Property Expo
×

ကိုလံဘီယာ အဆိုေတာ္ ေမာ္လူမာ အားျဖည့္ ပါဝင္သီဆိုထားေသာ 'Chantaje' ဟုအမည္ေပးထားသည့္ သီခ်င္း သစ္ကို ထုတ္ေဝရန္ စီစဥ္ထား ေၾကာင္း ရွာကီရာက လူမႈကြန္ ရက္မွတစ္ဆင့္ ေၾကညာသည္။

မိမိလက္တြဲထားေသာ အႏု ပညာရွင္ႏွင့္ ေတးသီခ်င္းသစ္ကို ပထမဆံုး အကဲျဖတ္ျမည္းစမ္းႏုိုင္ ရန္ အၾကမ္းအသံသြင္းထားေသာ သီခ်င္းကို ေဖာ္ျပေပးမည္ဟု ရွာ ကီရာက ၎၏အင္စတာဂရမ္ အေကာင့္တြင္ ေရးသားေဖာ္ျပ ထားသည္။

ရွာကီရာသည္ ၎၏ ပထမ ဆံုးေတးအယ္လ္ဘမ္ 'Magic'ကို ေမာ္လူမာႏွင့္အတူ ပူးတြဲဖန္တီးခဲ့ ၿပီး ယခုတစ္ဖန္ ၎ႏွင့္လက္တြဲ၍ သီခ်င္းသစ္ဖန္တီးျခင္းျဖစ္သည္။

ရွာကီရာသည္ ယင္းသီခ်င္း သစ္ကို ေမာ္လူမာအျပင္ ကီဗင္ ဂ်ီမင္နက္၊   ခ်န္အယ္လ္ဂီနီယို၊ ကီႏုိင္တု႔ိႏွင့္ ပူးေပါင္းဖန္တီးထား ျခင္းျဖစ္သည္။

ကားလို႔စ္ဗီဗီႏွင့္ ပူးေပါင္း၍ မ်ားမၾကာမီက ထြက္ရွိေသာ ရွာ ကီရာ၏ 'La Bicicleta' သီခ်င္းမွာ ကမၻာ့ ေပါက္သီခ်င္းတစ္ပုဒ္အျဖစ္ ရွိေနဆဲအခ်ိန္တြင္ ယခု သီခ်င္း သစ္ 'Chantaje'ကိုထုတ္ေဝရန္ ျပင္ဆင္ျခင္းျဖစ္သည္။

'La Bicicleta'ေတးသီခ်င္း ဗီဒီယုိသည္ အြန္လိုင္းတြင္ ၾကည့္ ႐ႈသူ သန္း ၃၅၀ ေက်ာ္ရွိေသာ ေတးသီခ်င္း ဗီဒီယုိျဖစ္သည္။

လက္ရွိတြင္ ရွာကီရာသည္ စပိန္ဘာသာျဖင့္ သီဆိုထားေသာ ေတးသီခ်င္းအသစ္မ်ားအတြက္ အသံသြင္းေနေၾကာင္း   သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ကိုလံဘီယာ အဆိုတော် မော်လူမာ အားဖြည့် ပါဝင်သီဆိုထားသော 'Chantaje' ဟုအမည်ပေးထားသည့် သီချင်း သစ်ကို ထုတ်ဝေရန် စီစဉ်ထား ကြောင်း ရှာကီရာက လူမှုကွန် ရက်မှတစ်ဆင့် ကြေညာသည်။

မိမိလက်တွဲထားသော အနု ပညာရှင်နှင့် တေးသီချင်းသစ်ကို ပထမဆုံး အကဲဖြတ်မြည်းစမ်းနိုင် ရန် အကြမ်းအသံသွင်းထားသော သီချင်းကို ဖော်ပြပေးမည်ဟု ရှာ ကီရာက ၎င်း၏အင်စတာဂရမ် အကောင့်တွင် ရေးသားဖော်ပြ ထားသည်။

ရှာကီရာသည် ၎င်း၏ ပထမ ဆုံးတေးအယ်လ်ဘမ် 'Magic'ကို မော်လူမာနှင့်အတူ ပူးတွဲဖန်တီးခဲ့ ပြီး ယခုတစ်ဖန် ၎င်းနှင့်လက်တွဲ၍ သီချင်းသစ်ဖန်တီးခြင်းဖြစ်သည်။

ရှာကီရာသည် ယင်းသီချင်း သစ်ကို မော်လူမာအပြင် ကီဗင် ဂျီမင်နက်၊   ချန်အယ်လ်ဂီနီယို၊ ကီနိုင်တု့ိနှင့် ပူးပေါင်းဖန်တီးထား ခြင်းဖြစ်သည်။

ကားလို့စ်ဗီဗီနှင့် ပူးပေါင်း၍ များမကြာမီက ထွက်ရှိသော ရှာ ကီရာ၏ 'La Bicicleta' သီချင်းမှာ ကမ္ဘာ့ ပေါက်သီချင်းတစ်ပုဒ်အဖြစ် ရှိနေဆဲအချိန်တွင် ယခု သီချင်း သစ် 'Chantaje'ကိုထုတ်ဝေရန် ပြင်ဆင်ခြင်းဖြစ်သည်။

'La Bicicleta'တေးသီချင်း ဗီဒီယိုသည် အွန်လိုင်းတွင် ကြည့် ရှုသူ သန်း ၃၅၀ ကျော်ရှိသော တေးသီချင်း ဗီဒီယိုဖြစ်သည်။

လက်ရှိတွင် ရှာကီရာသည် စပိန်ဘာသာဖြင့် သီဆိုထားသော တေးသီချင်းအသစ်များအတွက် အသံသွင်းနေကြောင်း   သိရ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top