Property Expo
×



Credit:Trend Myanmar

#Unicode Version
လေ့လာတွေ့ရှိချက်တွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ လူမှုကွန်ယက်တွေပေါ်က အမိုက်စား selfieတွေနဲ့ ပတ်သက်ပြီး အယုံအကြ ည်မရှိကြပါဘူးတဲ့။
ဒါဟာ Connecticut တက္ကသိုလ်က လေ့လာတွေ့ရှိချက်ဖြစ်ပြီး အမျိုးသားတွေဟာ ဒီလို အမျိုးသမီးတစ်ဦးရဲ့ အမိုက်စား selfieကို ကြည့်ပြီး ဒီအမျိုးသမီးဟာ ယုံကြည်ရမယ့်သူ မဟုတ်ဘူးလို့ ထင်မြင်သွားတတ်ကြပါတယ်။

သုတေသီတွေက အမျိုးသားတွေကို အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေပြခဲ့ပါတယ်။ အဲ့ဒီမှာ သူတို့တွေအားလုံး တစ်ညီတည်း ပြောသွားတာက ဓာတ်ပုံထဲ မိတ်ကပ်တွေလိမ်း အလှတွေပြင်၊ ဆံပင်တွေဘာတွေကောက်ပြီး selfie ရိုက်တင်ထားသူတွေဟာ ယုံကြည်ရသူတွေ မဟုတ်လောက်ပါဘူးတဲ့။ selfie ချင်းတူပေမယ့် သဘာဝအတိုင်း အလွန်အက္ဈံကြီး ခြယ်သမထားပဲ ရိုက်ထားတဲ့ selfie ပုံပိုင်ရှင်တွေက ခုနအမျိုးသမီးတွေထက် ပိုယုံကြည်ရတယ်လို့ သူတို့ခံစားရကြောင်း ဖွင့်ဟ သွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top