Property Expo
×

ဆမ္ေဆာင္းက အသစ္လဲလွယ္ေပးထားၿပီး စိတ္ခ်ရတယ္လို႕ ယူဆထားတဲ့ Galaxy Note 7 စမတ္ဖုန္း အေမရိကန္မွာ မီးေလာင္မႈ ထပ္မံ ျဖစ္ပြားခဲ့ေၾကာင္း သတင္းေတြက ေဖာ္ျပပါတယ္။ ကန္တက္ကီမွာ ေနထုိင္တဲ့ အမ်ဳိးသားတစ္ဦးက ၎ ႏိုးထလာခ်ိန္မွာ Note 7 ဖုန္းကေန မီးခုိးမ်ား အိပ္ခန္းအျပည့္ ထြက္႐ွိေနခဲ့တာေၾကာင့္ ေၾကာက္လန္႕တၾကား ျဖစ္ခဲ့ရေၾကာင္း အေမရိကန္သတင္းေတြက ေျပာပါတယ္။

ေအာက္တုိဘာ ၄ ရက္က ၎ရဲ႕ အိပ္ခန္းအတြင္း Note 7 စမတ္ဖုန္း မီးေလာင္ကၽြမ္းခဲ့စဥ္မွာ ဖုန္းကုိ ဘက္ထရီ အားသြင္းထားခဲ့ျခင္း မ႐ွိေၾကာင္းလည္း ကန္တက္တီမွာ ေနထုိင္သူ မုိက္ကယ္ ေကလာရင္းဆုိသူ Note 7 ပုိင္႐ွင္ အမ်ဳိးသားက ဆုိပါတယ္။

ေအာက္တုိဘာ ၅ ရက္ကလည္း ကန္တက္ကီျပည္နယ္ လူးဝစ္ဗီလီမွ ထြက္ခြာမယ့္ Southwest Airlines ေလေၾကာင္းခရီးစဥ္  Fligh 994 မွာ လုိက္ပါလာတဲ့ ခရီးသည္ရဲ႕ အသစ္လဲလွယ္ေပးထားၿပီးသား Note 7 စမတ္ဖုန္းမွာ မီးေလာင္မႈ ျဖစ္ခဲ့တာေၾကာင့္ ေျပာင္းေ႐ႊ႕မႈ ျပဳလုပ္ခဲ့ရပါတယ္။

ဘက္ထရီ ခ်ဳိ႕ယြင္းမႈေၾကာင့္ Note 7 စမတ္ဖုန္း ၂.၅ သန္းကုိ ကမာၻတစ္ဝန္းမွာ ျပန္လည္ သိမ္းဆည္းခဲ့ရၿပီး အသစ္တစ္လုံးနဲ႕ လဲလွယ္ေပးမႈေတြ ျပဳလုပ္ခဲ့ရပါတယ္။ ထပ္မံသိ႐ွိရတဲ့ သတင္းေတြအရ ဆမ္ေဆာင္းက Note 7 ထုတ္လုပ္မႈကို ရပ္ဆုိင္းလုိက္ေၾကာင္းနဲ႕ အေမရိကန္မွ AT&T နဲ႕ T-Mobiles တုိ႕ကလည္း Note 7 လဲလွယ္ေပးမႈေတြကုိ ရပ္ဆုိင္းလုိက္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ဆမ်ဆောင်းက အသစ်လဲလှယ်ပေးထားပြီး စိတ်ချရတယ်လို့ ယူဆထားတဲ့ Galaxy Note 7 စမတ်ဖုန်း အမေရိကန်မှာ မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ကန်တက်ကီမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ၎င်း နိုးထလာချိန်မှာ Note 7 ဖုန်းကနေ မီးခိုးများ အိပ်ခန်းအပြည့် ထွက်ရှိနေခဲ့တာကြောင့် ကြောက်လန့်တကြား ဖြစ်ခဲ့ရကြောင်း အမေရိကန်သတင်းတွေက ပြောပါတယ်။

အောက်တိုဘာ ၄ ရက်က ၎င်းရဲ့ အိပ်ခန်းအတွင်း Note 7 စမတ်ဖုန်း မီးလောင်ကျွမ်းခဲ့စဉ်မှာ ဖုန်းကို ဘက်ထရီ အားသွင်းထားခဲ့ခြင်း မရှိကြောင်းလည်း ကန်တက်တီမှာ နေထိုင်သူ မိုက်ကယ် ကေလာရင်းဆိုသူ Note 7 ပိုင်ရှင် အမျိုးသားက ဆိုပါတယ်။

အောက်တိုဘာ ၅ ရက်ကလည်း ကန်တက်ကီပြည်နယ် လူးဝစ်ဗီလီမှ ထွက်ခွာမယ့် Southwest Airlines လေကြောင်းခရီးစဉ်  Fligh 994 မှာ လိုက်ပါလာတဲ့ ခရီးသည်ရဲ့ အသစ်လဲလှယ်ပေးထားပြီးသား Note 7 စမတ်ဖုန်းမှာ မီးလောင်မှု ဖြစ်ခဲ့တာကြောင့် ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ရပါတယ်။

ဘက်ထရီ ချို့ယွင်းမှုကြောင့် Note 7 စမတ်ဖုန်း ၂.၅ သန်းကို ကမ္ဘာတစ်ဝန်းမှာ ပြန်လည် သိမ်းဆည်းခဲ့ရပြီး အသစ်တစ်လုံးနဲ့ လဲလှယ်ပေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းတွေအရ ဆမ်ဆောင်းက Note 7 ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကြောင်းနဲ့ အမေရိကန်မှ AT&T နဲ့ T-Mobiles တို့ကလည်း Note 7 လဲလှယ်ပေးမှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top