Property Expo
×

ဒါရိုက္တာ ညိဳမင္းလြင္ ရိုက္ကူးထားတဲ့ "ေမထုတ္ရာသီဖြား "ရုပ္ရွင္ဇာတ္ညႊန္းကို ကမၻာေက်ာ္ Oscar အဖြဲ႕က ေနၿပီး  Oscar ရဲ႕ စာၾကည့္တိုက္မွာ ရာသက္ပန္ထားဖို႕အတြက္ အီးေမးလ္ေပးပို႕လာတယ္လို႕ သိရပါတယ္။

အဲ့ဒါနဲ႕ ပတ္သက္ၿပီး ဒါရိုက္တာ ညိဳမင္းလြင္တစ္ေယာက္ ေပ်ာ္မဆံုး ျဖစ္ေနပါတယ္။ သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာလည္း ဇာတ္ကားနဲ႕ ပတ္သက္ၿပီး သူ႕ရဲ႕ ခံစားခ်က္ကို ယခုလို ေျပာျပထားပါတယ္။

"ဘဝမွာ ေပ်ာ္စရာအေကာင္းဆံုး email တစ္ေစာင္၊ ေမထုန္ရာသီဖြား ဇာတ္ကားရဲ႕ မူရင္းဇာတ္ၫႊန္းကို Oscar အဖြဲ႕မွ ၎တို႔၏ စာၾကည့္တိုက္တြင္ ရာသက္ပန္ထားရွိရန္ မိတၱဴေပးပို႔ေပးဖို႔ ေတာင္းခံလာ ပါတယ္။ ခ်စ္ခင္ေလး စား ရပါေသာ ပရိသတ္မ်ား အားလံုးယံုမွား သံသယကင္းစြာ ဂုဏ္ယူႏိုင္ၾကပါရန္အတြက္ ကြ်န္ေတာ့္ထံကို ည တစ္နာရီက forward ေပးပို႔လာတဲ့  ၿငိမ္းခ်မ္းေက်ာ္ထံမွ email မူရင္းကိုပါ ပူးတြဲေဖာ္ျပေပးလိုက္ပါတယ္။ ေဝဖန္ တိုက္ခိုက္မႈ မ်ားစြာၾကားမွ အတူတူလက္တြဲ ႀကိဳးစားခဲ့ၾကသူမ်ားအားလံုး၊ ဝိုင္းဝန္းကာကြယ္ ေပးခဲ့ၾကတဲ့ ပရိသတ္ မ်ား အားလံုးအတြက္ အရမ္းေက်နပ္စရာ ေကာင္းတဲ့ကိစၥတစ္ခုပါ" လို႕ သူက ဆုိပါတယ္။

အဲ့ဒီဇာတ္ကားကို အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမဳိ႕ရွိCinema Village၊ ေလာ့စ္အိန္ဂ်လိစ္ၿမဳိ႕ရွိ Music Hall, Laemmle Theater တုိ႔တြင္ စက္တင္ဘာလ ၉ ရက္ေန႔မွ စတင္ၿပီး စက္တင္ဘာလ ၁၅ ရက္ ေန႔အထိ ႐ံုတင္ျပသ ခဲ့ရာမွာလည္း ပရိသတ္ အားေပးမႈ ရရွိခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ "ေမထုန္ရာသီဖြား" ႐ုပ္ရွင္ဇာတ္ကား ကို ၿငိမ္းခ်မ္းေက်ာ္၊ ဥကၠာမင္းေမာင္၊ အကယ္ဒမီမင္းဦး၊ ေအးျမတ္သူတို႕က အဓိက ပါဝင္သရုပ္ ေဆာင္ထားၾက ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားတဲ့ "မေထုတ်ရာသီဖွား "ရုပ်ရှင်ဇာတ်ညွှန်းကို ကမ္ဘာကျော် Oscar အဖွဲ့က နေပြီး  Oscar ရဲ့ စာကြည့်တိုက်မှာ ရာသက်ပန်ထားဖို့အတွက် အီးမေးလ်ပေးပို့လာတယ်လို့ သိရပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်တစ်ယောက် ပျော်မဆုံး ဖြစ်နေပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်မှာလည်း ဇာတ်ကားနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ယခုလို ပြောပြထားပါတယ်။

"ဘဝမှာ ပျော်စရာအကောင်းဆုံး email တစ်စောင်၊ မေထုန်ရာသီဖွား ဇာတ်ကားရဲ့ မူရင်းဇာတ်ညွှန်းကို Oscar အဖွဲ့မှ ၎င်းတို့၏ စာကြည့်တိုက်တွင် ရာသက်ပန်ထားရှိရန် မိတ္တူပေးပို့ပေးဖို့ တောင်းခံလာ ပါတယ်။ ချစ်ခင်လေး စား ရပါသော ပရိသတ်များ အားလုံးယုံမှား သံသယကင်းစွာ ဂုဏ်ယူနိုင်ကြပါရန်အတွက် ကျွန်တော့်ထံကို ည တစ်နာရီက forward ပေးပို့လာတဲ့  ငြိမ်းချမ်းကျော်ထံမှ email မူရင်းကိုပါ ပူးတွဲဖော်ပြပေးလိုက်ပါတယ်။ ဝေဖန် တိုက်ခိုက်မှု များစွာကြားမှ အတူတူလက်တွဲ ကြိုးစားခဲ့ကြသူများအားလုံး၊ ဝိုင်းဝန်းကာကွယ် ပေးခဲ့ကြတဲ့ ပရိသတ် များ အားလုံးအတွက် အရမ်းကျေနပ်စရာ ကောင်းတဲ့ကိစ္စတစ်ခုပါ" လို့ သူက ဆိုပါတယ်။

အဲ့ဒီဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိCinema Village၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Music Hall, Laemmle Theater တို့တွင် စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ပြီး စက်တင်ဘာလ ၁၅ ရက် နေ့အထိ ရုံတင်ပြသ ခဲ့ရာမှာလည်း ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ "မေထုန်ရာသီဖွား" ရုပ်ရှင်ဇာတ်ကား ကို ငြိမ်းချမ်းကျော်၊ ဥက္ကာမင်းမောင်၊ အကယ်ဒမီမင်းဦး၊ အေးမြတ်သူတို့က အဓိက ပါဝင်သရုပ် ဆောင်ထားကြ ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top