Property Expo
×

 ေတာင္ကိုရီးယားႏုိင္ငံ ဆုိးလ္ၿမိဳ႕တြင္ က်င္းပသည့္ KpopInternational Cover Dance 2016 ၿပိဳင္ပြဲတြင္ ျမန္မာႏုိင္ငံကိုယ္စားျပဳအေနျဖင့္ သြားေရာက္ယွဥ္ ၿပိဳင္သည့္ Project K အဖြဲ႕က ဒုတိယဆုရရွိခဲ့သည္။

‘‘အားလံုးရဲ႕ ပို႔သတဲ့ ေမတၱာ ေတြ၊ ခြန္အားေတြနဲ႔ ကြၽန္ေတာ္တုိ႔ ဒုတိယဆုကို ရရွိခဲ့ပါၿပီဗ်။ ဆုရ တာထက္ ပိုေပ်ာ္ဖို႔ေကာင္းတာက ကိုရီးယားေတြအျပင္ တျခားႏုိင္ငံ ေတြရဲ႕ ခ်စ္ခင္မႈေတြ၊ အထင္ႀကီး မႈေတြပါ အရယူႏုိင္ခဲ့လို႔ပါ’’ဟု Project K အဖြဲ႕မွ ထက္ဘုန္းႏုိင္ က ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ တြင္ ေရးသားထားသည္။

Kpop International Cover Dance 2016 ၿပိဳင္ပြဲတြင္ ပထမဆုကို ထုိင္းႏုိင္ငံက ရရွိၿပီး ဒုတိယဆုကို ျမန္မာႏုိင္ငံႏွင့္ တတိယဆု ကို မေလးရွားႏုိင္ငံအကအဖြဲ႕တို႔ က အသီးသီးဆြတ္ခူးရရိွျခင္းျဖစ္ သည္။Project K အဖြဲ႕တြင္ Jade Dragon အကအဖြဲ႕မွ ထက္ဘုန္းႏုိင္၊ ဟိန္းရာ၊ မင္းခန္႔ဟိန္းႏွင့္ Triplet အကအဖြဲ႕မွ ဘုန္းေန လင္း၊ ဘုန္းေနမင္း၊ ဝီလ်ံတုိ႔အ ျပင္ K-popper ရဲရင့္ေသာ္တုိ႔ျဖင့္ စုစုေပါင္းခုနစ္ေယာက္ပါဝင္ဖြဲ႕ စည္းထားျခင္းျဖစ္သည္။

‘‘ကိုရီးယားမွာ ပထမဦးဆံုး အႀကိမ္ ယွဥ္ၿပိဳင္မႈမွာ အဖြဲ႕ေပါင္း ၄၀ ေက်ာ္ထဲကမွ ဒုတိယဆိုေတာ့ ဝမ္းသာပီတိျဖစ္ရပါတယ္။ ေနာက္ထပ္လည္း ဆက္ႀကိဳးစား သြားပါဦးမယ္’’ဟု ထက္ဘုန္းႏုိင္ က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ေရးသားထားသည္။

အဆုိပါ ၿပိဳင္ပြဲသို႔ သြား ေရာက္ယွဥ္ၿပိဳင္ရန္ Project K အဖြဲ႕သည္ ေအာက္တိုဘာ ၇ ရက္ တြင္ ေတာင္ကိုရီးယားႏုိင္ငံသို႔ သြားေရာက္ျခင္းျဖစ္သည္။

အဆုိပါ Kpop Interna-tional Cover Dance 2016 ၿပိဳင္ ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ႏုိင္ငံ ေပါင္းစံုမွ အကအဖြဲ႕မ်ား၏ ဗီဒီယိုဖိုင္ကို အြန္လိုင္းမွတစ္ဆင့္ ေပးပို႔ ရၿပီး ၿပိဳင္ပြဲဝင္ေရြးခ်ယ္ေရးအဖြဲ႕ ၏ ဆံုးျဖတ္ခ်က္အရ ေကေပါ့ပ္ ကရန္ အဆင့္မီသူမ်ားအား ျပန္လည္ေရြးခ်ယ္ကာ ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ေစျခင္းျဖစ္သည္။

Kpop International CoverDance 2016 ၿပိဳင္ပြဲတြင္ ပထမ ဆုအျဖစ္ ကိုရီးယားဝမ္ေငြ ႏွစ္ သန္း၊ ဒုတိယဆုတစ္သန္း၊ တတိ ယဆုငါးသိန္း ခ်ီးျမႇင့္ခဲ့ၿပီး ယခုႏွစ္ အတြက္ ပါဝင္ယွဥ္ၿပိဳင္ရန္ ထုိင္း၊ ေဟာင္ေကာင္၊ မကာအို၊ မေလး ရွား၊ တုိင္ေပ၊ ကိုရီးယားႏွင့္ ျမန္မာႏုိင္ငံ စသည့္ခုနစ္ႏုိင္ငံမွ အကအ ဖြဲ႕မ်ား ေရြးခ်ယ္ခံခဲ့ရေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသည့် KpopInternational Cover Dance 2016 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ် ပြိုင်သည့် Project K အဖွဲ့က ဒုတိယဆုရရှိခဲ့သည်။

‘‘အားလုံးရဲ့ ပို့သတဲ့ မေတ္တာ တွေ၊ ခွန်အားတွေနဲ့ ကျွန်တော်တို့ ဒုတိယဆုကို ရရှိခဲ့ပါပြီဗျ။ ဆုရ တာထက် ပိုပျော်ဖို့ကောင်းတာက ကိုရီးယားတွေအပြင် တခြားနိုင်ငံ တွေရဲ့ ချစ်ခင်မှုတွေ၊ အထင်ကြီး မှုတွေပါ အရယူနိုင်ခဲ့လို့ပါ’’ဟု Project K အဖွဲ့မှ ထက်ဘုန်းနိုင် က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

Kpop International Cover Dance 2016 ပြိုင်ပွဲတွင် ပထမဆုကို ထိုင်းနိုင်ငံက ရရှိပြီး ဒုတိယဆုကို မြန်မာနိုင်ငံနှင့် တတိယဆု ကို မလေးရှားနိုင်ငံအကအဖွဲ့တို့ က အသီးသီးဆွတ်ခူးရရှိခြင်းဖြစ် သည်။Project K အဖွဲ့တွင် Jade Dragon အကအဖွဲ့မှ ထက်ဘုန်းနိုင်၊ ဟိန်းရာ၊ မင်းခန့်ဟိန်းနှင့် Triplet အကအဖွဲ့မှ ဘုန်းနေ လင်း၊ ဘုန်းနေမင်း၊ ဝီလျံတို့အ ပြင် K-popper ရဲရင့်သော်တို့ဖြင့် စုစုပေါင်းခုနစ်ယောက်ပါဝင်ဖွဲ့ စည်းထားခြင်းဖြစ်သည်။

‘‘ကိုရီးယားမှာ ပထမဦးဆုံး အကြိမ် ယှဉ်ပြိုင်မှုမှာ အဖွဲ့ပေါင်း ၄၀ ကျော်ထဲကမှ ဒုတိယဆိုတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ နောက်ထပ်လည်း ဆက်ကြိုးစား သွားပါဦးမယ်’’ဟု ထက်ဘုန်းနိုင် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

အဆိုပါ ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရန် Project K အဖွဲ့သည် အောက်တိုဘာ ၇ ရက် တွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

အဆိုပါ Kpop Interna-tional Cover Dance 2016 ပြိုင် ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံ ပေါင်းစုံမှ အကအဖွဲ့များ၏ ဗီဒီယိုဖိုင်ကို အွန်လိုင်းမှတစ်ဆင့် ပေးပို့ ရပြီး ပြိုင်ပွဲဝင်ရွေးချယ်ရေးအဖွဲ့ ၏ ဆုံးဖြတ်ချက်အရ ကေပေါ့ပ် ကရန် အဆင့်မီသူများအား ပြန်လည်ရွေးချယ်ကာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြစ်သည်။

Kpop International CoverDance 2016 ပြိုင်ပွဲတွင် ပထမ ဆုအဖြစ် ကိုရီးယားဝမ်ငွေ နှစ် သန်း၊ ဒုတိယဆုတစ်သန်း၊ တတိ ယဆုငါးသိန်း ချီးမြှင့်ခဲ့ပြီး ယခုနှစ် အတွက် ပါဝင်ယှဉ်ပြိုင်ရန် ထိုင်း၊ ဟောင်ကောင်၊ မကာအို၊ မလေး ရှား၊ တိုင်ပေ၊ ကိုရီးယားနှင့် မြန်မာနိုင်ငံ စသည့်ခုနစ်နိုင်ငံမှ အကအ ဖွဲ့များ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top