Property Expo
×

ခႏၶာကိုယ္အေပါက္ေဖာက္တဲ့ Piercing နဲ႔ body art က ခုေခတ္မွာ သူလုိကုိယ္လုိလုပ္လာၾကျပီး ဒီေခတ္ေရစီးေၾကာင္းနဲ႔အတူ ဝါသနာအုိးေတြကလည္း ပိုပိုျပီး အသစ္အဆန္းေတြ တီထြင္လုပ္ေဆာင္လာၾကပါတယ္။ အဲဒီလုိ ခႏၶာကိုယ္အေပါက္ေဖာက္ရာမွာ နား piercing လုပ္တာကေတာ့ ဟိုးအရင္ကတည္းက ေခတ္စားခဲ့တဲ့ အရာပါ။ ခုဆုိရင္ နားရြက္အေပၚပုိင္း၊ နားဝျပင္အစိတ္အပုိင္းနဲ႔ ခရုပတ္ piercing လုပ္တာေတြ ရိွပါတယ္။ ဒါက နားရြက္တစ္ခုတည္းသာ ရိွပါေသးတယ္။ အျခားေရြးခ်ယ္စရာ piercing ေဖာက္ေနၾကတဲ့ေနရာေတြ တစ္ပုံၾကီးပါ။

ဒါေပမယ့္ မလုပ္သင့္တဲ့ piercing အမ်ဳိးအစားတစ္ခုရိွပါတယ္။ ဒီသတိေပးခ်က္က piercing ေဖာက္ကြ်မ္းက်င္ပညာရွင္တစ္ဦးဆီက ျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံ နယူးေယာ့ခ္ျမိဳ႕ Studio 28 မွာ အလုပ္လုပ္ေနတဲ့ TJ Cantwell က "Snake eye" ေခၚ လွ်ာမွာ piercing အေပါက္ေဖာက္ ရူးသြပ္သူေတြအတြက္ အေရးၾကီးသတိေပးခ်က္တစ္ခု ထုတ္ထားပါတယ္။

အႏၱရာယ္သိပ္မ်ားလုိ႔ လုပ္ေပးဖုိ႔ ျငင္းပယ္ရမွာ Piercing စတိုဒီယိုေတြရဲ႕ အလုပ္ျဖစ္တယ္လုိ႔ သူက Bustle ကို ေျပာဆိုခဲ့ပါတယ္။ ဒါက သီးျခား piercing ႏွစ္ခု ထင္ရေပမယ့္ အမွန္ေတာ့ လွ်ာဖ်ားကေနတဆင့္ သံေခ်ာင္းေကြးတစ္ခုကို အလ်ားလုိက္ထုိးထည့္လုိက္တဲ့ စတုိင္ပါပဲ။  အႏၱရာယ္ျဖစ္ေစမႈက လွ်ာကိုဖြဲ႔စည္းထားတဲ့ ၾကြက္သားႏွစ္ခု ခ်ဳပ္ေႏွာင္ထားသလုိျဖစ္ျပီး လြတ္လြတ္လပ္လပ္ မလႈပ္ရွားႏုိင္လုိ႔ပဲ ျဖစ္ပါတယ္။

ဒီ့အျပင္ သံေခ်ာင္းေလးဟာ သြားရဲ႕အတြင္းဘက္ ေရာက္ေနေတာ့ သြားနဲ႔ပတ္သက္တဲ့ စိုးရိမ္စရာကိစၥေတြ ျဖစ္ပြားေစႏုိင္ပါတယ္။ သြားဖုံးတုိက္စားတာ၊ သြားပဲ့တာ၊ သြားအက္တာေတြျဖစ္ျပီး အေပါက္ေျပာင္းေဖာက္ သုိ႔မဟုတ္ ျပန္ႏုတ္ယူျပီးေနာက္ပုိင္း မႏွစ္ျမဳိ႔ဖြယ္ရာ အမာရြတ္ က်န္ရစ္ပါလိမ့္မယ္လုိ႔ TJ က ထပ္မံေျပာဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar
Unicode Version

ခန္ဓာကိုယ်အပေါက်ဖောက်တဲ့ Piercing နဲ့ body art က ခုခေတ်မှာ သူလိုကိုယ်လိုလုပ်လာကြပြီး ဒီခေတ်ရေစီးကြောင်းနဲ့အတူ ဝါသနာအိုးတွေကလည်း ပိုပိုပြီး အသစ်အဆန်းတွေ တီထွင်လုပ်ဆောင်လာကြပါတယ်။ အဲဒီလို ခန္ဓာကိုယ်အပေါက်ဖောက်ရာမှာ နား piercing လုပ်တာကတော့ ဟိုးအရင်ကတည်းက ခေတ်စားခဲ့တဲ့ အရာပါ။ ခုဆိုရင် နားရွက်အပေါ်ပိုင်း၊ နားဝပြင်အစိတ်အပိုင်းနဲ့ ခရုပတ် piercing လုပ်တာတွေ ရှိပါတယ်။ ဒါက နားရွက်တစ်ခုတည်းသာ ရှိပါသေးတယ်။ အခြားရွေးချယ်စရာ piercing ဖောက်နေကြတဲ့နေရာတွေ တစ်ပုံကြီးပါ။

ဒါပေမယ့် မလုပ်သင့်တဲ့ piercing အမျိုးအစားတစ်ခုရှိပါတယ်။ ဒီသတိပေးချက်က piercing ဖောက်ကျွမ်းကျင်ပညာရှင်တစ်ဦးဆီက ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ Studio 28 မှာ အလုပ်လုပ်နေတဲ့ TJ Cantwell က "Snake eye" ခေါ် လျှာမှာ piercing အပေါက်ဖောက် ရူးသွပ်သူတွေအတွက် အရေးကြီးသတိပေးချက်တစ်ခု ထုတ်ထားပါတယ်။

အန္တရာယ်သိပ်များလို့ လုပ်ပေးဖို့ ငြင်းပယ်ရမှာ Piercing စတိုဒီယိုတွေရဲ့ အလုပ်ဖြစ်တယ်လို့ သူက Bustle ကို ပြောဆိုခဲ့ပါတယ်။ ဒါက သီးခြား piercing နှစ်ခု ထင်ရပေမယ့် အမှန်တော့ လျှာဖျားကနေတဆင့် သံချောင်းကွေးတစ်ခုကို အလျားလိုက်ထိုးထည့်လိုက်တဲ့ စတိုင်ပါပဲ။  အန္တရာယ်ဖြစ်စေမှုက လျှာကိုဖွဲ့စည်းထားတဲ့ ကြွက်သားနှစ်ခု ချုပ်နှောင်ထားသလိုဖြစ်ပြီး လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်လို့ပဲ ဖြစ်ပါတယ်။

ဒီ့အပြင် သံချောင်းလေးဟာ သွားရဲ့အတွင်းဘက် ရောက်နေတော့ သွားနဲ့ပတ်သက်တဲ့ စိုးရိမ်စရာကိစ္စတွေ ဖြစ်ပွားစေနိုင်ပါတယ်။ သွားဖုံးတိုက်စားတာ၊ သွားပဲ့တာ၊ သွားအက်တာတွေဖြစ်ပြီး အပေါက်ပြောင်းဖောက် သို့မဟုတ် ပြန်နုတ်ယူပြီးနောက်ပိုင်း မနှစ်မြို့ဖွယ်ရာ အမာရွတ် ကျန်ရစ်ပါလိမ့်မယ်လို့ TJ က ထပ်မံပြောဆိုခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top