Kantharyar Centre
×


ထိုင္ဝမ္ႏိုင္ငံသား ခံယူထားတဲ့ ျမန္မာလူမ်ိဳးႏွလုံးခြဲစိတ္ အထူးကုဆရာ၀န္ႀကီးတစ္ဦး ကမာရြတ္ၿမိဳ႕နယ္ Novotel ဟိုတယ္ ၅လႊာက အခန္းအမွတ္(၅၃၆)မွာ ေသဆုံးခဲ့မႈ ဒီေန႔မနက္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

"ကၽြန္ေတာ္တို႔ကို မနက္၉နာရီေက်ာ္ေလာက္မွာ ဟိုတယ္က အေၾကာင္းၾကားလို႔သိရတာပါ။ အေလာင္းကေတာ့ ေဘးတိုက္အေနအထား အတိုင္းေသဆုံးေနတယ္။ ႏွာေခါင္းကေတာ့ ေသြးထြက္ၿပီး ေသဆုံးေနတာပါ။ က်န္တာကေတာ့ မသိေသးပါဘူး။ အေလာင္းကို စစ္ေဆးဖို႔အတြက္ လုပ္ေနပါတယ္"လို႔  ကမာရြတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရိွတစ္ဦးက ေျပာပါတယ္။

ေသဆုံးသူ ႏွလုံးအထူးကုဆရာ၀န္ႀကီးက ထိုင္ဝမ္ႏိုင္ငံသားခံယူထားသူ အသက္၅၃ႏွစ္အရြယ္ရိွ ေဒါက္တာသိန္းဟန္(Haung Bieng Hsien)ဆိုသူျဖစ္ၿပီး ျမန္မာႏိုင္ငံကုိ ေအာက္တိုဘာလ ၁၅ ကစၿပီး လာေရာက္တည္းခိုေနတုန္း အခုလိုျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။

"အမႈနဲ႔ပတ္သက္လို႔ေတာ့ ဘာမွေျပာလို႔မရေသးပါဘူး။ လ.၀.ကအရာရိွေတြလည္း လာေရာက္စစ္ေဆး ေနပါတယ္။ ႏွာေခါင္းမွာေသြးထြက္ ေနတာကလြဲလို႔ က်န္တဲ့ျပင္ပဒဏ္ရာေတာ့ မေတြ႔ရေသးပါဘူး။ ေဆးစစ္ခ်က္ထြက္မွ ဘာေၾကာင့္ေသရလဲဆိုတာသိမွာပါ"လို႔ ကမာရြတ္ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရိွတစ္ဦးက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7day daily

#Unicode Version
ထိုင်ဝမ်နိုင်ငံသား ခံယူထားတဲ့ မြန်မာလူမျိုးနှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီးတစ်ဦး ကမာရွတ်မြို့နယ် Novotel ဟိုတယ် ၅လွှာက အခန်းအမှတ်(၅၃၆)မှာ သေဆုံးခဲ့မှု ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ကို မနက်၉နာရီကျော်လောက်မှာ ဟိုတယ်က အကြောင်းကြားလို့သိရတာပါ။ အလောင်းကတော့ ဘေးတိုက်အနေအထား အတိုင်းသေဆုံးနေတယ်။ နှာခေါင်းကတော့ သွေးထွက်ပြီး သေဆုံးနေတာပါ။ ကျန်တာကတော့ မသိသေးပါဘူး။ အလောင်းကို စစ်ဆေးဖို့အတွက် လုပ်နေပါတယ်"လို့  ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

သေဆုံးသူ နှလုံးအထူးကုဆရာဝန်ကြီးက ထိုင်ဝမ်နိုင်ငံသားခံယူထားသူ အသက်၅၃နှစ်အရွယ်ရှိ ဒေါက်တာသိန်းဟန်(Haung Bieng Hsien)ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံကို အောက်တိုဘာလ ၁၅ ကစပြီး လာရောက်တည်းခိုနေတုန်း အခုလိုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

"အမှုနဲ့ပတ်သက်လို့တော့ ဘာမှပြောလို့မရသေးပါဘူး။ လ.ဝ.ကအရာရှိတွေလည်း လာရောက်စစ်ဆေး နေပါတယ်။ နှာခေါင်းမှာသွေးထွက် နေတာကလွဲလို့ ကျန်တဲ့ပြင်ပဒဏ်ရာတော့ မတွေ့ရသေးပါဘူး။ ဆေးစစ်ချက်ထွက်မှ ဘာကြောင့်သေရလဲဆိုတာသိမှာပါ"လို့ ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7day daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top