Kantharyar Centre
×

One Direction အဖြဲ႕သည္ တစ္ခ်ိန္ခ်ိန္တြင္ ျပန္လည္မဖြဲ႕စည္းပါက ႐ူးမိုက္ရာက် လိမ့္မည္ဟု  မၾကာေသးမီက ပထမဆံုး တစ္ကိုယ္ေတာ္ေတး အယ္လ္ဘမ္ ထုတ္ထားေသာ နီေအာဟိုရန္က အေမရိကန္ ေရဒီယို အစီအစဥ္တစ္ခုအား ေျပာၾကားသည္။

အနာဂတ္တြင္ One Direct -ion အဖြဲ႕သည္ ျပန္လည္ေပါင္းစည္းရန္ ရာခိုင္ႏႈန္းျပည့္ ေသခ်ာ သည္ဟု ဟိုရန္က ပရိသတ္မ်ား အား အတည္ျပဳေျပာၾကားသည္။

This Town အမည္ျဖင့္ တစ္ကိုယ္ေတာ္ေတးအယ္လ္ဘမ္ေခြ ထုတ္ထားၿပီး တစ္ကိုယ္ေတာ္ အဆုိေတာ္ဘဝ စတင္ေၾကာင္း ေၾကညာထားသည့္ဟိုရန္ (၂၃)ႏွစ္က အဖြဲ႕ကြဲသြားျခင္းသည္ မိိမိတုိ႔ ဘဝမ်ားကို ေျပာင္းလဲသြားေစခဲ့ၿပီး မိမိတို႔ျပန္မေပါင္းစည္း ပါက ႐ူးမိုက္ရာက်လိမ့္မည္ဟုဆုိ သည္။ သို႔ေသာ္ One Direction အဖြဲ႕ ျပန္လည္ေပါင္းစည္းမည့္ အခ်ိန္ကိုမူ ၎က ေျပာၾကားျခင္း မရွိေပ။‘‘ဘယ္ေတာ့ျဖစ္လာမလဲ ေတာ့ ကြၽန္ေတာ္မသိဘူး။ လာမယ့္ႏွစ္လား၊ ဒါမွမဟုတ္ ေနာက္တစ္ႏွစ္မွာလားဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမဲ့ ျပန္ေပါင္းဖို႔ က တစ္ရာရာခိုင္ႏႈန္း ေသခ်ာပါ တယ္’’ဟု ဟိုရန္က ေျပာသည္။

ၿဗိတိန္ႏိုင္ငံ၏ တစ္ကုိုယ္ ေတာ္ ေတးစီးရီးစာရင္းတြင္ ဟို ရန္၏ This Town အယ္လ္ဘမ္ သည္ နံပါတ္ ၉ ေနရာ၌ ရွိေန သည္။One Direction အဖြဲ႕၏ အျခား အဖြဲ႕ဝင္မ်ားျဖစ္ေသာ ဟယ္ရီစတိုင္ႏွင့္လီယံေပးတို႔ႏွစ္ ဦးလံုးကလည္း ၂၀၁၅ႏွစ္ကုန္ ပိုင္းက အဖြဲ႕ၿပိဳကြဲသြားၿပီးေနာက္ တစ္ကိုယ္ေတာ္ အႏုပညာ လႈပ္ ရွားမႈမ်ား မိတ္ဆက္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

One Direction အဖွဲ့သည် တစ်ချိန်ချိန်တွင် ပြန် လည်မဖွဲ့စည်းပါက ရူးမိုက်ရာကျ လိမ့်မည်ဟု  မကြာသေးမီက ပထမဆုံး တစ်ကိုယ်တော်တေး အယ်လ်ဘမ် ထုတ်ထားသော နီအောဟိုရန်က အမေရိကန် ရေဒီယို အစီအစဉ်တစ်ခုအား ပြောကြားသည်။

အနာဂတ်တွင် One Direct -ion အဖွဲ့သည် ပြန်လည်ပေါင်းစည်းရန် ရာခိုင်နှုန်းပြည့် သေချာ သည်ဟု ဟိုရန်က ပရိသတ်များ အား အတည်ပြုပြောကြားသည်။

This Town အမည်ဖြင့် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ခွေ ထုတ်ထားပြီး တစ်ကိုယ်တော် အဆိုတော်ဘဝ စတင်ကြောင်း ကြေညာထားသည့်ဟိုရန် (၂၃)နှစ်က အဖွဲ့ကွဲသွားခြင်းသည် မိမိတို့ ဘဝများကို ပြောင်းလဲသွားစေခဲ့ပြီး မိမိတို့ပြန်မပေါင်းစည်း ပါက ရူးမိုက်ရာကျလိမ့်မည်ဟုဆို သည်။ သို့သော် One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းမည့် အချိန်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။‘‘ဘယ်တော့ဖြစ်လာမလဲ တော့ ကျွန်တော်မသိဘူး။ လာမယ့်နှစ်လား၊ ဒါမှမဟုတ် နောက်တစ်နှစ်မှာလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ပြန်ပေါင်းဖို့ က တစ်ရာရာခိုင်နှုန်း သေချာပါ တယ်’’ဟု ဟိုရန်က ပြောသည်။

ဗြိတိန်နိုင်ငံ၏ တစ်ကိုယ် တော် တေးစီးရီးစာရင်းတွင် ဟို ရန်၏ This Town အယ်လ်ဘမ် သည် နံပါတ် ၉ နေရာ၌ ရှိနေ သည်။One Direction အဖွဲ့၏ အခြား အဖွဲ့ဝင်များဖြစ်သော ဟယ်ရီစတိုင်နှင့်လီယံပေးတို့နှစ် ဦးလုံးကလည်း ၂၀၁၅နှစ်ကုန် ပိုင်းက အဖွဲ့ပြိုကွဲသွားပြီးနောက် တစ်ကိုယ်တော် အနုပညာ လှုပ် ရှားမှုများ မိတ်ဆက်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top