Kantharyar Centre
×




Credit : Duwun

#Unicode Version

မဝေးတော့တဲ့ အနာဂတ်မှာ လူသားအရေပြားနဲ့ အတူဆုံးပြုလုပ်ထားတဲ့ လိင်မှုဖျော်ဖြေရေးစက်ရုပ်တွေကို ထုတ်လုပ်နိုင်တော့မယ်လို့ ဆိုပါတယ်။ လူသားတွေအရေပြားလိုမျိုး နွေးနွေးထွေးထွေး ရှိမှာဖြစ်တဲ့အတွက် လူသားတွေနဲ့ စက်ရုပ်တွေအကြား ချစ်သူတွေလို သံယောဇဉ် ဖြစ်လာကြလိမ့်မယ်လို့ RealDoll အရုပ်ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ပြောကြားချက်ကို ကိုးကားပြီး ဒေးလီးစတား သတင်းစာမှာ ဖော်ပြပါတယ်။

အရုပ်တွေရဲ့ ကိုယ်အတွင်းကို နွေးထွေးစေတဲ့ နည်းပညာကို အဆင့်မြှင့်တင်နေပြီး လူသားတစ်ယောက်ကို ထိတွေ့ရသလိုမျိုး ခံစားရစေမှာ ဖြစ်ပါတယ်။ အခုလက်ရှိအရုပ်တွေထဲမှာ လူ့အသားရေလိုမျိုး နူးညံ့အောင် လုပ်ထားကြပေမဲ့ နွေးထွေးတဲ့ အသားအရေမရှိဘဲ အေးတိအေးစက် အသားအရေတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိကမ္ဘာကြီးမှာ လူသားအချို့ ကြုံတွေ့နေရတဲ့ ပြဿနာက လူအချင်းချင်း အပြင်မှာ ချိန်းတွေ့ဖို့ကို ရှက်ကြောက်နေရခြင်းဖြစ်တယ်လို့ realdoll ကုမ္ပဏီရဲ့ပိုင်ရှင် မက္ကမူလန်က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top