Kantharyar Centre
×

ကမာၻေက်ာ္ ေရာ့ခ္ဂီတအဖြဲ႕ Rolling Stones ရဲ႕ ဆယ္စုႏွစ္တစ္ခုအတြင္း ပထမဆုံး ေတးသီခ်င္းအယ္လ္ဘမ္ ယေန႕ (ေအာက္တုိဘာ ၆ ရက္) မွာ ေၾကညာသြားဖြယ္႐ွိေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္း Rolling Stones က ၁၀ စကၠန္႕ၾကာျမင့္တဲ့ ေတးသီးခ်င္းနဲ႕ ဗီဒီယုိတစ္ခုကုိ တြစ္တာမွာ လႊင့္တင္ခဲ့ၿပီး စာညႊန္းအျဖစ္ 'လာမယ့္ ေအာက္တုိဘာ ၆ ရက္' လို႕ ေရးသားထားခဲ့ပါတယ္။
ဗုဒၶဟူးေန႕ (ေအာက္တုိဘာ ၅ ရက္) မွာေတာ့ Rolling Stones ရဲ႕ တရားဝင္ တြစ္တာကေန 'မနက္ျဖန္ မြန္းလြဲ ၂ နာရီ' လို႕ ေရးသားလႊင့္တင္ထားတာ ေတြ႕ရပါတယ္။ Rolling Stones ရဲ႕ အယ္လ္ဘမ္သစ္မွာ ၂၀၀၅ ခုႏွစ္က ေနာက္ဆုံး ထြက္႐ွိခဲ့တာ ျဖစ္ပါတယ္။ ယခုႏွစ္ မတ္အတြင္းမွာေတာ့ က်ဴဘားႏုိင္ငံမွာ Rolling Stones အဖြဲ႕ သြားေရာက္ေဖ်ာ္ေျဖခဲ့ရာ ခန္႕မွန္းေျခ ပရိသတ္ ၅၀၀,၀၀၀ အထိ အားေပးခဲ့ၾကပါတယ္။
Rolling Stones ရဲ႕ လိဒ္ဂစ္တာသမား ရစ္ခ်တ္က ၎နဲ႕အတူ Rolling Stones အဖြဲ႕သားေတြျဖစ္တဲ့ မစ္ဂ်က္ဂါ၊ ခ်ာလီဝက္စ္နဲ႕ ႐ြန္ဝုဒ္တုိ႕ဟာ ၂၀၁၆ မွာ စတူဒီယုိကုိ ျပန္လာခဲ့မယ္လုိ႕ လြန္ခဲ့တဲ့ တစ္ႏွစ္က ေျပာၾကားထားခဲ့ဖူးပါတယ္။ Rolling Stones ေရာ့ခ္ဂီတအဖြဲ႕ကုိ ၁၉၆၂ ခုႏွစ္က လန္ဒန္မွာ စတင္ ဖြဲ႕စည္းတည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ Rolling Stones ရဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး တေးသီချင်းအယ်လ်ဘမ် ယနေ့ (အောက်တိုဘာ ၆ ရက်) မှာ ကြေညာသွားဖွယ်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Rolling Stones က ၁၀ စက္ကန့်ကြာမြင့်တဲ့ တေးသီးချင်းနဲ့ ဗီဒီယိုတစ်ခုကို တွစ်တာမှာ လွှင့်တင်ခဲ့ပြီး စာညွှန်းအဖြစ် 'လာမယ့် အောက်တိုဘာ ၆ ရက်' လို့ ရေးသားထားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၅ ရက်) မှာတော့ Rolling Stones ရဲ့ တရားဝင် တွစ်တာကနေ 'မနက်ဖြန် မွန်းလွဲ ၂ နာရီ' လို့ ရေးသားလွှင့်တင်ထားတာ တွေ့ရပါတယ်။ Rolling Stones ရဲ့ အယ်လ်ဘမ်သစ်မှာ ၂၀၀၅ ခုနှစ်က နောက်ဆုံး ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် မတ်အတွင်းမှာတော့ ကျူဘားနိုင်ငံမှာ Rolling Stones အဖွဲ့ သွားရောက်ဖျော်ဖြေခဲ့ရာ ခန့်မှန်းခြေ ပရိသတ် ၅၀၀,၀၀၀ အထိ အားပေးခဲ့ကြပါတယ်။
Rolling Stones ရဲ့ လိဒ်ဂစ်တာသမား ရစ်ချတ်က ၎င်းနဲ့အတူ Rolling Stones အဖွဲ့သားတွေဖြစ်တဲ့ မစ်ဂျက်ဂါ၊ ချာလီဝက်စ်နဲ့ ရွန်ဝုဒ်တို့ဟာ ၂၀၁၆ မှာ စတူဒီယိုကို ပြန်လာခဲ့မယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်က ပြောကြားထားခဲ့ဖူးပါတယ်။ Rolling Stones ရော့ခ်ဂီတအဖွဲ့ကို ၁၉၆၂ ခုနှစ်က လန်ဒန်မှာ စတင် ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top