Property Expo
×

                                            (JUNG YEON-JE/AFP)

ဆမ္ေဆာင္းကုမၸဏီက ဘက္ထရီျပႆနာေၾကာင့္ မီး ေလာင္မႈျဖစ္ေပၚေသာ Note7 စမတ္ဖုန္းမ်ားအတြက္ အစားထိုး လဲလွယ္ေပးသည့္ဖုန္းမ်ား မီးစဲြ ေလာင္ႏိုင္ေသာ အႏၲရာယ္ရွိေန ဆဲျဖစ္သည္ဆိုသည့္ ေျပာဆိုမႈ မ်ား ထြက္ေပၚေနစဥ္ ယင္းဖုန္း မ်ား ထုတ္လုပ္မႈကို ရပ္ဆိုင္းထား ေၾကာင္း သတင္းမ်ားက ေဖာ္ျပ သည္။


ေဘးအႏၲရာယ္ကင္းရွင္းေရး စည္းကမ္း ထိန္းသိမ္းသူမ်ားႏွင့္ ေဆြးေႏြးၿပီးေနာက္ ယင္းဖုန္းမ်ား ထုတ္လုပ္မႈကို ဆမ္ေဆာင္းက ယာယီရပ္တန္႔ထားလိုက္သည္ဟု သတင္းမ်ားကဆုိသည္။

အရည္အေသြးႏွင့္ ေဘးအႏၲ ရာယ္ကင္းရွင္းမႈဆိုင္ရာ ကိစၥမ်ား အေသအခ်ာ ေဆာင္ရြက္ရန္ ထုတ္လုပ္မႈအခ်ိန္ဇယားကို ညိႇ ႏႈိင္းထားသည္ဟု ဆမ္ေဆာင္း ကုမၸဏီက ဘီဘီစီသတင္းဌာန အား ေျပာၾကားသည္။

ဘက္ထရီခ်ိဳ႕ယြင္းမႈမ်ား ျဖစ္ ေပၚသည္ဆိုေသာ တုိင္ၾကားမႈမ်ား ေၾကာင့္ ဆမ္ေဆာင္းက ယင္း ဖုန္းမ်ား၏ ပံုစံသစ္မ်ားကို ထုတ္ လုပ္ခဲ့ရသည္။

Galaxy Note 7 ဖုန္းမ်ားကို ျပန္သိမ္းမည္ဟု စက္တင္ဘာလ အတြင္း ေၾကညာခဲ့ၿပီး ျပင္ဆင္ ထားၿပီးျဖစ္ေသာ ဖုန္းမ်ား ေဘး ကင္းသည္ဟု ေဖာက္သည္မ်ား အား ဆမ္ေဆာင္းက ေျပာၾကားခဲ့ သည္။

သို႔ေသာ္ ယင္းအစားထိုးေပး ေသာ ဖုန္းမ်ားက မီးခိုးမ်ားထြက္ လာသည္ဟု သတင္းမ်ားစြာက ေဖာ္ျပသည္။

ထိုအေတာအတြင္း အေမရိ ကန္ မိုဘိုင္းဖုန္းကြန္ရက္ႏွစ္ခုက ယင္းဖုန္းမ်ား အစားထိုးေပးျခင္း (သို႔မဟုတ္) ေရာင္းခ်ျခင္းကို ရပ္ တန္႔လိုက္သည္။

ဘက္ထရီအပူလြန္ကဲမႈ ျဖစ္ ေပၚျခင္းသည္ ဘက္ထရီ၏ အဖို၊ အမလိုင္းႏွစ္ခု ေပါင္းသြားျခင္း ျဖစ္ႏိုင္သည့္ ထုတ္လုပ္မႈအမွား ေၾကာင့္ျဖစ္ေၾကာင္း ဆမ္ေဆာင္း က ၿပီးခဲ့သည့္လအတြင္း ေၾကညာ ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
(JUNG YEON-JE/AFP)

ဆမ်ဆောင်းကုမ္ပဏီက ဘက်ထရီပြဿနာကြောင့် မီး လောင်မှုဖြစ်ပေါ်သော Note7 စမတ်ဖုန်းများအတွက် အစားထိုး လဲလှယ်ပေးသည့်ဖုန်းများ မီးစွဲ လောင်နိုင်သော အန္တရာယ်ရှိနေ ဆဲဖြစ်သည်ဆိုသည့် ပြောဆိုမှု များ ထွက်ပေါ်နေစဉ် ယင်းဖုန်း များ ထုတ်လုပ်မှုကို ရပ်ဆိုင်းထား ကြောင်း သတင်းများက ဖော်ပြ သည်။


ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်း ထိန်းသိမ်းသူများနှင့် ဆွေးနွေးပြီးနောက် ယင်းဖုန်းများ ထုတ်လုပ်မှုကို ဆမ်ဆောင်းက ယာယီရပ်တန့်ထားလိုက်သည်ဟု သတင်းများကဆိုသည်။

အရည်အသွေးနှင့် ဘေးအန္တ ရာယ်ကင်းရှင်းမှုဆိုင်ရာ ကိစ္စများ အသေအချာ ဆောင်ရွက်ရန် ထုတ်လုပ်မှုအချိန်ဇယားကို ညှိ နှိုင်းထားသည်ဟု ဆမ်ဆောင်း ကုမ္ပဏီက ဘီဘီစီသတင်းဌာန အား ပြောကြားသည်။

ဘက်ထရီချို့ယွင်းမှုများ ဖြစ် ပေါ်သည်ဆိုသော တိုင်ကြားမှုများ ကြောင့် ဆမ်ဆောင်းက ယင်း ဖုန်းများ၏ ပုံစံသစ်များကို ထုတ် လုပ်ခဲ့ရသည်။

Galaxy Note 7 ဖုန်းများကို ပြန်သိမ်းမည်ဟု စက်တင်ဘာလ အတွင်း ကြေညာခဲ့ပြီး ပြင်ဆင် ထားပြီးဖြစ်သော ဖုန်းများ ဘေး ကင်းသည်ဟု ဖောက်သည်များ အား ဆမ်ဆောင်းက ပြောကြားခဲ့ သည်။

သို့သော် ယင်းအစားထိုးပေး သော ဖုန်းများက မီးခိုးများထွက် လာသည်ဟု သတင်းများစွာက ဖော်ပြသည်။

ထိုအတောအတွင်း အမေရိ ကန် မိုဘိုင်းဖုန်းကွန်ရက်နှစ်ခုက ယင်းဖုန်းများ အစားထိုးပေးခြင်း (သို့မဟုတ်) ရောင်းချခြင်းကို ရပ် တန့်လိုက်သည်။

ဘက်ထရီအပူလွန်ကဲမှု ဖြစ် ပေါ်ခြင်းသည် ဘက်ထရီ၏ အဖို၊ အမလိုင်းနှစ်ခု ပေါင်းသွားခြင်း ဖြစ်နိုင်သည့် ထုတ်လုပ်မှုအမှား ကြောင့်ဖြစ်ကြောင်း ဆမ်ဆောင်း က ပြီးခဲ့သည့်လအတွင်း ကြေညာ ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top