Kantharyar Centre
×

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အႀကီးမားဆံုးအႏုပညာေအဂ်င္စီ SM Entertainment က ဖြဲ႔စည္းေပးခဲ့တဲ့  ပထမဆံုးအမ်ိဳးသမီးအဆုိေတာ္အဖြဲ႔ S.E.S ဟာ မၾကာခင္ ပရိသတ္ေ႐ွ႕ကို ျပန္ေရာက္လာပါေတာ့မယ္။

အဖြဲ႔ဝင္သံုးဦး ပါဝင္တဲ့ S.E.S ဟာ ၁၉၉၇ ခုႏွစ္ကစၿပီး လႈပ္႐ွားခဲ့တာပါ။ ၂၀၀၂ ခုႏွစ္မွာေတာ့ အဖြဲ႔ရဲ႕လႈပ္႐ွားမႈေတြ ရပ္တန္႔သြားပါေတာ့တယ္။ S.E.S ႏွစ္ ၂၀ ျပည့္ အထိမ္းအမွတ္မွာ အဖြဲ႔သားေတြေပါင္းစည္းၿပီး အႏုပညာအလုပ္ေတြ ျပန္လုပ္မယ္လို႔ အဖြဲ႔ဝင္ ဘာဒါက ေအာက္တိုဘာ ၃ ရက္ေန႔မွာ သူမရဲ႕အင္စတာဂရမ္ကတစ္ဆင့္ ေၾကညာလုိက္တာျဖစ္ပါတယ္။

က်န္အဖြဲ႔သားႏွစ္ဦးျဖစ္တဲ့ အူဂ်င္းနဲ႔ ႐ႈးတုိ႔ကိုလည္း အဖြဲ႔ျပန္လည္ေပါင္းစည္းဖုိ႔ တုိင္ပင္ခဲ့ၿပီးၿပီျဖစ္ေၾကာင္းနဲ႔ ပရိသတ္ေတြအေနနဲ႔ နည္းနည္းေလာက္ ေစာင့္ဆိုင္းေပးဖုိ႔၊ ပိုၿပီးေမွ်ာ္လင့္ထားဖို႔ကိုလည္း ဘာဒါက ေရးသားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံးအနုပညာအေဂျင်စီ SM Entertainment က ဖွဲ့စည်းပေးခဲ့တဲ့  ပထမဆုံးအမျိုးသမီးအဆိုတော်အဖွဲ့ S.E.S ဟာ မကြာခင် ပရိသတ်ရှေ့ကို ပြန်ရောက်လာပါတော့မယ်။

အဖွဲ့ဝင်သုံးဦး ပါဝင်တဲ့ S.E.S ဟာ ၁၉၉၇ ခုနှစ်ကစပြီး လှုပ်ရှားခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာတော့ အဖွဲ့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပါတော့တယ်။ S.E.S နှစ် ၂၀ ပြည့် အထိမ်းအမှတ်မှာ အဖွဲ့သားတွေပေါင်းစည်းပြီး အနုပညာအလုပ်တွေ ပြန်လုပ်မယ်လို့ အဖွဲ့ဝင် ဘာဒါက အောက်တိုဘာ ၃ ရက်နေ့မှာ သူမရဲ့အင်စတာဂရမ်ကတစ်ဆင့် ကြေညာလိုက်တာဖြစ်ပါတယ်။

ကျန်အဖွဲ့သားနှစ်ဦးဖြစ်တဲ့ အူဂျင်းနဲ့ ရှုးတို့ကိုလည်း အဖွဲ့ပြန်လည်ပေါင်းစည်းဖို့ တိုင်ပင်ခဲ့ပြီးပြီဖြစ်ကြောင်းနဲ့ ပရိသတ်တွေအနေနဲ့ နည်းနည်းလောက် စောင့်ဆိုင်းပေးဖို့၊ ပိုပြီးမျှော်လင့်ထားဖို့ကိုလည်း ဘာဒါက ရေးသားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top