်ဖြစ်နေတဲ့ သီချင်းတွေကိုလဲသိချင်ပါတယ်။

ခင်မောင်တိုးနားထောင်ဖြစ်တယ်။ အတွင်းပိုင်းကဆို Mixtape တွေ နားထောင်ဖြစ်တယ်။ အဲ့ဒီလို Mixtape တွေနားမထောင်ဖြစ်တာတောင်ကြာပြီ။ အခုဆို ဇွဲသက်ပိုင်ရဲ့ Haters Gonna Hate နားထောင်တယ်။ နောက် ကျွန်တော်တို့Page မှာပေါ်လာတာလေးတွေ နားထောင်ဖြစ်တယ်။ အရင်က Underground အခွေဆိုတာ ရှားတယ်။ အခုကျတော့ အရမ်းကြီးများလာတာပါတယ်။ ကျွန်တော် သိပ်မကြိုက်တာလဲပါတယ်။ ကျွန်တော်ကြိုက်တာဆို ကျွန်တော်နားထောင်ဖြစ်ပါတယ်။

-အစ်ကို့ကို ၁၃ နှစ်ကြာအားပေးလာတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

ကျွန်တော်စုပေါင်းစပ်ပေါင်းလုပ်ထားတာ အပုဒ် ၂၀လောက်ရှိမယ်။ Solo ကြီးပဲက ၇ပုဒ်လောက်ရှိတယ်။ အဓိကက အချောမသွင်းရသေးတာလဲပါတယ်။ ရေးပြီးသားစာအုပ်တွေပေါ်မှာရှိသေးတယ်။ အကြမ်းတောင်မသွင်းရသေးဘူး။ ထုတ်ရင်ကောင်းမလား။ ဖြန့်ရင်ကောင်းမလား။ စဉ်းစားနေတုန်းပါပဲ။ သီချင်းပုံစံတွေက ကိုယ်ထူကိုယ်ထအကြောင်းတွေပါတယ်။ အခုထိအားပေးနေတဲ့သူတွေကိုလဲကျေးဇူးတင်ပါတယ်။ တချို့ဆို တော်တော်တောင်အိုနေကြပြီ။ အခွေကတော့ ထွက်မလာရင်တောင်မှ အွန်လိုင်းကနေ တင်ပေးပါ့မယ်။ အခုထွက်ထားတဲ့ အမ်တီဗီ စကားဆိုတဲ့ အပုဒ်လေးအဲ့ဒါလေးလဲတော်တော်ပေါက်တယ်။ တချို့ကအားမရဘူး။ အခွေထုတ်လိုက်ပါလားပေါ့။ ကျွန်တော်ပြောချင်တာက အခွေထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ အားပေးနေတဲ့ ပရိသတ်ကလဲ လက်ထဲရောက်လာတာနဲ့အသစ်ဖြစ်နေတယ်ဆိုရင်ပြီးတာပါပဲလို့အားလုံးကိုကျေးဇူးတင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top