Property Expo
×

 ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕ နယ္ရွိ Sky Star ဟုိတယ္တြင္ စက္တင္ဘာ ၁၂ရက္ မြန္းလြဲ၂နာ ရီ မိနစ္၅၀ခန္႔က ၀ုိင္ယာေရွာ့ခ္ျဖစ္၍ မီးေလာင္ရာ တစ္နာရီေက်ာ္ၾကာမီးၿငိႇမ္းသတ္ခဲ့ရေၾကာင္း သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္  တာေမြႀကီး(ခ)ရပ္ကြက္ ေရႊထြဋ္ တင္၀င္းလမ္းရွိ Sky Star ဟုိ တယ္ ငါးလႊာတြင္လွ်ပ္စစ္ျဖန္႔ျဖဴးေပး သည့္ေနရာမွ ၀ုိင္ယာႀကိဳးမ်ား အ ပူလြန္ကဲၿပီး မီးေလာင္ျခင္းျဖစ္ ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး မီးသတ္ဦးစီးမွဴး  ဦးေသာ္ဒါက ေျပာသည္။ မြန္းလြဲ၂နာရီ မိနစ္ ၅၀ခန္႔က စတင္ေလာင္ကၽြမ္းခဲ့သည့္ မီးေလာင္မႈကို Level 2အဆင့္ သတ္မွတ္ၿပီး မီးသတ္ယာဥ္ ၂၅စီး ျဖင့္ ၿငိႇမ္းသတ္ရာ ၄နာရီခန္႔တြင္ မီးၿငိမ္းခဲ့ေၾကာင္း သတင္းရရွိသည္။

  ဟုိတယ္သည္၁၃ထပ္အျမင့္ရွိၿပီး ငါးလႊာမွ ၁၃လႊာအထိအလႊာ ကုိးခုမွ ၀ုိင္ယာႀကိဳးတစ္ေလွ်ာက္မီးေလာင္ခဲ့ၿပီး ပ်က္စီးဆုံး႐ႈံးမႈတန္ဖုိး  က်ပ္ႏွစ္သိန္းခန္႔သာရွိေၾကာင္း ဦးေသာ္ဒါက ေျပာသည္။ မီးၿငိႇမ္းသတ္ေနစဥ္အတြင္း ဟုိတယ္တြင္ ကာရံထားသည့္မွန္ ၁၀ခ်ပ္ေက်ာ္အထိ ႐ုိက္ခြဲခဲ့ရသည္။

မီးေလာင္မႈေၾကာင့္ ထိခုိက္ ဒဏ္ရာရရွိသူမရွိေၾကာင္း ရန္ ကုန္တုိင္းေဒသႀကီးမီးသတ္ဦးစီး မွဴးဦးေသာ္ဒါက ေျပာၾကား သည္။ သုိ႔ေသာ္မီးေလာင္ရာတြင္ အေရးေပၚလူနာတင္ယာဥ္ျဖင့္ကူ ညီခဲ့သည့္ လင္းလက္ပရဟိတ ေသြးလွဴရွင္အဖြဲ႕ႏွင့္ လူမႈကူညီေရးအသင္းရန္ကုန္၏ ဥကၠ႒ေဒၚေဇာ္ျမင့္ျမင့္ခုိင္ကမူ ဟုိတယ္၀န္ထမ္းႏွစ္ဦး ထိခုိက္ဒဏ္ရာရရွိ ေၾကာင္းေျပာသည္။ တစ္ဦးမွာ မွန္ ကိုလက္ျဖင့္ခြဲျခင္းေၾကာင့္လက္ တစ္ဖက္ျပတ္ရွဒဏ္ရာရရွိခဲ့ၿပီး တစ္ဦးသည္ ေအာက္ဆီဂ်င္ျပတ္လပ္ျခင္း၊ စိတ္လႈပ္ရွားျခင္းေၾကာင့္ မူးလဲသြားျခင္းျဖစ္ေၾကာင္း၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရန်ကုန်မြို့ တာမွေမြို့ နယ်ရှိ Sky Star ဟိုတယ်တွင် စက်တင်ဘာ ၁၂ရက် မွန်းလွဲ၂နာ ရီ မိနစ်၅၀ခန့်က ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်ရာ တစ်နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်  တာမွေကြီး(ခ)ရပ်ကွက် ရွှေထွဋ် တင်ဝင်းလမ်းရှိ Sky Star ဟို တယ် ငါးလွှာတွင်လျှပ်စစ်ဖြန့်ဖြူးပေး သည့်နေရာမှ ဝိုင်ယာကြိုးများ အ ပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး  ဦးသော်ဒါက ပြောသည်။ မွန်းလွဲ၂နာရီ မိနစ် ၅၀ခန့်က စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်မှုကို Level 2အဆင့် သတ်မှတ်ပြီး မီးသတ်ယာဉ် ၂၅စီး ဖြင့် ငြှိမ်းသတ်ရာ ၄နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိသည်။


  ဟိုတယ်သည်၁၃ထပ်အမြင့်ရှိပြီး ငါးလွှာမှ ၁၃လွှာအထိအလွှာ ကိုးခုမှ ဝိုင်ယာကြိုးတစ်လျှောက်မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး  ကျပ်နှစ်သိန်းခန့်သာရှိကြောင်း ဦးသော်ဒါက ပြောသည်။ မီးငြှိမ်းသတ်နေစဉ်အတွင်း ဟိုတယ်တွင် ကာရံထားသည့်မှန် ၁၀ချပ်ကျော်အထိ ရိုက်ခွဲခဲ့ရသည်။

မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူမရှိကြောင်း ရန် ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီး မှူးဦးသော်ဒါက ပြောကြား သည်။ သို့သော်မီးလောင်ရာတွင် အရေးပေါ်လူနာတင်ယာဉ်ဖြင့်ကူ ညီခဲ့သည့် လင်းလက်ပရဟိတ သွေးလှူရှင်အဖွဲ့နှင့် လူမှုကူညီရေးအသင်းရန်ကုန်၏ ဥက္ကဋ္ဌဒေါ်ဇော်မြင့်မြင့်ခိုင်ကမူ ဟိုတယ်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်းပြောသည်။ တစ်ဦးမှာ မှန် ကိုလက်ဖြင့်ခွဲခြင်းကြောင့်လက် တစ်ဖက်ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသည် အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ စိတ်လှုပ်ရှားခြင်းကြောင့် မူးလဲသွားခြင်းဖြစ်ကြောင်း၎င်းကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top