Property Expo
×





Credit:Thit Htoo Lwin

#Unicode Version
Microsoft ဟာ iOS 10 Update ထွက်လာတာနဲ့ အညီ အလျှင်အမြန်ပဲ နေရာတစ်နေရာတော့ ရအောင်ယူလိုက်ပြန်ပါပြီ။

ကုမ္ပဏီရဲ့ ထုတ်ဖော်ချက်တစ်ရပ်အရ iPhone နဲ့ iPad တွေအတွက် Skype ရဲ့ ဗားရှင်းအသစ်မှာ Siri နဲ့ တွဲဖက်ထားတဲ့ အကြီးမားဆုံး ထည့်သွင်းချက်တစ်ရပ်ကို ထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

သင့်အနေနဲ့ Siri ကနေတစ်ဆင့် Skype မှာ သင့်ရဲ့ Contact ထဲမှာ ရှိတဲ့ ဘယ်သူ့ကိုမဆို App ကိုဖွင့်စရာမလိုပဲ ဖုန်းခေါ်လို့ရအောင်လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် Skype အသုံးပြုသူတွေကို အခုကစပြီး စတင်လုပ်ဆောင်လို့ ရအောင်ပြုလုပ်ထားတာပါ။

iOS 10 မှာ Skype ထဲက ကိုယ့် မိသားစု၊ သူငယ်ချင်း၊ အလုပ်သမားတွေကို ခွဲခြားပြီး ဆက်သွယ်လို့ရအောင်လည်း ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် အဲ့ဒီလို ဖုန်းခေါ်ရာမှာလည်း interface ဟာ လုံးဝ သာမန်ဖုန်းခေါ်တဲ့ ပုံစံမျိုးဖြစ်အောင် ပြောင်းလဲထားတယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top