Property Expo
×

ၾကာသပေတးေန႔ (စက္တင္ဘာလ ၂၉ ရက္) မွာ One Direction အဖြဲ႔ဝင္ Niall Horan က ပထမဆံုး တစ္ကိုယ္ေတာ္သီခ်င္းျဖစ္တဲ့ This Town သီခ်င္းထြက္ရွိျခင္းျဖင့္ ပရိသတ္ေတြကို အ့ံအားသင့္ေအာင္လုပ္ခဲ့ပါတယ္။ ဒီသီခ်င္းမွာ က်န္တဲ့ ၄ ေယာက္မပါဝင္ေပမယ့္ 1D ရဲ႕ acoustic ballad သီခ်င္းေတြနဲ႔ ေတာ္ေတာ္ဆင္ပါတယ္။

Sia ႏွင့္ Adele တို႔ရဲ႕သီခ်င္းေတြကို ထုတ္လုပ္ေလ့ရွိတဲ့ Greg Krustin ထုတ္လုပ္ေပးထာတာျဖစ္ၿပီး၊ မိန္းကေလးတစ္ေယာက္ကို ဗဟိုျပဳထားၿပီး သဝန္တိုေနတဲ့ Horan အေၾကာင္းကို နားဆင္ရမွာပါ။ Niall Horan ၊ Jamie Scott ၊ Mike Needle ႏွင့္ Daniel Bryer တို႔အတူတကြ ေရးသားထားတာျဖစ္ပါတယ္။

သီခ်င္းထြက္လာတဲ့အျပင္ Niall Horan က Capitol Record USA ႏွင့္ စာခ်ဳပ္ခ်ဳပ္လိုက္ေၾကာင္းကိုလည္း ေၾကညာခဲ့ပါတယ္။ “ကၽြန္ေတာ္ Capitol Record USA နဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္ၿပီး ပထမဆံုး တစ္ကိုယ္ေတာ္သီခ်င္းထြက္လာပါၿပီလို႔ ေၾကညာရမွာ စိတ္လွုပ္ရွားမိပါတယ္။ အျမဲတမ္း ခ်စ္ခင္အားေပးေနတဲ့ One Direction ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီခရီရဲ႕ ေနာက္တစ္ပိုင္းကို အတူတကြေလွ်ာက္လွမ္းၾကဖို႔ ေမွ်ာ္လင့္ေနပါတယ္ ” လို႔ Horan ကေျပာၾကားခဲ့ပါတယ္။

တစ္ကိုယ္ေတာ္သီခ်င္းသာမကပဲ Horan က Shawn Mendes ႏွင့္အတူတြဲၿပီး သီခ်င္းထြက္ဖို႔လည္း ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ ဗုဒၶဟူးေန႔ (စက္တင္ဘာလ ၂၈ ရက္) The Late Late Show မွာ သီခ်င္းသစ္ေတြအတြက္ Horan ႏွင့္အတူလုပ္ေနပါတယ္လို႔ Mendes ကအတည္ျပဳခဲ့ပါတယ္။ ႏွစ္ေယာက္သား တစ္ႏိုင္ငံထဲမွာ တစ္ခ်ိန္တည္းရွိေနဖို႔မေျပာနဲ႔ တစ္ၿမိဳ႕တည္းမွာေတာင္ အတူဆံုႏိုင္ဖို႔ ခက္ခဲေၾကာင္းကို  “အခ်ိန္ရရင္ သီခ်င္းေတြအမ်ားႀကီး အတူေရးခ်င္ပါတယ္” လို႔ ေျပာသြားပါတယ္။

https://youtu.be/hNBlfyYHu80

ႏွစ္ေယာက္အတူတြဲၿပီး သီခ်င္းမထြက္ခင္မွာေတာ့ Horan သီဆိုထားတဲ့ This Town သီခ်င္းကို ၾကည့္ရွဳႏိုင္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ကြာသပတေးနေ့ (စက်တင်ဘာလ ၂၉ ရက်) မှာ One Direction အဖွဲ့ဝင် Niall Horan က ပထမဆုံး တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ This Town သီချင်းထွက်ရှိခြင်းဖြင့် ပရိသတ်တွေကို အံ့အားသင့်အောင်လုပ်ခဲ့ပါတယ်။ ဒီသီချင်းမှာ ကျန်တဲ့ ၄ ယောက်မပါဝင်ပေမယ့် 1D ရဲ့ acoustic ballad သီချင်းတွေနဲ့ တော်တော်ဆင်ပါတယ်။

Sia နှင့် Adele တို့ရဲ့သီချင်းတွေကို ထုတ်လုပ်လေ့ရှိတဲ့ Greg Krustin ထုတ်လုပ်ပေးထာတာဖြစ်ပြီး၊ မိန်းကလေးတစ်ယောက်ကို ဗဟိုပြုထားပြီး သဝန်တိုနေတဲ့ Horan အကြောင်းကို နားဆင်ရမှာပါ။ Niall Horan ၊ Jamie Scott ၊ Mike Needle နှင့် Daniel Bryer တို့အတူတကွ ရေးသားထားတာဖြစ်ပါတယ်။

သီချင်းထွက်လာတဲ့အပြင် Niall Horan က Capitol Record USA နှင့် စာချုပ်ချုပ်လိုက်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။ “ကျွန်တော် Capitol Record USA နဲ့ စာချုပ်ချုပ်လိုက်ပြီး ပထမဆုံး တစ်ကိုယ်တော်သီချင်းထွက်လာပါပြီလို့ ကြေညာရမှာ စိတ်လှုပ်ရှားမိပါတယ်။ အမြဲတမ်း ချစ်ခင်အားပေးနေတဲ့ One Direction ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီခရီရဲ့ နောက်တစ်ပိုင်းကို အတူတကွလျှောက်လှမ်းကြဖို့ မျှော်လင့်နေပါတယ် ” လို့ Horan ကပြောကြားခဲ့ပါတယ်။

တစ်ကိုယ်တော်သီချင်းသာမကပဲ Horan က Shawn Mendes နှင့်အတူတွဲပြီး သီချင်းထွက်ဖို့လည်း ဖြစ်နိုင်ချေများပါတယ်။ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၂၈ ရက်) The Late Late Show မှာ သီချင်းသစ်တွေအတွက် Horan နှင့်အတူလုပ်နေပါတယ်လို့ Mendes ကအတည်ပြုခဲ့ပါတယ်။ နှစ်ယောက်သား တစ်နိုင်ငံထဲမှာ တစ်ချိန်တည်းရှိနေဖို့မပြောနဲ့ တစ်မြို့တည်းမှာတောင် အတူဆုံနိုင်ဖို့ ခက်ခဲကြောင်းကို  “အချိန်ရရင် သီချင်းတွေအများကြီး အတူရေးချင်ပါတယ်” လို့ ပြောသွားပါတယ်။


https://youtu.be/hNBlfyYHu80


နှစ်ယောက်အတူတွဲပြီး သီချင်းမထွက်ခင်မှာတော့ Horan သီဆိုထားတဲ့ This Town သီချင်းကို ကြည့်ရှုနိုင်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top