Property Expo
×

မိမိခႏၶာကိုယ္ ဘယ္အစိတ္အပုိင္းက ေယာက်္ားပီသမႈနဲ႔ ဆက္စပ္မႈအမ်ားဆုံးလဲ ေမးလာရင္ ဘယ္လိုအေျဖေပးၾကမလဲ။ ယေန႔မ်က္ေမွာက္ေခတ္လူေနမႈဘဝမွာ ေယာက်္ားပီသမႈျဖစ္ေစတဲ့ အပုိင္းေတြကို သိပ္အေလးမထားၾကေတာ့ပါဘူး၊ ဒီအခ်က္ေတြက အင္မတန္စိုးရိမ္စရာေကာင္းတဲ့ျပသနာတစ္ရပ္ျဖစ္တာေၾကာင့္ အထူးသတိထားသင့္ပါတယ္။

၁။ ေလ့က်င့္ခန္းလုံေလာက္စြာ မလုပ္ျခင္း

ေလ့က်င့္ခန္းပုံမွန္လုပ္တဲ့ အမ်ဳိးသား လိင္အဂၤါေထာင္မွတ္ႏုိင္မႈ ပိုမိုေကာင္းမြန္တယ္လုိ႔ ကြ်မ္းက်င္ပညာရွင္ေတြက ဆုိပါတယ္။

၂။ ေဆးလိပ္အလြန္အကြ်ံေသာက္ျခင္း


ေဆးလိပ္ေသာက္တာ မေကာင္းဘူးဆိုတာ လူတုိင္းသိပါတယ္။ ေဆးလိပ္ေသာက္ျခင္းက ရုပ္ရည္အိုစာေစရုံမက သုတ္ရည္ကို ဆုိးရြားစြာ ထိခုိက္ေစပါတယ္။ ေဆးလိပ္က သုတ္ရည္ဖြံ႔ျဖိဳးမႈ အားနည္းေစျပီး မ်ဳိးပြားႏုိင္ေျခအလားအလာ ပိုနည္းပါတယ္။

၃။ လမ္းေဘးအစားအစား အလြန္အကြ်ံစားသုံးျခင္း

အာဟာရမေျမာက္တဲ့ လမ္းေဘးအစားအစာေတြမွာ ေဆးလိပ္ေသာက္ျခင္းနည္းတူ အက်ဳိးသက္ေရာက္မႈရိွပါတယ္။ အာဟာရမေျမာက္တဲ့အစားအစာ သုိ႔မဟုတ္ ဘီစကြတ္၊ ကိတ္မုန္႔၊ ေခ်ာကလက္နဲ႔ အာလူးေၾကာ္စတဲ့ တာရွည္ခံအစားအစာေတြ ပိုစားသူမွာ လိင္အဂၤါေထာင္မတ္ႏုိင္မႈ အားနည္းႏုိင္ေျခပိုမ်ားေၾကာင္း Harvard တကၠသိုလ္က ကြ်မ္းက်င္ပညာရွင္တစ္စုရဲ႕ ေလ့လာမႈတစ္ခုအရ သိရပါတယ္။

၄။ အိပ္ေရးမဝျခင္း

အိပ္ေရးဝဝမအိပ္တဲ့ အေလ့အက်င့္က အမ်ဳိးသားအဂၤါညွဳိးႏြမ္းေစတာအေၾကာင့္ အိပ္ေရးဝေအာင္ ပိုအိပ္ေပးသင့္ပါတယ္။ ဒီျပသနာကို တစ္ေန႔ ၇ -၉ နာရီအိပ္ျခင္းျဖင့္ ေျဖရွင္းႏုိင္ပါတယ္။ တကယ္လုိ႔ ဒီလုိလုပ္ဖုိ႔ မျဖစ္ႏုိင္ဘူးဆုိရင္ လိင္အဂၤါပုံမွန္အလုပ္လုပ္ေစဖုိ႔ ေယာဂက်င့္စဥ္တခ်ဳိ႕ လုပ္ၾကည့္ႏုိင္ပါတယ္။

၅။ ေနပူခံလိမ္းေဆး ေျပာင္ေအာင္မေဆးျခင္း

ဟုတ္ပါတယ္။ ေနပူခံလိမ္းေဆးက အႏၱရာယ္ျဖစ္ေစတဲ့ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးေပမယ့္ မ်ဳိးပြားႏုိင္မႈ ထိခုိက္ေစပါတယ္။ ခရမ္းလြန္ေရာင္ျခည္အႏၱရာယ္ကေန ကာကြယ္ေပးဖုိ႔ ေနပူခံလိမ္းေဆးမွာ အသုံးျပဳတဲ့ BP-2 သုိ႔မဟုတ္ 4OH-BP စတဲ့ ဓာတုပစၥည္းေတြဟာ မ်ဳိးပြားႏုိင္စြမ္း ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့နည္းေစတယ္လုိ႔ National Instite of Health က သက္ေသျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
မိမိခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းက ယောကျ်ားပီသမှုနဲ့ ဆက်စပ်မှုအများဆုံးလဲ မေးလာရင် ဘယ်လိုအဖြေပေးကြမလဲ။ ယနေ့မျက်မှောက်ခေတ်လူနေမှုဘဝမှာ ယောကျ်ားပီသမှုဖြစ်စေတဲ့ အပိုင်းတွေကို သိပ်အလေးမထားကြတော့ပါဘူး၊ ဒီအချက်တွေက အင်မတန်စိုးရိမ်စရာကောင်းတဲ့ပြသနာတစ်ရပ်ဖြစ်တာကြောင့် အထူးသတိထားသင့်ပါတယ်။

၁။ လေ့ကျင့်ခန်းလုံလောက်စွာ မလုပ်ခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ အမျိုးသား လိင်အင်္ဂါထောင်မှတ်နိုင်မှု ပိုမိုကောင်းမွန်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

၂။ ဆေးလိပ်အလွန်အကျွံသောက်ခြင်း

ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။ ဆေးလိပ်သောက်ခြင်းက ရုပ်ရည်အိုစာစေရုံမက သုတ်ရည်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဆေးလိပ်က သုတ်ရည်ဖွံ့ဖြိုးမှု အားနည်းစေပြီး မျိုးပွားနိုင်ခြေအလားအလာ ပိုနည်းပါတယ်။

၃။ လမ်းဘေးအစားအစား အလွန်အကျွံစားသုံးခြင်း

အာဟာရမမြောက်တဲ့ လမ်းဘေးအစားအစာတွေမှာ ဆေးလိပ်သောက်ခြင်းနည်းတူ အကျိုးသက်ရောက်မှုရှိပါတယ်။ အာဟာရမမြောက်တဲ့အစားအစာ သို့မဟုတ် ဘီစကွတ်၊ ကိတ်မုန့်၊ ချောကလက်နဲ့ အာလူးကြော်စတဲ့ တာရှည်ခံအစားအစာတွေ ပိုစားသူမှာ လိင်အင်္ဂါထောင်မတ်နိုင်မှု အားနည်းနိုင်ခြေပိုများကြောင်း Harvard တက္ကသိုလ်က ကျွမ်းကျင်ပညာရှင်တစ်စုရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

၄။ အိပ်ရေးမဝခြင်း

အိပ်ရေးဝဝမအိပ်တဲ့ အလေ့အကျင့်က အမျိုးသားအင်္ဂါညှိုးနွမ်းစေတာအကြောင့် အိပ်ရေးဝအောင် ပိုအိပ်ပေးသင့်ပါတယ်။ ဒီပြသနာကို တစ်နေ့ ၇ -၉ နာရီအိပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တကယ်လို့ ဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် လိင်အင်္ဂါပုံမှန်အလုပ်လုပ်စေဖို့ ယောဂကျင့်စဉ်တချို့ လုပ်ကြည့်နိုင်ပါတယ်။

၅။ နေပူခံလိမ်းဆေး ပြောင်အောင်မဆေးခြင်း

ဟုတ်ပါတယ်။ နေပူခံလိမ်းဆေးက အန္တရာယ်ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပေမယ့် မျိုးပွားနိုင်မှု ထိခိုက်စေပါတယ်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကနေ ကာကွယ်ပေးဖို့ နေပူခံလိမ်းဆေးမှာ အသုံးပြုတဲ့ BP-2 သို့မဟုတ် 4OH-BP စတဲ့ ဓာတုပစ္စည်းတွေဟာ မျိုးပွားနိုင်စွမ်း ၃၀ ရာခိုင်နှုန်း လျှော့နည်းစေတယ်လို့ National Instite of Health က သက်သေပြခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top