Kantharyar Centre
×

ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီစီေယာင္းရဲ႕ sex tape (ခ်စ္တင္းေႏွာတဲ့ဗီဒီယို) ထြက္႐ွိခဲ့ေၾကာင္း သတင္းလႊင့္ခဲ့သူႏွစ္ဦးကို တရား႐ံုးက ေထာင္ဒဏ္ခ်မွတ္လိုက္တယ္လို႔ သတင္းရပါတယ္။ ပထမတစ္ဦးကေတာ့ လီစီေယာင္း sex tape ထြက္တယ္လို႔ သတင္းျဖန္႔ခဲ့တာျဖစ္ၿပီး ေနာက္တစ္ဦးကေတာ့ အဆုိပါမဟုတ္မမွန္တဲ့အေၾကာင္းအရာကို သတင္းအျဖစ္ေရးသားခဲ့တဲ့ သတင္းေထာက္ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ ဇြန္လက အြန္လိုင္းမွာပ်ံ႕ႏွံ႔ေနတဲ့ sex tape တစ္ခုထဲက အမ်ိဳးသမီးဟာ လီစီေယာင္းျဖစ္တယ္လို႔ ေကာလာဟလေတြ ထြက္ခဲ့တာပါ။ တစ္လၾကာၿပီးေနာက္ ဗီဒီယိုထဲက အမ်ိဳးသမီးဟာ လီစီေယာင္းမဟုတ္မွန္း ႐ွင္း႐ွင္းလင္းလင္းေပၚေပါက္ခဲ့ပါတယ္။ ဒီအတြက္ မဟုတ္တမ္းတရားစြပ္စြဲခံရတဲ့ စီေယာင္းက ႐ံုးမွာတိုင္ၾကားခဲ့ပါတယ္။

ပထမလူကို အလုပ္နဲ႔ေထာင္ဒဏ္ ၆လ၊ ခံဝန္ ၁ ႏွစ္အျပင္ လူမႈေရးလုပ္ငန္း နာရီ ၂၀၀ ျပဳလုပ္ဖုိ႔ တရား႐ံုးက အမိန္႔ခ်ခဲ့ပါတယ္။ မမွန္မကန္ေရးသားတဲ့ သတင္းေထာက္ကေတာ့ အလုပ္နဲ႔ေထာင္ဒဏ္ ၁ ႏွစ္၊ ခံဝန္ ၂ ႏွစ္နဲ႔ လူမႈေရးလုပ္အားေပး နာရီ ၂၀၀ ျပဳလုပ္္ရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

တောင်ကိုရီးယားသရုပ်ဆောင် လီစီယောင်းရဲ့ sex tape (ချစ်တင်းနှောတဲ့ဗီဒီယို) ထွက်ရှိခဲ့ကြောင်း သတင်းလွှင့်ခဲ့သူနှစ်ဦးကို တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သတင်းရပါတယ်။ ပထမတစ်ဦးကတော့ လီစီယောင်း sex tape ထွက်တယ်လို့ သတင်းဖြန့်ခဲ့တာဖြစ်ပြီး နောက်တစ်ဦးကတော့ အဆိုပါမဟုတ်မမှန်တဲ့အကြောင်းအရာကို သတင်းအဖြစ်ရေးသားခဲ့တဲ့ သတင်းထောက်ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဇွန်လက အွန်လိုင်းမှာပျံ့နှံ့နေတဲ့ sex tape တစ်ခုထဲက အမျိုးသမီးဟာ လီစီယောင်းဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ခဲ့တာပါ။ တစ်လကြာပြီးနောက် ဗီဒီယိုထဲက အမျိုးသမီးဟာ လီစီယောင်းမဟုတ်မှန်း ရှင်းရှင်းလင်းလင်းပေါ်ပေါက်ခဲ့ပါတယ်။ ဒီအတွက် မဟုတ်တမ်းတရားစွပ်စွဲခံရတဲ့ စီယောင်းက ရုံးမှာတိုင်ကြားခဲ့ပါတယ်။

ပထမလူကို အလုပ်နဲ့ထောင်ဒဏ် ၆လ၊ ခံဝန် ၁ နှစ်အပြင် လူမှုရေးလုပ်ငန်း နာရီ ၂၀၀ ပြုလုပ်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ မမှန်မကန်ရေးသားတဲ့ သတင်းထောက်ကတော့ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်၊ ခံဝန် ၂ နှစ်နဲ့ လူမှုရေးလုပ်အားပေး နာရီ ၂၀၀ ပြုလုပ်ရမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top