Property Expo
×

တပ္မေတာ္စစ္ေၾကာင္းမ်ားက ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္စဥ္ အၾကမ္းဖက္စီးနင္းတိုက္ခိုက္သူတစ္ဦး၊ ေသနတ္တစ္လက္ႏွင့္ ခဲယမ္းမ်ား သိမ္းဆည္းရမိ

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္စီးနင္းတိုက္ခိုက္မႈ ျဖစ္စဥ္မ်ားေၾကာင့္ တပ္မေတာ္ စစ္ေၾကာင္းမ်ားက ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ရန္အတြက္ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိရာ ေအာက္တိုဘာ ၁၂ ရက္ ည ၇ နာရီ ၂၀ မိနစ္ခန္႔တြင္ ေမာင္ေတာၿမိဳ႕နယ္၊ ၀ါးပိတ္ေက်းရြာ၏ အေနာက္ဘက္ မီတာ ၂၀၀ ခန္႔အကြာရွိ ေတာင္ကုန္း၌ က်ီးကန္းျပင္အုပ္စု၊ ၀ါးပိတ္ေက်းရြာေန အၾကမ္းဖက္စီးနင္း တိုက္ခိုက္သူ ေဖာ္ေဆာ္လာေမာက္(ဘ) ေဖြဘာေမာက္အား ဖမ္းဆီးရမိခဲ့သည္။
ေအာက္တုိဘာလ (၁၃)ရက္ေန ့နံနက္ပုိင္းတြင္ တပ္မေတာ္စစ္ေၾကာင္းက အၾကမ္းဖက္စီးနင္းတိုက္ခိုက္သူမ်ား ေအာက္တုိဘာ ၁၂ ရက္တြင္ မီး႐ႈိ႕ဖ်က္ဆီးသြားခဲ့သည့္ ၀ါးပိတ္ေက်းရြာအတြင္းအေသး စိတ္ထပ္မံရွင္းလင္းရာ မီးေလာင္ထားသည့္ MA-11 အမ်ိဳးအစားေသနတ္တစ္လက္၊ က်ည္အိမ္မ်ိဳးစုံ ၁၁ ခု၊ က်ည္မ်ိဳးစုံ ၁၅၁၀ ေတာင့္၊ ေျပာက္က်ားယူနီေဖာင္းတစ္စုံ၊ RSO အလံ ၂၄ ခုႏွင့္ RSO တံဆိပ္ပါ လည္စီး ၄၀ ခုႏွင့္ ဓားရွည္တစ္ေခ်ာင္းတုိ႔အား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းရရွိသည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar President Office

#Unicode Version
တပ်မတော်စစ်ကြောင်းများက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတစ်ဦး၊ သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် တပ်မတော် စစ်ကြောင်းများက ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ ဝါးပိတ်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင်အုပ်စု၊ ဝါးပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ဖော်ဆော်လာမောက်(ဘ) ဖွေဘာမောက်အား ဖမ်းဆီးရမိခဲ့သည်။
အောက်တိုဘာလ (၁၃)ရက်နေ့နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အောက်တိုဘာ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးသွားခဲ့သည့် ဝါးပိတ်ကျေးရွာအတွင်းအသေး စိတ်ထပ်မံရှင်းလင်းရာ မီးလောင်ထားသည့် MA-11 အမျိုးအစားသေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်းတစ်စုံ၊ RSO အလံ ၂၄ ခုနှင့် RSO တံဆိပ်ပါ လည်စီး ၄၀ ခုနှင့် ဓားရှည်တစ်ချောင်းတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar President Office
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top