Property Expo
×

USB OTG ေတြကို ဘယ္ေနရာေတြမွာ အသံုးျပဳႏိုင္သလဲဆုိတာ စိတ္၀င္စားစရာ ေမးခြန္းတစ္ခုပါ။ ေဒတာအခ်က္အလက္ေတြ ေရြ႕ေျပာင္းရယူျခင္းအျပင္ USB OTG ေတြကို အသုံးျပဳႏုိင္တဲ့ ေနာက္ထပ္နည္းလမ္းေတြ ရိွပါတယ္။ အဲ့ဒါေတြကို တစ္ခုခ်င္း ေျပာျပရရင္ျဖင့္

၁။ ဂိမ္းႏွိပ္စက္အျဖစ္ အသုံးျပဳျခင္း

OTG cable ၾကိဳးအကူအညီကိုယူျပီး စမတ္ဖုန္းကို Game Controllerနဲ႕ အလြယ္တကူ ခ်ိတ္ဆက္အသုံးျပဳႏုိင္ပါတယ္။ အမ်ားအားျဖင့္ touchscreen နဲ႔ ဂိမ္းကစားတာက သာမာန္ဂိမ္းစက္သုံးရသေလာက္ သဘာဝမက်ပါဘူး။ ဒီနည္းက racing၊ shooter သုိ႔မဟုတ္ sports game ေတြ ကစားတဲ့အခါ အထူးအသုံးဝင္ပါတယ္။ Android ဂိမ္းအမ်ားစုမွာ သီးသန္႔အျပင္ gamepad အသုံးျပဳခြင့္ျပဳထားျပီး ဒီအားသာခ်က္ကို အေကာင္းဆုံး အသုံးခ်နည္းတစ္ခုက OTG cable ၾကိဳးအသုံးျပဳကာမိမိဟန္းဆက္ကို ဂိမ္းႏွိပ္စက္အေနနနဲ႔ ခ်ိတ္ဆက္သံုးဖုိ႔ပဲ ျဖစ္ပါတယ္။

၂။ Android စမတ္ဖုန္းအခ်င္းခ်င္း အားသြင္းျခင္း


ဒီနည္းက စမတ္ဖုန္းသုံးစြဲသူေတြအတြက္ သေဘာက်စရာအခ်က္တစ္ခု ျဖစ္ပါတယ္။ စမတ္ဖုန္းႏွစ္လုံးကို ခ်ိတ္ဆက္ေပးရုံသာျဖစ္ျပီး USB ေခါင္းရိွတဲ့ဘက္ကဖုန္းဟာ အျခားတစ္ဖက္က ဖုန္းကို စတင္အားသြင္းေပးေနမွာ ျဖစ္ပါတယ္။

၃။ ကင္မရာနဲ႔ ခ်ိတ္ဆက္ျခင္း

ဒါက ဓာတ္ပုံဆရာေတြအတြက္ အမ်ားဆုံးအေထာက္အကူျဖစ္ေစပါတယ္။ Data cable ၾကိဳးနဲ႔ USB OTG အသုံးျပဳျပီး ကင္မရာကို စမတ္ဖုန္းနဲ႔ အလြယ္တကူ ခ်ိတ္ဆက္ႏုိင္ပါတယ္။ ဒီနည္းက ကင္မရာ memory ကို ရွင္းသြားေစျပီး ဓာတ္ပုံေတြ ထပ္မံရုိက္ကူးလုိ႔ ရေစႏုိင္မွာျဖစ္ပါတယ္။

၄။ Keyboard နဲ႔ခ်ိတ္သုံးျခင္း 

Android နဲ႕ စာရုိက္တဲ့အခါ ကီးဘုတ္ကေသးေနတာေၾကာင့္ စာခပ္ရွည္ရွည္ရိုက္မယ္၊ အီးေမးလ္ပို႔မယ္ဆုိရင္ သိပ္အဆင္မေျပတာေၾကာင့္ တကယ္ျငီးေငြ႔စရာေကာင္းပါတယ္။ OTG အကူအညီနဲ႔ မိမိစမတ္ဖုန္းကို အျခားအျပင္သီးသန္႔ keyboard နဲ႔ တြဲဖက္အသုံးျပဳႏုိင္ပါတယ္။

၅။ Mouse နဲ႔ ခ်ိတ္သုံးျခင္း

စမတ္ဖုန္းကို USB Mouse နဲ႔လည္း ခ်ိတ္ဆက္ႏုိင္ပါေသးတယ္။ အထူးသျဖင့္ touchscreen မရေတာ့တဲ့အခ်ိန္ ေဒတာေတြ ျပန္ရေအာင္လုပ္တဲ့အခါမ်ဳိးမွာ အဆင္ေျပေစပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
USB OTG တွေကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်သလဲဆိုတာ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုပါ။ ဒေတာအချက်အလက်တွေ ရွေ့ပြောင်းရယူခြင်းအပြင် USB OTG တွေကို အသုံးပြုနိုင်တဲ့ နောက်ထပ်နည်းလမ်းတွေ ရှိပါတယ်။ အဲ့ဒါတွေကို တစ်ခုချင်း ပြောပြရရင်ဖြင့်

၁။ ဂိမ်းနှိပ်စက်အဖြစ် အသုံးပြုခြင်း

OTG cable ကြိုးအကူအညီကိုယူပြီး စမတ်ဖုန်းကို Game Controllerနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ အများအားဖြင့် touchscreen နဲ့ ဂိမ်းကစားတာက သာမာန်ဂိမ်းစက်သုံးရသလောက် သဘာဝမကျပါဘူး။ ဒီနည်းက racing၊ shooter သို့မဟုတ် sports game တွေ ကစားတဲ့အခါ အထူးအသုံးဝင်ပါတယ်။ Android ဂိမ်းအများစုမှာ သီးသန့်အပြင် gamepad အသုံးပြုခွင့်ပြုထားပြီး ဒီအားသာချက်ကို အကောင်းဆုံး အသုံးချနည်းတစ်ခုက OTG cable ကြိုးအသုံးပြုကာမိမိဟန်းဆက်ကို ဂိမ်းနှိပ်စက်အနေနနဲ့ ချိတ်ဆက်သုံးဖို့ပဲ ဖြစ်ပါတယ်။

၂။ Android စမတ်ဖုန်းအချင်းချင်း အားသွင်းခြင်း



ဒီနည်းက စမတ်ဖုန်းသုံးစွဲသူတွေအတွက် သဘောကျစရာအချက်တစ်ခု ဖြစ်ပါတယ်။ စမတ်ဖုန်းနှစ်လုံးကို ချိတ်ဆက်ပေးရုံသာဖြစ်ပြီး USB ခေါင်းရှိတဲ့ဘက်ကဖုန်းဟာ အခြားတစ်ဖက်က ဖုန်းကို စတင်အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

၃။ ကင်မရာနဲ့ ချိတ်ဆက်ခြင်း

ဒါက ဓာတ်ပုံဆရာတွေအတွက် အများဆုံးအထောက်အကူဖြစ်စေပါတယ်။ Data cable ကြိုးနဲ့ USB OTG အသုံးပြုပြီး ကင်မရာကို စမတ်ဖုန်းနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ ဒီနည်းက ကင်မရာ memory ကို ရှင်းသွားစေပြီး ဓာတ်ပုံတွေ ထပ်မံရိုက်ကူးလို့ ရစေနိုင်မှာဖြစ်ပါတယ်။ 

၄။ Keyboard နဲ့ချိတ်သုံးခြင်း

Android နဲ့ စာရိုက်တဲ့အခါ ကီးဘုတ်ကသေးနေတာကြောင့် စာခပ်ရှည်ရှည်ရိုက်မယ်၊ အီးမေးလ်ပို့မယ်ဆိုရင် သိပ်အဆင်မပြေတာကြောင့် တကယ်ငြီးငွေ့စရာကောင်းပါတယ်။ OTG အကူအညီနဲ့ မိမိစမတ်ဖုန်းကို အခြားအပြင်သီးသန့် keyboard နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။

၅။ Mouse နဲ့ ချိတ်သုံးခြင်း

စမတ်ဖုန်းကို USB Mouse နဲ့လည်း ချိတ်ဆက်နိုင်ပါသေးတယ်။ အထူးသဖြင့် touchscreen မရတော့တဲ့အချိန် ဒေတာတွေ ပြန်ရအောင်လုပ်တဲ့အခါမျိုးမှာ အဆင်ပြေစေပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top